Zawgyi Version…
ဒီဇိုင္းပိုင္းဆန္းသစ္မႈဟာ ပံုမွန္သံုးစြဲေနၾက ပစၥည္းေတြအတြက္ အေရးပါလာတာကို သတိထားမိမွာပါ။ ေစ်းကြက္ထဲမွာရိွတဲ့ ပစၥည္းတစ္ခုရဲ႕ ဒီဇိုင္းဟာ ကနဦးမွာ လူေတြကို ပထမဆံုး ဆြဲေဆာင္ႏိုင္တဲ့ အ ရာျဖစ္လို႔ပါပဲ။ ယေန႔ေခတ္မွာ ဒီဇိုင္းပိုင္းကို အာ႐ံုစိုက္လာၾကသလို ဆန္းသစ္တဲ့ ပံုစံေတြကို တီထြင္ၾကံဆရင္း မထင္မွတ္ထားတဲ့ ကေပါက္တိကေပါက္ခ်ာ ဒီဇိုင္းေတြကိုလည္း ျမင္ ေတြ႕လာၾကရမွာပါ။ ဒီေန႔မွာေတာ့ Drive ပရိတ္သတ္ေတြအတြက္ ေျပျပစ္တဲ့ဒီဇုိင္းမဟုတ္ဘဲ ႐ုပ္ထြက္အဆိုးဆံုး SUV ကား ၁၀ စီးကို ေဖာ္ျပေပးသြားခ်င္ပါတယ္။


၁။ Suzuki X-90 (1995–1997)
တစ္စံုတစ္ေယာက္က သင့္ကို ညံ့ဖ်င္းတဲ့စိတ္ကူးပိုင္ဆိုင္ထားသူတစ္ေယာက္ လို႔ စြပ္စြဲလာရင္ Suzuki X-90 ကို ျပသလိုက္ပါ။ Suzuki X-90က သင့္ရဲ႕ စိတ္ကူးစိတ္သန္းဟာ အဆိုးရြားဆုိး မဟုတ္ ေသးဘူးဆုိတာကို သက္ေသျပရာ ေရာက္ပါတယ္။ ေသးငယ္တဲ့ကိုယ္ထည္၊ ပံုစံမက် ဖြဲ႕စည္းထားတဲ့ Suzuki X-90 ကို ၁၉၉၅ ခုႏွစ္ကေန ၉၇ ခုႏွစ္ထိသာ ေစ်းကြက္ထဲေရာင္းခ်ခဲ့ပါတယ္။

၂။ Nissan Murano CrossCabriolet (2011–2014)
Nissan CEO ကားလို႔စ္ဂြန္ရဲ႕ ဇနီးျဖစ္သူဟာ Murano CrossCabriolet ရဲ႕ ဒီဇုိင္းကို ႀကိဳက္ႏွစ္သက္ခဲ့ တာေၾကာင့္ ထုတ္လုပ္ခဲ့တာျဖစ္တယ္လို႔ စြပ္စြဲၾကပါတယ္။ တံခါးႏွစ္ေပါက္ျဖစ္တဲ့ ဒီကားဟာ ပစၥည္းထည့္ရာမွာ အခက္အခဲမ်ားၿပီး ဒီဇုိင္း႐ုပ္ထြက္ပိုင္းကလည္း ရယ္စရာျဖစ္ေနခဲ့တာေၾကာင့္ (၃)ႏွစ္အၾကာမွာ ေစ်းကြက္ကို ႏႈတ္ဆက္ခဲ့ရပါတယ္။


၃။ Honda Element (2003–2011)
Honda Element ရဲ႕ ဒီဇုိင္းပိုင္းဟာ နာမည္ေက်ာ္ပန္းခ်ီဆရာ ပီကာဆုိရဲ႕ dans un Fauteuil ကို အေျချပဳၿပီး စိတ္ကူးဆန္းသစ္ထားပံုရပါတယ္။ ဒါေပမဲ့ ထြက္ေပၚလာတဲ့ ဒီဇုိင္းကေတာ့ စိတ္ကူးနဲ႔ တစ္ ထပ္တည္းမက်ခဲ့ပါဘူး။ ဒီဇုိင္းပိုင္း ညံ့ဖ်င္းခဲ့ေပမယ့္ မီးခိုးေရာင္ ပလတ္စတစ္ေဘာ္ဒီကို အေရာင္ ပိုတင္ႏုိင္ခဲ့တာေၾကာင့္ နာမည္ဆိုး တျဖည္ျဖည္းေပ်ာက္ကြယ္သြားခဲ့ပါတယ္။


၄။ Isuzu Vehicross (1999–2001)
၁၉၉၃ ခုႏွစ္မွာ တုိက်ိဳကားျပပြဲမွာ မိတ္ဆတ္ခဲ့တဲ့ Isuzu ရဲ႕ Vehicross ဟာ ဆုိးရြားတဲ့ဒီဇုိင္းနဲ႔ ပဲြထြက္လာခဲ့တဲ့ ကားတစ္စီးပါပဲ။ အေရွ႕ဘက္ဒီဇုိင္းပိုင္းဟာ အေတာ္ၾကည့္ရဆိုးတာေၾကာင့္ ငါးမ်က္ႏွာအျဖစ္ ေျပာင္းလဲေခၚဆုိခဲ့ၾကပါတယ္။


၅။ Lamborghini LM002 (1986-1993)
လွပတဲ့အရာတုိင္းဟာ မေကာင္းႏုိင္သလို ေကာင္းတဲ့အရာေတြကလည္း အၿမဲမလွပႏုိင္ပါဘူး။ စစ္တပ္ေတြမွာ အဓိက အသံုးျပဳဖုိ႔ ထုတ္လုပ္ခဲ့တဲ့ Lamborghini ရဲ႕ LM0002 ဟာ Rambo Lambo အျဖစ္ နာမည္ႀကီးခဲ့ေပမယ့္ ဒီဇိုင္းပိုင္းကေတာ့ စိတ္ေက်နပ္မႈ အျပည့္အဝမေပးႏုိင္ခဲ့ပါဘူး။ Lamborghini ဟာ ေနာက္ပိုင္းမွာ အရပ္ဘက္အသံုးျပဳႏုိင္တဲ့ ပံုစံနဲ႔ Rambo Lambo ကို ဆက္ ထုတ္ခဲ့ပါေသးတယ္။


၆။ Jeep Compass (2007-2017)
လက္ရိွထုတ္လုပ္ေနတဲ့ Jeep Compass ေတြရဲ႕ ဒီဇုိင္းပိုင္းဟာ အခ်ိဳးအစားက်ၿပီး ခန္႔ထည္တဲ့ဒီဇုိင္းကို ျမင္ေတြ႕ရမွာျဖစ္ေပမယ့္ Jeep Compass ရဲ႕ ပထမမ်ိဳးဆက္ကေတာ့ လံုးဝဆန္႔က်င္ဘက္ပါပဲ။ ကား ရဲ႕ အေရွ႕ဘက္ဒီဇိုင္းပိုင္းဟာ ခန္႔ညားမႈမရိွသလို ကားေအာက္ပိုင္းကလည္း အရမ္းနိမ့္တာကို ျမင္ ေတြ႕ရမွာပါ။ ဒါေပမယ့္ Jeep Compass Original ဟာ ေစ်းကြက္ထဲမွာ အစီးေရ အမ်ားအျပား ေရာင္းခ်ႏုိင္ခဲ့ပါတယ္။


၇။ Lexus LX570 (2007-2017)
ႏွစ္ေပါင္း(၃၀)အတြင္း Toyota ႏွင့္ Lexus ရဲ႕ မွားယြင္းတဲ့ ပူးေပါင္းထုတ္လုပ္မႈကို ျပပါဆုိရင္ Lexus LX570 ကို ေဖာ္ျပရမွာပါ။ ဇိမ္ခံကားတစ္စီးအျဖစ္ ထုတ္လုပ္ထားတဲ့ LX570 ဟာ ေကာင္းမြန္ တဲ့အရည္အေသြးေတြကို အျပည့္အဝပိုင္ဆုိင္ေပမယ့္ ဒီဇုိင္းပိုင္းကေတာ့ ရယ္စရာျဖစ္ေနခဲ့တာေၾကာင့္ ဒီစာရင္းမွာ ပါဝင္လာခဲ့တာျဖစ္ပါတယ္။


၈။ Nissan Juke (2011-2017)
Nissan Juke ဟာ ေသးငယ္တဲ့ပံုစံနဲ႔ သူရဲ႕ဒီဇိုင္းအထိုင္ဟာ ၁၉၆၀ ခုႏွစ္မွာ ထုတ္လုပ္ခဲ့တဲ့ Coke ဘူးကို အမွတ္ရေစမွာပါ။ Juke ကုိလွပတဲ့ဒီဇုိင္းအျဖစ္ ယူဆႏုိင္ေပမယ့္ အေရွ႕ဘက္ပိုင္းက ဖားပံုစံျဖစ္ေနတာက အလြန္ဆုိးရြားတဲ့ ပံုစံထုတ္မႈပါပဲ။


၉။ Suzuki XL-7 (2007-2009)
Suzuki XL-7 ရဲ႕ဒီဇုိင္းပိုင္းကေတာ့ အဆုိးရြားႀကီးမဟုတ္ေပမယ့္ အေရွ႕ပိုင္း Headlight ေတြ ဖြဲ႕စည္းပံုနဲ႔ ေရွ႕ေနာက္ဝင္႐ိုးႏွစ္ခုၾကား ကြာေဝးမႈေၾကာင့္ ဒီစာရင္းထဲမွာ ပါဝင္လာခဲ့တာပါ။

၁၀။ Bentley Bentayga(2016- Present)
ၿဗိတိန္ကားကုမၸဏီျဖစ္တဲ့ Bentley ရဲ႕ Bentayga ေမာ္ဒယ္ဟာ ပထမဦးဆံုးနဲ႔ တစ္ခုတည္းေသာ SUV အမ်ိဳးအစားျဖစ္ပါတယ္။ ကားပညာရွင္ေတြက Bentayga ရဲ႕ အေရွ႕ပိုင္းေၾကာင့္ မ်က္စိေစြေနတဲ့ ႏြားတစ္ေကာင္အျဖစ္ သတ္မွတ္ေခၚေဝၚၾကပါတယ္။ ဒါေပမယ့္ အဆုိပါဒီဇိုင္းေၾကာင့္ပဲ Bentayga ဟာ Bentley ရဲ႕ ေရာင္းအားအေကာင္းဆံုး ေမာ္ဒယ္တစ္မ်ိဳးျဖစ္ခဲ့ပါတယ္။

Unicode Version…

ဒီဇိုင်းပိုင်းညံ့ဖျင်းခဲ့တဲ့ ရုပ်အဆိုးဆုံး SUV ကားများ
ဒီဇိုင်းပိုင်းဆန်းသစ်မှုဟာ ပုံမှန်သုံးစွဲနေကြ ပစ္စည်းတွေအတွက် အရေးပါလာတာကို သတိထားမိမှာပါ။ ဈေးကွက်ထဲမှာရှိတဲ့ ပစ္စည်းတစ်ခုရဲ့ ဒီဇိုင်းဟာ ကနဦးမှာ လူတွေကို ပထမဆုံး ဆွဲဆောင်နိုင်တဲ့ အ ရာဖြစ်လို့ပါပဲ။ ယနေ့ခေတ်မှာ ဒီဇိုင်းပိုင်းကို အာရုံစိုက်လာကြသလို ဆန်းသစ်တဲ့ ပုံစံတွေကို တီထွင်ကြံဆရင်း မထင်မှတ်ထားတဲ့ ကပေါက်တိကပေါက်ချာ ဒီဇိုင်းတွေကိုလည်း မြင် တွေ့လာကြရမှာပါ။ ဒီနေ့မှာတော့ Drive ပရိတ်သတ်တွေအတွက် ပြေပြစ်တဲ့ဒီဇိုင်းမဟုတ်ဘဲ ရုပ်ထွက်အဆိုးဆုံး SUV ကား ၁၀ စီးကို ဖော်ပြပေးသွားချင်ပါတယ်။
၁။ Suzuki X-90 (1995–1997)
တစ်စုံတစ်ယောက်က သင့်ကို ညံ့ဖျင်းတဲ့စိတ်ကူးပိုင်ဆိုင်ထားသူတစ်ယောက် လို့ စွပ်စွဲလာရင် Suzuki X-90 ကို ပြသလိုက်ပါ။ Suzuki X-90က သင့်ရဲ့ စိတ်ကူးစိတ်သန်းဟာ အဆိုးရွားဆိုး မဟုတ် သေးဘူးဆိုတာကို သက်သေပြရာ ရောက်ပါတယ်။ သေးငယ်တဲ့ကိုယ်ထည်၊ ပုံစံမကျ ဖွဲ့စည်းထားတဲ့ Suzuki X-90 ကို ၁၉၉၅ ခုနှစ်ကနေ ၉၇ ခုနှစ်ထိသာ ဈေးကွက်ထဲရောင်းချခဲ့ပါတယ်။
၂။ Nissan Murano CrossCabriolet (2011–2014)
Nissan CEO ကားလို့စ်ဂွန်ရဲ့ ဇနီးဖြစ်သူဟာ Murano CrossCabriolet ရဲ့ ဒီဇိုင်းကို ကြိုက်နှစ်သက်ခဲ့ တာကြောင့် ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲကြပါတယ်။ တံခါးနှစ်ပေါက်ဖြစ်တဲ့ ဒီကားဟာ ပစ္စည်းထည့်ရာမှာ အခက်အခဲများပြီး ဒီဇိုင်းရုပ်ထွက်ပိုင်းကလည်း ရယ်စရာဖြစ်နေခဲ့တာကြောင့် (၃)နှစ်အကြာမှာ ဈေးကွက်ကို နှုတ်ဆက်ခဲ့ရပါတယ်။
၃။ Honda Element (2003–2011)
Honda Element ရဲ့ ဒီဇိုင်းပိုင်းဟာ နာမည်ကျော်ပန်းချီဆရာ ပီကာဆိုရဲ့ dans un Fauteuil ကို အခြေပြုပြီး စိတ်ကူးဆန်းသစ်ထားပုံရပါတယ်။ ဒါပေမဲ့ ထွက်ပေါ်လာတဲ့ ဒီဇိုင်းကတော့ စိတ်ကူးနဲ့ တစ် ထပ်တည်းမကျခဲ့ပါဘူး။ ဒီဇိုင်းပိုင်း ညံ့ဖျင်းခဲ့ပေမယ့် မီးခိုးရောင် ပလတ်စတစ်ဘော်ဒီကို အရောင် ပိုတင်နိုင်ခဲ့တာကြောင့် နာမည်ဆိုး တဖြည်ဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်။
၄။ Isuzu Vehicross (1999–2001)
၁၉၉၃ ခုနှစ်မှာ တိုကျိုကားပြပွဲမှာ မိတ်ဆတ်ခဲ့တဲ့ Isuzu ရဲ့ Vehicross ဟာ ဆိုးရွားတဲ့ဒီဇိုင်းနဲ့ ပွဲထွက်လာခဲ့တဲ့ ကားတစ်စီးပါပဲ။ အရှေ့ဘက်ဒီဇိုင်းပိုင်းဟာ အတော်ကြည့်ရဆိုးတာကြောင့် ငါးမျက်နှာအဖြစ် ပြောင်းလဲခေါ်ဆိုခဲ့ကြပါတယ်။
၅။ Lamborghini LM002 (1986-1993)
လှပတဲ့အရာတိုင်းဟာ မကောင်းနိုင်သလို ကောင်းတဲ့အရာတွေကလည်း အမြဲမလှပနိုင်ပါဘူး။ စစ်တပ်တွေမှာ အဓိက အသုံးပြုဖို့ ထုတ်လုပ်ခဲ့တဲ့ Lamborghini ရဲ့ LM0002 ဟာ Rambo Lambo အဖြစ် နာမည်ကြီးခဲ့ပေမယ့် ဒီဇိုင်းပိုင်းကတော့ စိတ်ကျေနပ်မှု အပြည့်အဝမပေးနိုင်ခဲ့ပါဘူး။ Lamborghini ဟာ နောက်ပိုင်းမှာ အရပ်ဘက်အသုံးပြုနိုင်တဲ့ ပုံစံနဲ့ Rambo Lambo ကို ဆက် ထုတ်ခဲ့ပါသေးတယ်။
၆။ Jeep Compass (2007-2017)
လက်ရှိထုတ်လုပ်နေတဲ့ Jeep Compass တွေရဲ့ ဒီဇိုင်းပိုင်းဟာ အချိုးအစားကျပြီး ခန့်ထည်တဲ့ဒီဇိုင်းကို မြင်တွေ့ရမှာဖြစ်ပေမယ့် Jeep Compass ရဲ့ ပထမမျိုးဆက်ကတော့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ ကား ရဲ့ အရှေ့ဘက်ဒီဇိုင်းပိုင်းဟာ ခန့်ညားမှုမရှိသလို ကားအောက်ပိုင်းကလည်း အရမ်းနိမ့်တာကို မြင် တွေ့ရမှာပါ။ ဒါပေမယ့် Jeep Compass Original ဟာ ဈေးကွက်ထဲမှာ အစီးရေ အများအပြား ရောင်းချနိုင်ခဲ့ပါတယ်။
၇။ Lexus LX570 (2007-2017)
နှစ်ပေါင်း(၃၀)အတွင်း Toyota နှင့် Lexus ရဲ့ မှားယွင်းတဲ့ ပူးပေါင်းထုတ်လုပ်မှုကို ပြပါဆိုရင် Lexus LX570 ကို ဖော်ပြရမှာပါ။ ဇိမ်ခံကားတစ်စီးအဖြစ် ထုတ်လုပ်ထားတဲ့ LX570 ဟာ ကောင်းမွန် တဲ့အရည်အသွေးတွေကို အပြည့်အဝပိုင်ဆိုင်ပေမယ့် ဒီဇိုင်းပိုင်းကတော့ ရယ်စရာဖြစ်နေခဲ့တာကြောင့် ဒီစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။
၈။ Nissan Juke (2011-2017)
Nissan Juke ဟာ သေးငယ်တဲ့ပုံစံနဲ့ သူရဲ့ဒီဇိုင်းအထိုင်ဟာ ၁၉၆၀ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Coke ဘူးကို အမှတ်ရစေမှာပါ။ Juke ကိုလှပတဲ့ဒီဇိုင်းအဖြစ် ယူဆနိုင်ပေမယ့် အရှေ့ဘက်ပိုင်းက ဖားပုံစံဖြစ်နေတာက အလွန်ဆိုးရွားတဲ့ ပုံစံထုတ်မှုပါပဲ။
၉။ Suzuki XL-7 (2007-2009)
Suzuki XL-7 ရဲ့ဒီဇိုင်းပိုင်းကတော့ အဆိုးရွားကြီးမဟုတ်ပေမယ့် အရှေ့ပိုင်း Headlight တွေ ဖွဲ့စည်းပုံနဲ့ ရှေ့နောက်ဝင်ရိုးနှစ်ခုကြား ကွာဝေးမှုကြောင့် ဒီစာရင်းထဲမှာ ပါဝင်လာခဲ့တာပါ။
၁၀။ Dodge Nitro (2007-2012)
ဒီစာရင်းရဲ့နောက်ဆုံးမှာတော့ အမေရိကန်ကားကုမ္ပဏီ Dodge ရဲ့ Nitro က နေရာယူထားပါတယ်။ လုံးဝ လေးထောင့်ကျတဲ့ ပုံစံနဲ့ ရှည်ပြီး ကျဉ်းမြောင်းတဲ့ ကိုယ်ထည်က ရုပ်ထွက်ပိုင်း အား နည်းချက်တွေအဖြစ် မြင်တွေ့ရမှာပါ။