Unicode version…

လှပတင့်တယ်မှုကို နည်းပညာသစ်တွေ နဲ့ ခြယ်မှုန်းထားတဲ့ Kia Optima

ကိုးရီးယားနိုင်ငံ အခြေစိုက် Kia ကားထုတ်လုပ်ရေး ကုမ္ပဏီက mid-sized sedan ကားတစ်စီးဖြစ်တဲ့ Kia Optima 2.4L နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အရင်က ထုတ်လုပ်ခဲ့တဲ့ ကားတွေမှာရှိ နေတဲ့ လိုအပ်ချက်တွေကို ပြုပြင်ပြီး ဒီ model ကို ထုတ်လုပ်ခဲ့တာပါ။ Kia Optima ကားကို ဓာတ်ဆီအင်ဂျင်သုံးမျိုးနဲ့ ထုတ်လုပ်ထား တာဖြစ်ပြီး Hybrid ကားကိုလည်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ 2016 2.4L ကားရဲ့အတွင်းခန်း ဒီဇိုင်းကို 2005/2006 Optima ကားကနေ အရည်အသွေး မြှင့်တင်ပြီး လက်ဆင့်ကမ်း ယူဆောင်လာခဲ့တာပါ။ ကားရဲ့ Style နဲ့ handling ကိုတော့ 2011 Optima ကားကို အခြေပြုပြီး ထုတ်လုပ်ခဲ့တာဖြစ်ပြီး Kia ရဲ့ Latest revision mid-size Sedan ကားဖြစ်ပါတယ်။ 2.4 Liter four-cylinderကားကတော့ မကြာတော့တဲ့ အချိန်အ တွင်း လူကြိုက်များပြီး ထင်ရှားလာမယ့် Optima ကားတစ်စီးဖြစ်လာပါလိမ့်မယ်။ Turbocharged 1.6 Liter နဲ့ Top-Spec Turbocharged 2.0 Liter အင်ဂျင်အမျိုးအစားတွေကိုလည်း ထုတ်လုပ်ထားခဲ့ ပါတယ်။ 2.4 liter ကို Optima LX နဲ့ mid-level Optima EX တွေကို အခြေခံထားခဲ့တာပါ။ 1.6 Liter ကိုတော့ LX 1.6 T model မှာ အသုံးပြုခဲ့ပြီး 2.0 liter ကိုုတော့ ကိုးရီးယား နိုင်ငံအတွက် ခရီးရှည်သွားနိုင်တဲ့ Optima SX နဲ့ SXL trims ကားတွေမှာ တပ်ဆင်ခဲ့တာဖြစ်ပါတယ်။

2.4L အင်ဂျင်ရဲ့ မြင်းကောင်ရေအားက 185hp ဖြစ်ပြီး အင်ဂျင်ရုန်းအားကတော့ 178 lb-ft ရှိပါတယ်။ ဒီပါဝါအမျိုးအစားက Honda Accord နဲ့ Mazda 6 ကားတွေရဲ့ Four-Cylinder အင်ဂျင်နဲ့ ဆက်စပ်မှု ရှိခဲ့ပါတယ်။ Six-speed Automatic transmission စနစ်ကို တပ်ဆင်ထားခဲ့တာဖြစ်ပါတယ်။ Optima EX test ကားရဲ့ အလေးချိန်က 3399 ပေါင်ရှိပြီး 60 mph speedကိုအချိန် 7.5 second နဲ့ အရောက် မောင်းသွားနိုင်ပါလိမ့်မယ်။ ဆီတစ်ဂါလံကို ၂၅မိုင်နှုန်း မောင်းနိုင်မှာဖြစ်ပြီး တစ်ဆက်တည်း ခရီးမိုင် ၈ဝဝ ကျော်အထိရောက်ရှိနိုင်မှာပါ။ အင်ဂျင် Speed ကို မြှင့်တင်ပြီး အရှိန်ပြင်းပြင်း မောင်းခဲ့မယ်ဆိုရင်တောင် အင်ဂျင်ဆူညံသံ ထွက်ပေါ်ခြင်း ရှိမှာ မဟုတ်ပါဘူး။

အပြင်ပန်း ရုပ်သွင်က လှပတင့်တယ်ပြီး အတွင်းခန်း မှာ အဆင့်မြင့်လုပ်ဆောင်ချက်တွေများစွာ ပါဝင်တဲ့ 2.4 L Optima ရဲ့ အကောင်းဆုံး turbo engine စွမ်းဆောင်ချက်တွေကို သိရှိခံစားမိတဲ့ ကားအသုံးပြုသူ customer အားလုံးက ဘယ်နေရာကမဆို ကားဝယ်ယူဖို့ အမှာစာပေးပို့နိုင်ပါတယ်။ အခြေခံ စျေးနှုန်း အမေရိကန်ဒေါ်လာ $25,840 သတ်မှတ်ထားတဲ့ကားမှာ ပါဝင်မယ့် Functions တွေကတော့ Dual-zone Automatic Climate Control, USB နဲ့ 12-Volt Power Oulets က အရှေ့အနောက် နှစ်မျိုးလုံး မှာပါဝင်မှာပါ။ နှုးညံ့တဲ့ Leather နဲ့ စပရင်ကို တွဲဖက်ချုပ်လုပ်ထားတဲ့ အပူပေးစနစ် ပါဝင်တဲ့ ရှေ့ထိုင်ခုံစနစ်၊ အပူပေးစနစ်ကို လုပ်ဆောင်နိုင်တဲ့ စတီယာရင်ကွင်းနဲ့ memory function တွေများစွာပါဝင်တဲ့ Power Driver Seat တစ်လုံး ၊ Backup ကင်မရာတစ်ခုနဲ့ 5.0လက်မ အရွယ်အစား ရှိတဲ့ touchscreen တို့ပါဝင်မှာဖြစ်ပါတယ်။

Ex trim test car ကို EX Premium Package အဖြစ်အဆင့်မြှင့်ချင် တယ်ဆိုရင်တော့ အမေရိကန် ဒေါ်လာ $3700 ကို ထပ်မံကုန်ကျခံရမှာပါ။ ထပ်မံပေါင်းစပ်ပေးမယ့် အဆင့်မြင့်နည်းပညာတွေ ကတော့ မြင်ကွင်းအားလုံးကို မျက်စိတစ်ဆုံးတွေ့မြင် နိုင်မယ့် Panoramic Sunroof ၊လေသန့်လဲ လှယ်ပေးတဲ့ စနစ်ပါဝင်တဲ့ Ventilated Front Seat၊ ခရီးသည်အသုံးပြုဖိုု့ Power Passenger Seat တစ်ခု၊ 8.0လက်မ touchscreen နဲ့ တွဲဖက်အသုံးပြု သွားနိုင် တဲ့Navigation စနစ်၊မမြင်ကွယ်ရာ ကနေ အနှောင့်အယှက် ပေးမယ့် ကိစ္စတွေကို စောင့်ကြည့် စစ်ဆေးပေးမယ့် Blind-Spot Monitoring စနစ်၊ ယာဉ်ရဲ့နောက်ပိုင်းကို ထိခိုက်လာနိုင်မှုကို သတိပေးနိုင် တဲ့ rear cross-traffic alert ပါကင်ထိုးချိန်မှာယာဉ်ရဲ့ နောက်ဖက်မှာရှိတဲ့ အရာဝတ္တုတွေကို ထောက်လှမ်း ပေးမယ့် Rear packing Sensors နောက်ဖက်မြင်ကွင်းကို စောင့်ကြည့်ပြီး နောက်က ကပ်ပါလာတဲ့ ကားမီးရောင်ကြောင့် Driver ရဲ့ မျက်လုံး ကျိန်းစပ်မှုကို သက်သာအောင် မီးအရောင်ကိုအလို အလျောက် စနစ်နဲ့ လျော့ချပေး သွားမယ့် Auto-dimming rear view mirror နဲ့ အတွင်းခန်း မှာမီးအသုံးပြုနိုင်ဖို့ LED interior Lighting စနစ်တွေပါဝင်ပါလိမ့်မယ်။

EX Premium Audio package ကို အသုံးပြုချင်တယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ $1200 ကို ထပ်မံပေးသွင်းပြီး Harman/ Kardon Surround – Sound System ကို အသုံးပြုသွားနိုင် မှာဖြစ်တဲ့အပြင် အပူပေးစနစ်ပါဝင်တဲ့ heated outboard rear seats နဲ့ rear window shades system တွေကို အသုံးပြုသွားနိုင်ဖို့ အဆင့်မြင့်နည်း ပညာအစုံအ လင်ပါဝင်တဲ့ ကားတစ်စီးကို ဝယ်ယူမယ် ဆိုရင်တော့ ဖြစ်နိုင်ချေရှိတဲ့ စျေးနှုန်းသတ်မှတ်ချက်က အမေရိကန် ဒေါ်လာ $30,740 လောက်ကျ သင့်မှာဖြစ်ပါတယ်။

ဒီစျေးနှုန်းလောက်နဲ့ Optima EX ကားတစ်စီးဝယ် ယူခွင့်ရမယ်ဆိုရင်တော့ အလွန်ကောင်းမွန်တဲ့ Seadan ကားတစ်စီးကို ပိုင်ဆိုင်ခွင့်ရကြပါလိမ့်မယ်။ ကားရဲ့ Suspension System ကို ပုံမှန်လမ်းမျက်နှာပြင် မညီညာမှုတွေနဲ့ slowdown တွေကို ကျော်ဖြတ်လာ ချိန်မှာ သက်တောင့်သက်သာ ဖြစ်စေမယ့် စနစ်မျိုး ပြုလုပ်ထားပါတယ်။ Optima Ex ကားက Sporty ကားအမျိုးအစား မဟုတ်လို့ Steering ကွင်းကို ထိန်းချုပ်ရာမှာ သင့်တင့်မျှတစွာလုပ်ဆောင် သွားနိုင်မှာ ဖြစ်ပြီး ကားကို အရှိန်ပြင်းပြင်းနဲ့ တစ်ဟုန်ထိုး ပြေးသွားစေတဲ့ အခြေအနေမျိုးကိုတော့ မလုပ် ဆောင်သင့်ပါဘူး။ Optima ရဲ့ Steering ထိန်းချုပ်မှုက ဝန်အနည်းငယ် တင်ဆောင်ထားရင် တောင် ပေါ့ပေ့ါပါးပါး ထိန်းချုပ်သွား နိုင်တာမို့ ပြောစရာမလိုအောင် ကောင်းပါတယ်လို့ Customer တွေရဲ့ Feedback ကို ရရှိထားခဲ့ပြီး Highway ခရီးကို စိတ်ချစွာ သွားနိုင်ကြောင်းကို ထောက်ခံချက် ရရှိခဲ့ပါတယ်။

အတွင်းခန်းစနစ်ကို အဆင့်မြင့် နည်းပညာများစွာနဲ့ ထောက်ပံ့ပေးထားသလို ကျယ်ဝန်းမှုလည်း ရှိပါတယ်။ အထူးသဖြင့် Mercedes ကားတွေမှာ အသုံးပြုလေ့ရှိတဲ့ Leather Seats ထိုင်ခုံတွေနဲ့ တူညီတဲ့ခုံမျိုးကို တပ်ဆင်ပေးထားပြီး ကြီးမားတဲ့ Touchscreen ကိုလည်း လွယ်ကူစွာ display လုပ်ဆောင်သွားနိုင်မှာပါ။ Optima ကားရဲ့ ရုပ်သွင်ကို အရှေ့တိုင်းသားတွေ နှစ်ခြိုက်တဲ့ ဒီဇိုင်းမျိုး ပြုလုပ်ထားပြီး အရောင်နဲ့ အတွင်းခန်း ဖွဲ့စည်းပုံ အပြင်အဆင်တွေကိုပါ နီးစပ်မှုရှိရေးအတွက် အထူး လုပ်ဆောင်ထားခဲ့ပါတယ်။Optimaကားမှှာတပ်ဆင်ထား တဲ့ Hard buttons dials, gauge-cluster driver-information screen နဲ့ dashboard display functions တွေကိုလုပ်ဆောင်ရာမှာ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်စေမယ့် ပုံစံမျိုးကို ပြုလုပ်ထားပါတယ်။ အကောင်းဆုံး ကားဆယ်စီးထဲမှာ စာရင်းဝင်ဖြစ်တဲ့ Honda Accord ကားမှာတောင် အမျိုးအစားနှစ်မျိုးရှိတဲ့ dashboard screen ကို အသုံးပြုခဲ့ခြင်းမရှိပါဘူး။ Optima EX ရဲ့ dashboard screen နှစ်ခုမှာ အသုံးပြုထားတဲ့ ကွန်ပျုတာ memory စနစ်ရဲ့ pixel အရေအတွက်က ခြားနား မှုရှိနေပြီး Menu stylesတွေ ကွဲပြားပါတယ်။ လူစီးဖို့နဲ့ ဝန်တင်ကားတွေအတွက် အသုံးပြုနိုင်မယ့် Crossover ပုံစံသစ်ကားတွေကို Optima ကားတွေနဲ့ ဝန်ဆောင်မှု ပေးသွားနိုင်ဖို့ ရည်ရွယ်ထားပြီး အဆင့်မြင့် ဆီဒင် ကားတွေမှာ တပ်ဆင်လေ့ရှိတဲ့ Standard 60/40 split-floding rear seat တွေကို အသုံးပြုထားပါတယ်။ Optimaကားထဲမှာ ၆ပေ လောက်ရှည်တဲ့ ခရစ်စ မတ်သစ်ပင်ကို ထည့်သွင်း ယူဆောင်မယ် ဆိုရင် ရှေ့ ထိုင်ခုံနဲ့ သစ်ပင်ရဲ့ ထိပ်ဖျားက မထိဘူးလို့ Kia က ဆိုပါတယ်။ ကားရဲ့ ကိုယ်ထည်က ကြီးမားပြီး ဝန်တင်ရာမှာ အသုံးဝင်တဲ့ ဒီဇိုင်းမျိုး ပြုလုပ်ထား တာဖြစ်ပါတယ်။ Optima Seadan ကားကို အရာအားလုံး အတွက် ကောင်းမွန် သေချာအောင် ပြုလုပ်ပေးထားလို့ တခြားသော ဆီဒင်ကားတွေနဲ့ မတူပဲ ထူးကဲ ကောင်းမွန်တဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားပါတယ်။ EX – model မှာ စွမ်းဆောင်ရည် ပြည့်ဝတဲ့ အင်ဂျင်ကို အသုံးပြုထားတဲ့အတွက် ခိုင်ခန့်လှပတဲ့ Mid-Size ဆီဒင်ကား တစ်စီးဖြစ်ပြီး အကောင်းဆုံး The Best စာရင်းဝင်ကားတစ်စီး အဖြစ်စျေးကွက်မှာ ရပ်တည်သွား ပါလိမ့်မယ်။ Kia Optima ကားရဲ့ Specs Sheet ကို လေ့လာနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Engine : 2.4 Liter Four-cylinder turbocharged

Horse power : 185hp

Torque : 178 lb-ft

Transmission : Six-Speed (Auto) , with manual-shifting Mode

Weight : 3,399 lb (pound)

Fuel tank Capacity : Approx (gal) 18.5

Fuel Consumption : 24mpg (City) 35mpg (HWY)

Base Price : US $30,740

ပါ၀ါ

Zawgyi version…

လွပတင့္တယ္မႈကို နည္းပညာသစ္ေတြ နဲ႔ ျခယ္မႈန္းထားတဲ့  Kia Optima

ကိုးရီးယားႏိုင္ငံ အေျခစိုက္ Kia ကားထုတ္လုပ္ေရး ကုမၸဏီက mid-sized sedan ကားတစ္စီးျဖစ္တဲ့  Kia Optima 2.4L နဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။ အရင္က ထုတ္လုပ္ခဲ့တဲ့ ကားေတြမွာရွိ ေနတဲ့ လိုအပ္ခ်က္ေတြကို ျပဳျပင္ၿပီး ဒီ model ကို ထုတ္လုပ္ခဲ့တာပါ။ Kia Optima ကားကို ဓာတ္ဆီအင္ဂ်င္သံုးမ်ိဳးနဲ႔ ထုတ္လုပ္ထား တာျဖစ္ၿပီး Hybrid ကားကိုလည္း ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။ 2016 2.4L ကားရဲ႕အတြင္းခန္း ဒီဇိုင္းကို 2005/2006 Optima ကားကေန အရည္အေသြး ျမွင့္တင္ၿပီး လက္ဆင့္ကမ္း ယူေဆာင္လာခဲ့တာပါ။ ကားရဲ႕ Style နဲ႔ handling ကိုေတာ့ 2011 Optima ကားကုိ အေျချပဳၿပီး ထုတ္လုပ္ခဲ့တာျဖစ္ၿပီး Kia ရဲ႕ Latest revision mid-size Sedan ကားျဖစ္ပါတယ္။ 2.4 Liter four-cylinderကားကေတာ့ မၾကာေတာ့တဲ့ အခ်ိန္အ တြင္း လူႀကိဳက္မ်ားၿပီး ထင္ရွားလာမယ့္ Optima ကားတစ္စီးျဖစ္လာပါလိမ့္မယ္။ Turbocharged 1.6 Liter နဲ႔ Top-Spec Turbocharged 2.0 Liter အင္ဂ်င္အမ်ိဳးအစားေတြကိုလည္း ထုတ္လုပ္ထားခဲ့ ပါတယ္။ 2.4 liter ကို Optima LX နဲ႔ mid-level Optima EX ေတြကို အေျခခံထားခဲ့တာပါ။ 1.6 Liter ကိုေတာ့ LX 1.6 T model မွာ အသံုးျပဳခဲ့ၿပီး 2.0 liter ကုိုေတာ့ ကိုးရီးယား ႏိုင္ငံအတြက္ ခရီးရွည္သြားႏုိင္တဲ့ Optima SX နဲ႔ SXL trims ကားေတြမွာ တပ္ဆင္ခဲ့တာျဖစ္ပါတယ္။

2.4L အင္ဂ်င္ရဲ႕ ျမင္းေကာင္ေရအားက 185hp ျဖစ္ၿပီး အင္ဂ်င္ရုန္းအားကေတာ့ 178 lb-ft ရွိပါတယ္။ ဒီပါဝါအမ်ိဳးအစားက Honda Accord နဲ႔ Mazda 6 ကားေတြရဲ႕ Four-Cylinder အင္ဂ်င္နဲ႔ ဆက္စပ္မႈ ရွိခဲ့ပါတယ္။ Six-speed Automatic transmission စနစ္ကို တပ္ဆင္ထားခဲ့တာျဖစ္ပါတယ္။ Optima EX test ကားရဲ႕ အေလးခိ်န္က 3399 ေပါင္ရွိၿပီး 60 mph speedကိုအခ်ိန္ 7.5 second နဲ႔ အေရာက္ ေမာင္းသြားႏိုင္ပါလိမ့္မယ္။ ဆီတစ္ဂါလံကို ၂၅မိုင္ႏႈန္း ေမာင္းႏိုင္မွာျဖစ္ၿပီး တစ္ဆက္တည္း ခရီးမိုင္ ၈ဝဝ ေက်ာ္အထိေရာက္ရွိႏိုင္မွာပါ။ အင္ဂ်င္ Speed ကို ျမွင့္တင္ၿပီး အရွိန္ျပင္းျပင္း ေမာင္းခဲ့မယ္ဆိုရင္ေတာင္ အင္ဂ်င္ဆူညံသံ ထြက္ေပၚျခင္း ရွိမွာ မဟုတ္ပါဘူး။

အျပင္ပန္း ရုပ္သြင္က လွပတင့္တယ္ၿပီး အတြင္းခန္း မွာ အဆင့္ျမင့္လုပ္ေဆာင္ခ်က္ေတြမ်ားစြာ ပါဝင္တဲ့ 2.4 L Optima ရဲ႕ အေကာင္းဆံုး turbo engine စြမ္းေဆာင္ခ်က္ေတြကို သိရွိခံစားမိတဲ့ ကားအသံုးျပဳသူ customer အားလံုးက ဘယ္ေနရာကမဆို ကားဝယ္ယူဖုိ႔ အမွာစာေပးပို႔ႏိုင္ပါတယ္။ အေျခခံ ေစ်းႏႈန္း အေမရိကန္ေဒၚလာ $25,840 သတ္မွတ္ထားတဲ့ကားမွာ ပါဝင္မယ့္ Functions ေတြကေတာ့ Dual-zone Automatic Climate Control, USB နဲ႔ 12-Volt Power Oulets က အေရွ႕အေနာက္ ႏွစ္မ်ိဳးလံုး မွာပါဝင္မွာပါ။ ႏႈးညံ့တဲ့ Leather နဲ႔ စပရင္ကို တဲြဖက္ခ်ဳပ္လုပ္ထားတဲ့ အပူေပးစနစ္ ပါဝင္တဲ့ ေရွ႕ထုိင္ခံုစနစ္၊ အပူေပးစနစ္ကို လုပ္ေဆာင္ႏိုင္တဲ့ စတီယာရင္ကြင္းနဲ႔ memory function ေတြမ်ားစြာပါဝင္တဲ့ Power Driver Seat  တစ္လံုး ၊ Backup ကင္မရာတစ္ခုနဲ႔ 5.0လက္မ အရြယ္အစား ရွိတဲ့ touchscreen တို႔ပါဝင္မွာျဖစ္ပါတယ္။

Ex trim test car ကို EX Premium Package အျဖစ္အဆင့္ျမွင့္ခ်င္ တယ္ဆိုရင္ေတာ့ အေမရိကန္ ေဒၚလာ $3700 ကို ထပ္မံကုန္က်ခံရမွာပါ။ ထပ္မံေပါင္းစပ္ေပးမယ့္ အဆင့္ျမင့္နည္းပညာေတြ ကေတာ့ ျမင္ကြင္းအားလံုးကို မ်က္စိတစ္ဆံုးေတြ႕ျမင္ ႏိုင္မယ့္ Panoramic Sunroof ၊ေလသန္႔လဲ လွယ္ေပးတဲ့ စနစ္ပါဝင္တဲ့ Ventilated Front Seat၊ ခရီးသည္အသံုးျပဳဖိုု႔ Power Passenger Seat တစ္ခု၊ 8.0လက္မ touchscreen နဲ႔ တဲြဖက္အသံုးျပဳ သြားႏိုင္ တဲ့Navigation စနစ္၊မျမင္ကြယ္ရာ ကေန အေနွာင့္အယွက္ ေပးမယ့္ ကိစၥေတြကို ေစာင့္ၾကည့္ စစ္ေဆးေပးမယ့္ Blind-Spot Monitoring စနစ္၊ ယာဥ္ရဲ႕ေနာက္ပိုင္းကို ထိခိုက္လာႏိုင္မႈကို သတိေပးႏိုင္ တဲ့ rear cross-traffic alert ပါကင္ထုိးခ်ိန္မွာယာဥ္ရဲ႕ ေနာက္ဖက္မွာရွိတဲ့ အရာဝတၱဳေတြကို ေထာက္လွမ္း ေပးမယ့္ Rear packing Sensors ေနာက္ဖက္ျမင္ကြင္းကို ေစာင့္ၾကည့္ၿပီး ေနာက္က ကပ္ပါလာတဲ့ ကားမီးေရာင္ေၾကာင့္ Driver ရဲ႕ မ်က္လံုး က်ိန္းစပ္မႈကို သက္သာေအာင္ မီးအေရာင္ကိုအလို အေလ်ာက္ စနစ္နဲ႔ ေလ်ာ့ခ်ေပး သြားမယ့္ Auto-dimming rear view mirror နဲ႔ အတြင္းခန္း မွာမီးအသံုးျပဳႏိုင္ဖို႔ LED interior Lighting စနစ္ေတြပါဝင္ပါလိမ့္မယ္။

EX Premium Audio package ကို အသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ အေမရိကန္ေဒၚလာ $1200 ကို ထပ္မံေပးသြင္းၿပီး Harman/ Kardon Surround – Sound System ကို အသံုးျပဳသြားႏိုင္ မွာျဖစ္တဲ့အျပင္ အပူေပးစနစ္ပါဝင္တဲ့ heated outboard rear seats နဲ႔ rear window shades system ေတြကို အသံုးျပဳသြားႏုိင္ဖုိ႔ အဆင့္ျမင့္နည္း ပညာအစံုအ လင္ပါဝင္တဲ့ ကားတစ္စီးကုိ ဝယ္ယူမယ္ ဆိုရင္ေတာ့ ျဖစ္ႏုိင္ေခ်ရွိတဲ့ ေစ်းႏႈန္းသတ္မွတ္ခ်က္က အေမရိကန္ ေဒၚလာ $30,740 ေလာက္က် သင့္မွာျဖစ္ပါတယ္။

ဒီေစ်းႏႈန္းေလာက္နဲ႔ Optima EX ကားတစ္စီး၀ယ္ ယူခြင့္ရမယ္ဆိုရင္ေတာ့ အလြန္ေကာင္းမြန္တဲ့ Seadan ကားတစ္စီးကို ပိုင္ဆိုင္ခြင့္ရၾကပါလိမ့္မယ္။ ကားရဲ႕ Suspension System ကို ပံုမွန္လမ္းမ်က္ႏွာျပင္ မညီညာမႈေတြနဲ႔ slowdown ေတြကို ေက်ာ္ျဖတ္လာ ခ်ိန္မွာ သက္ေတာင့္သက္သာ ျဖစ္ေစမယ့္ စနစ္မ်ိဳး ျပဳလုပ္ထားပါတယ္။ Optima Ex ကားက Sporty ကားအမ်ိဳးအစား မဟုတ္လို႔ Steering ကြင္းကို ထိန္းခ်ဳပ္ရာမွာ သင့္တင့္မွ်တစြာလုပ္ေဆာင္ သြားႏိုင္မွာ ျဖစ္ၿပီး ကားကို အရွိန္ျပင္းျပင္းနဲ႔ တစ္ဟုန္ထုိး ေျပးသြားေစတဲ့ အေျခအေနမ်ိဳးကိုေတာ့ မလုပ္ ေဆာင္သင့္ပါဘူး။ Optima ရဲ႕ Steering ထိန္းခ်ဳပ္မႈက ဝန္အနည္းငယ္ တင္ေဆာင္ထားရင္ ေတာင္ ေပါ႔ေပ့ါပါးပါး ထိန္းခ်ဳပ္သြား ႏိုင္တာမို႔ ေျပာစရာမလိုေအာင္ ေကာင္းပါတယ္လို႔ Customer ေတြရဲ႕ Feedback ကို ရရွိထားခဲ့ၿပီး Highway ခရီးကို စိတ္ခ်စြာ သြားႏုိင္ေၾကာင္းကို ေထာက္ခံခ်က္ ရရွိခဲ့ပါတယ္။

အတြင္းခန္းစနစ္ကို အဆင့္ျမင့္ နည္းပညာမ်ားစြာနဲ႔ ေထာက္ပံ့ေပးထားသလို က်ယ္ဝန္းမႈလည္း ရွိပါတယ္။ အထူးသျဖင့္ Mercedes ကားေတြမွာ အသံုးျပဳေလ့ရွိတဲ့ Leather Seats ထိုင္ခံုေတြနဲ႔ တူညီတဲ့ခံုမ်ိဳးကို တပ္ဆင္ေပးထားၿပီး ႀကီးမားတဲ့ Touchscreen ကိုလည္း လြယ္ကူစြာ display လုပ္ေဆာင္သြားႏိုင္မွာပါ။ Optima ကားရဲ႕ ရုပ္သြင္ကို အေရွ႕တိုင္းသားေတြ ႏွစ္ၿခိဳက္တဲ့ ဒီဇိုင္းမ်ိဳး ျပဳလုပ္ထားၿပီး အေရာင္နဲ႔ အတြင္းခန္း  ဖဲြ႕စည္းပံု အျပင္အဆင္ေတြကိုပါ နီးစပ္မႈရွိေရးအတြက္ အထူး လုပ္ေဆာင္ထားခဲ့ပါတယ္။Optimaကားမွွာတပ္ဆင္ထား တဲ့  Hard buttons dials, gauge-cluster driver-information screen နဲ႔ dashboard display functions ေတြကိုလုပ္ေဆာင္ရာမွာ ပတ္ဝန္းက်င္နဲ႔ သဟဇာတ ျဖစ္ေစမယ့္ ပံုစံမ်ိဳးကို ျပဳလုပ္ထားပါတယ္။ အေကာင္းဆံုး ကားဆယ္စီးထဲမွာ စာရင္းဝင္ျဖစ္တဲ့ Honda Accord ကားမွာေတာင္ အမ်ိဳးအစားႏွစ္မ်ဳိးရွိတဲ့ dashboard screen ကို အသံုးျပဳခဲ့ျခင္းမရွိပါဘူး။ Optima EX ရဲ႕ dashboard screen နွစ္ခုမွာ အသံုးျပဳထားတဲ့ ကြန္ပ်ဳတာ memory စနစ္ရဲ႕ pixel  အေရအတြက္က ျခားနား မႈရွိေနၿပီး Menu stylesေတြ ကဲြျပားပါတယ္။ လူစီးဖို႔နဲ႔ ဝန္တင္ကားေတြအတြက္ အသံုးျပဳႏိုင္မယ့္ Crossover ပံုစံသစ္ကားေတြကို Optima ကားေတြနဲ႔ ဝန္ေဆာင္မႈ ေပးသြားႏိုင္ဖို႔ ရည္ရြယ္ထားၿပီး အဆင့္ျမင့္ ဆီဒင္ ကားေတြမွာ တပ္ဆင္ေလ့ရွိတဲ့ Standard 60/40 split-floding rear seat ေတြကို အသံုးျပဳထားပါတယ္။ Optimaကားထဲမွာ ၆ေပ ေလာက္ရွည္တဲ့ ခရစ္စ မတ္သစ္ပင္ကို ထည့္သြင္း ယူေဆာင္မယ္ ဆိုရင္ ေရွ႕ ထိုင္ခံုနဲ႔ သစ္ပင္ရဲ႕ ထိပ္ဖ်ားက မထိဘူးလုိ႔ Kia က ဆိုပါတယ္။ ကားရဲ႕ ကိုယ္ထည္က ႀကီးမားၿပီး ဝန္တင္ရာမွာ အသံုးဝင္တဲ့ ဒီဇိုင္းမ်ိဳး ျပဳလုပ္ထား တာျဖစ္ပါတယ္။ Optima Seadan ကားကို အရာအားလံုး အတြက္ ေကာင္းမြန္ ေသခ်ာေအာင္ ျပဳလုပ္ေပးထားလို႔ တျခားေသာ ဆီဒင္ကားေတြနဲ႔ မတူပဲ ထူးကဲ ေကာင္းမြန္တဲ့ အရည္အေသြးကို ပိုင္ဆိုင္ထားပါတယ္။ EX – model မွာ စြမ္းေဆာင္ရည္ ျပည့္ဝတဲ့ အင္ဂ်င္ကို အသံုးျပဳထားတဲ့အတြက္ ခိုင္ခန္႔လွပတဲ့ Mid-Size ဆီဒင္ကား တစ္စီးျဖစ္ၿပီး အေကာင္းဆံုး The Best စာရင္းဝင္ကားတစ္စီး အျဖစ္ေစ်းကြက္မွာ ရပ္တည္သြား  ပါလိမ့္မယ္။ Kia Optima ကားရဲ႕ Specs Sheet ကို ေလ့လာႏိုင္ဖုိ႔ ေဖာ္ျပေပးလိုက္ပါတယ္။

Engine          : 2.4 Liter Four-cylinder turbocharged

Horse power  :       185hp

Torque          :                        178 lb-ft

Transmission :   Six-Speed (Auto) , with manual-shifting   Mode

Weight            :     3,399 lb (pound)

Fuel tank Capacity   : Approx (gal) 18.5

Fuel Consumption  : 24mpg (City) 35mpg (HWY)

Base Price             :  US $30,740

 ပါ၀ါ