Zawgyi Version…
<>
<>
ခြုံငုံသုံးသပ်ချက်
အပြင်ပိုင်းပုံစံ
မောင်းနှင်မှုစနစ်
လုံခြုံရေးစနစ်
အဓိကအားသာချက်များ
၎-အတွင်းခန်းမှာလည်း လိုက်ပါသူတွေ၊ကုန်ပစ္စည်းတွေအတွက် လွယ်ကူကျယ်ဝန်းလှတဲ့ ထိုင်ခုံ တွေပါရှိခြင်း
Overall Length: 4895mm
Overall Width: 1865mm
Overall Height: 1835mm
Yangon
• E-Garage 09-799283478
Mandalay
Sagaing
Naypyitaw
Unicode Version…
The All-New Premium 7-seater SUV NISSAN TERRA
<>
နောက်ဆုံးတော့ Nissan ဟာသူ့ရဲ့ SUV လိုင်းမှာရှိနေတဲ့ကွက်လပ်ကိုဖြည့်လိုက်ပါပြီ။ ဒါဟာ ဈေး ကွက်ထဲမှာနာမည်ရပြီးသားဖြစ်နေတဲ့ တခြား SUV အမှတ်တံဆိပ်တွေကိုတပ်လှန့်လိုက်ခြင်းပါပဲ။ ဘက်စုံသုံးကားကောင်းကောင်းတစ်စီး ရှာနေတယ်ဆိုရင်တော့ နည်းပညာအသစ်အဆန်းတွေပါဝင်ပြီး သက်တောင့်သက်သာရှိသလို လှပတဲ့ Nissan Terra ကိုစဉ်းစားကြည့်သင့်ပါတယ်။
<>
လွန်ခဲ့တဲ့ဆယ်စုနှစ်၂ခုကစတင်ခဲ့တဲ့ SUV revolution ဟာအရှိန်လျော့သွားခြင်းမရှိသေးပါဘူး။ အခုထိလူကြိုက်များထင်ရှားနေဆဲဖြစ်သလို ကားတွေဟာလည်းတစ်နှစ်ထက်တစ်နှစ်ပိုပြီး အရည်အ သွေးမြင့်လာတာကိုတွေ့ရပါတယ်။Sport Utility Vehicles (SUV) တွေရဲ့မူလအရည်အသွေး ၂မျိုးရှိ ပါတယ်။ SUV များဟာ အခြေခံသဘောတရားအရအရွယ်အစားကြီး sedan များဖြစ်တဲ့အတွက် မိသားစုစီး estate car သို့မဟုတ် station wagon များကိုအစားထိုးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် lumber wagon များလိုပိုအကြမ်းခံလို့ minivan များထက် SUV တွေကိုလူတွေက ပိုရွေး ချယ်လာကြပါတယ်။ဒီ SUV ဈေးကွက်အရှိန်အဟုန်နဲ့တိုးတက်လာရတဲ့အကြောင်း ရင်းကတော့ရှင်း ပါတယ်။ နည်းပညာတိုးတက်မှုတွေကြောင့် SUV တွေဟာဆီစားမှုပိုမိုသက်သာလာခဲ့ပြီး ကိုင်တွယ် မောင်းနှင်ရာမှာလည်း ပိုမိုအဆင်ပြေလာခဲ့သလို ပိုပေါ့ပါးလာခဲ့တဲ့အပြင် ၁၉၉၀ ဝန်းကျင်ကာလ တွေကထက် ပိုပြီးလုံခြုံ ရေးပိုင်းကောင်းလာခဲ့ပါတယ်။
ခြုံငုံသုံးသပ်ချက်
ကမ္ဘာ့အကြီးဆုံးကားကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ Nissan ရဲ့နောက်ဆုံးပေါ် Terra ဟာ SUV ဈေးကွက်အတွင်းမှာ ပြိုင်ဆိုင်နိုင်စွမ်းရှိတဲ့ကားတစ်စီးဖြစ်ပါတယ်။ လက်တင်ဘာသာနဲ့ဆိုရင် Terra ဆိုတာ မြေ၊ မြေကြီး၊ မြေစာ၊ မြေမှုန်စသဖြင့်အဓိပ္ပာယ်ရပါတယ်။ Nissan Terra ရဲ့အရွယ်အစားဟာ သေးငယ်တဲ့ X-Trail အမျိုးအစားကားနဲ့ ကြီးမားလှတဲ့ Patrol အမျိုးအစား ကားတို့ကြား ကအရွယ်အစားဖြစ်ပါတယ်။ (ဒါပေမယ့် အမေရိကန်နိုင်ငံ Texasဒေသ ပြင်ပမှာဆိုရင်တော့ Terra ကိုဘယ်သူကမှသေးငယ်တယ်လို့သတ်မှတ်ကြမှာမဟုတ်ပါဘူး)
Off-roader တွေနဲ့ဆင်တူတဲ့ crossover ကားအများစုဟာ ကတ္တရာလမ်းပေါ်မှာမှ မဟုတ် ဘဲလမ်းကြမ်းတွေမှာမောင်းရင် တစစီပြုတ်ထွက်လုမတတ်ဖြစ်တတ်ပါတယ်။ ဒါပေမယ့် Nissan Navara pickup truck ရဲ့ကိုယ်ထည်ပေါ်အခြေခံထားတဲ့ Terra ကတော့ full ladder-frame အဖြစ်တည်ဆောက်ထားတဲ့အတွက် ပိုပြီးစိတ်ချရပါတယ်။ ၇၀ ခုနှစ်ဝန်းကျင်ကစပြီး ပေါ့ပါးပြီးဈေး သက်သာတဲ့ one-piece တည်ဆောက်မှုတွေခေတ်စားမလာခင်က ဒီလိုတည်ဆောက်မှုပုံစံတွေ ကိုပဲသုံးခဲ့တာပါ။ ဒီ ဒီဇိုင်းပုံစံကအရည်အသွေးကောင်းသလို body on frame ဖြစ်တဲ့အတွက် ခိုင်မာမှုလည်းရှိပါတယ်။
အပြင်ပိုင်းပုံစံ
SUV ကောင်းတစ်စီးမှာ အပြင်ဘက်ပုံသဏ္ဍာန်က ရှေ့ကနေနောက်ဘက်အထိမာကျောတဲ့ ပုခုံး တွေ၊နောက်ခြမ်းတွေကို ပိုင်ဆိုင်ထားသင့်ပါတယ်။ ပြီးတော့ ခဲရောင်လိုနူးညံ့ သိမ်မွေ့တဲ့ အရောင် ကနေစလို့ စပေါ့ဆန်တဲ့ အနီ၊အဝါတွေအထိများပြားလှတဲ့ အရောင်ရွေးချယ်မှုတွေပြုလုပ်နိုင်ရပါမယ်။
ပြီးတော့ ကွဲပြားတဲ့ဒီဇိုင်းနဲ့တောက်ပပြီး အရည်အသွေးမြင့် နှင်းခွဲမီးတွေ၊နေ့အလင်းမီးတွေပါဝင်တဲ့LED မီးတွေပတ်ပတ်လည်ပါရှိရပါမယ်။ ပြီးတော့ သင့်လက်ထဲမှာ ပစ္စည်းတွေအပြည့်နဲ့ဖြစ်နေရင်လည်း နောက်တံခါးကို ဖွင့်စရာမလိုဘဲ ဘန်ဘာအောက်ကို ခြေထောက်နဲ့လှုပ်ရမ်းပြလိုက်ရုံနဲ့ တံခါးအလိုအ လျောက်ဖွင့်ပေးနိုင်ရပါမယ်။ ဒီလိုအချက်တွေအကုန်လုံး Terra မှာပါဝင်နေပါတယ်။
အတွင်းပိုင်းပုံစံ၊ အရည်အသွေး၊ ပါဝင်မှုများ
နိမ့်ရာမှမြင့်သွားတဲ့ Theatre-style ဖွဲ့စည်းထားတဲ့ leahter ခုံ ၇ ခုံ၊ အာကာသယာဉ်မှူးတွေကို အတုယူပြီး ထိုင်တဲ့ပုံစံအနေအထား ၈ မျိုးအထိ adjust လုပ်နိုင်ကာဆွဲအားမဲ့ ထိုင်ခုံ အသွင်ဖန် တီးထားတဲ့ ရှေ့ခုံတွေပါဝင်ပါတယ်။ပြီးတော့ အရမ်းကို ကောင်းမွန်တဲ့လက်တင်ခုံတွေက ရှေ့ခုံတန်း ၂ တန်းရဲ့အလယ်မှာပါရှိသလို ခလုတ် ၁ ချက်နှိပ်ရုံနဲ့ ထိုင်ခုံတွေကို ခေါက်နိုင်၊ လှန်နိုင်တဲ့ စနစ် လည်းပါဝင်ပါတယ်။ ဒီစနစ်ကြောင့် ဒုတိယခုံတန်းကိုလျင်မြန်စွာခေါက်နိုင်ပြီး တတိယခုံတန်း ကိုအလွယ်တကူဝင်နိုင်ထွက်နိုင်ပါတယ်။ ပြီးတော့ ဒုတိယခုံတန်းနဲ့တတိယခုံတန်းကို ပါခေါက် သိမ်းနိုင်လို့ ပစ္စည်းအရှည်တွေကိုတောင်တင်ဆောင်နိုင်ပါသေးတယ်။
နောက်ပြီးတော့ဖုန်းခေါ်ဆိုမှုတွေ၊ကားနဲ့ပတ်သက်တဲ့သတင်းအချက်အလက်ဆိုင်ရာတွေအားလုံးကို လည်း စတီယာရင်ဘီးမှာပါတဲ့ Control တွေကနေတစ်ဆင့်ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် နောက်ဘက်ကခရီးသည်တွေအတွက်လည်း ကားနောက်ခန်းဖျော်ဖြေရေးစနစ် Screen ပါရှိသလို လေအေးပေးစနစ်ကလည်း ဇုန်တွေခွဲပြီးအသုံးပြုနိုင်လို့ ကားပေါ်လိုက်ပါသူတွေက အပူ၊အအေးကို မိမိလိုသလို ချိန်ညှိနိုင်မှာဖြစ်ပါတယ်။
မောင်းနှင်မှုစနစ်
Manual mode ပါတဲ့ 7-speed automatic transmission ကလည်း အသေးစိတ် ratio တွေကို ဂရုတစိုက်ပြုလုပ်ထားလို့ အရှိန်နှုန်းကိုမြှင့်တင်ရာမှာအရမ်းကောင်းသလို ဆီစားလည်း သက်သာ စေမှာဖြစ်ပါတယ်။နောက်ပြီးတော့ 2 –wheel စနစ်နဲ့မောင်းနိုင်သလို Off-Road အခြေအ နေတွေအတွက်လည်း 4-wheel drive ကိုပြောင်းလဲမောင်းနှင်နိုင်မှာဖြစ်ပါတယ်။ အထူးအဖြင့် 4-wheel drive ကိုဖွင့်ထားတဲ့အချိန်မှာ နောက်ဘက်ဘီးတွေကို တူညီတဲ့ရုန်းအားထွက်ရှိလာအောင်စွမ်း ဆောင်ပေးထားလို့ Off Road မောင်းနှင်ရာမှာအထူးကောင်းမွန်စေမှာဖြစ်ပါတယ်။ အင်ဂျင်ကလည်း မြင်းကောင်ရေ ၁၉၀ အားရှိတဲ့ 2.5 litre 4-cylinder turbo diesel စနစ်ဖြစ်ပြီး torque (ရုန်းအား)က 450nm ဆိုတော့ သန်မာမှုကပြောစရာမရှိအောင်ကို ကောင်းမွန်စေပါလိမ့်မယ်။
အောက်ပိုင်းဆိုင်းထိန်းနှင့်လက်ကိုင်ပိုင်း
The suspension is multilink coil springs that provide decent on-road comfort, but can take a beating from the rocks and gullies of off-road driving. Most pickup based SUV tend to be a bit bouncy but this maintains good comfort and body control, as well as very good sound insulation – which makes a big difference on longer journeys.
အောက်ပိုင်းဆိုင်းထိန်းစနစ်တွေမှာတော့ လမ်းကောင်းတွေမှာသက်တောင့်သက်သာရှိဖို့ multilink coil springs တွေကိုသုံးထားပေမယ့်လည်း ကျောက်တုံးတွေ၊လျှိုမြောင်တွေလိုမျိုးoff-road မောင်း နှင်မှုတွေကိုလည်း အသာလေးကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ Pickup တွေကို အခြေခံထားတဲ့ SUV အများစုက ခုန်တာတွေ၊ယိမ်းတာတွေရှိကြပေမယ့်လည်း Terra မှာတော့ သက်တောင့်သက် သာရှိစေတဲ့အပြင် ဘော်ဒီကိုပါထိန်းချုပ်ပေးထားလို့ အရမ်းကိုစီးရကောင်းစေမှာဖြစ်ပါတယ်။ပြီးတော့ ပြင်ပအသံတွေကိုလျှော့ချပေးနိုင်တဲ့စနစ်ကြောင့်လည်း ခရီးရှည်တွေမှာ ကြီးမား တဲ့ကွဲပြားခြား နားမှုတွေကို ပြုလုပ်ပေးနိုင်ပါလိမ့်မယ်။ ဘရိတ်တွေကလည်း ရှေ့ဘက်ကိုအားကောင်းတဲ့ discs ဘရိတ်တွေ၊နောက်ကိုတော့ big drums brakes တွေကိုသုံးထားလို့ တည်ငြိမ်မှုရှိပြီး အရမ်းကိုအကျိုးသက်ရောက်မှုစေပါလိမ့်မယ်။ နောက်ပြီးတော့ လိုသလိုဆန့်နိုင်ဆွဲနိုင်တဲ့ power assist steering ပါရှိပြီး နောက်တွဲယာဉ်တွေကိုပါဆွဲနိုင်တဲ့ပါဝါမျိုးပိုင်ဆိုင်ထားပါသေးတယ်။
လုံခြုံရေးစနစ်
မော်ဒန် SUV တွေဟာပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်ကထက်ပိုပြီးတော့ လုံခြုံရေးနစ်တွေ ပိုကောင်းလာခဲ့ပါပြီ။ Nissan ကလည်း Terra မှာအစွမ်းကုန်သော လုံခြုံရေးစနစ်တွေဖြစ်တဲ့ Lane Departure Warning (ယာဉ်မောင်းသူဟာ ကိုယ်ကိုကိုင်းညွတ်ပြီး လမ်းကျောကျော်မ ကျော်ကြည့် နေစရာမလိုတော့ပါဘူး)၊ Hill Start Assist (ကုန်းမြင့်တက်ရာမှာကူညီပေးတဲ့စနစ်)၊ Hill Descent Control (ဆင်ခြေလျောတွေကိုဆင်းရာမှာ စလစ်ဖြစ်နိုင်တဲ့ကျောက်စရစ်ခင်းတွေမှာတောင်လမ်း မချော်စေပါဘူး)၊ ကင်မရာ ၄ လုံးနဲ့ စောင့်ကြည့်ပေးပြီး ပါကင်ထိုးရာမှာ လက်ကိုင်စနစ်ကို မလွဲချော်အောင်ကူညီပေးမယ့် ငှက်တစ်ကောင်ရဲ့မျက်လုံးမျိုးပါဝင်ယ့် အသိဉာဏ်မြင့်မားတဲ့ Around View Monitor (၃၆၀ ဒီဂရီကင်မရာစနစ်)၊ Anti-Lock Braking System (ABS), Electronic Brake-force Distribution (EBD), Brake Assist (BA), Vehicle Dynamic Control (VDC), Child Safety Lock, 4-Eye Rear Parking sensors, Reverse Camera, Anti-Theft system Immobiliser with VSS Alarm and Follow-Me-Home function တွေကိုထည့်သွင်းပေးထားပါတယ်။ ဒီလို ဒေသတွေနဲ့ကိုက်ညီတဲ့ အိုင်ဒီတာမျိုးရှိနေတဲ့ TERRA ကို မြေပြင်ကင်းလွန်ပမာဏက 225 millimetres ရှိတော့ လမ်းမညီတဲ့နေရာတွေ၊ကုန်းလိုနေရာတွေမှာ အောက်ဘက်ကို တိုက်မိဖို့ မလွယ်သလို တော်ရုံရေမြှုပ်တဲ့နေရာတွေကိုလည်း အခက်အခဲမရှိဖြတ်ကျော်နိုင်ပါလိမ့်မယ်။ ပြီးတော့ Terra ရဲ့ဖွဲစည်းပုံကလည်း ကြံ့ခိုင်မှုပြည့်ဝပြီး ယာဉ်မတော်တဆမှုဖြစ်ရင် Driver နဲ့စီးနင်းသူတွေကို အပြည့်အဝကာကွယ်ပေးနိုင်တဲ့ မာကျောမှုအရှိဆုံးပုံစံနဲ့တည်ဆောင်ပေးထားသလို လေအိတ် ၆ လုံးကလည်း ကားပေါ်ပါသူတွေမတော်တဆဖြစ်ရင် ပတ်လည်ကနေအကာအကွယ်ပေးနိုင်ပါလိမ့်မယ်။
အဓိကအားသာချက်များ
၁- ပုံမှန်တည်ဆောက်မှုမျိုးမဟုတ်ဘဲ ကြံ့ခိုင်သန်မာတဲ့ full frame ဖြစ်ခြင်း။
၂- သန်မာကြောင်း သက်သေတွေပြသခဲ့တဲ့ ယုံကြည်စိတ်ချမှုအပြည်နဲ့ turbo diesel engine
၃- ကောင်းမွန်တဲ့စတီယာရင်စနစ်၊ အခြား pickup အခြေခံ SUV ဖြစ်ပေမယ့် ဘော်ဒီယိမ်း တာတွေ၊ခုန်တာတွေကို အနည်းဆုံးဖြစ်အောင်ပြုလုပ်ထားခြင်း
၄-အတွင်းခန်းမှာလည်း လိုက်ပါသူတွေ၊ကုန်ပစ္စည်းတွေအတွက် လွယ်ကူကျယ်ဝန်းလှတဲ့ ထိုင်ခုံ တွေပါရှိခြင်း
၅-Off-Road ထိန်းချုပ်မောင်းနှင်မှုတွေအတွက် သင့်တော်ခြင်း။
၆-ခေတ်မီလုံခြုံမှုစနစ်တွေအပြည့်အစုံပါဝင်ခြင်း
SUV ကမ္ဘာဟာပြိုင်ဆိုင်မှုများလှပါတယ်။ ဒါပေမယ့် Terra ဟာသစ်လွင်တဲ့ကားတစ်စီးဖြစ်ပြီး သူ့ရှေ့ကခေတ်နောက်ကျနေပြီဖြစ်တဲ့ပြိုင်ဘက်တွေကိုကျော်တက်နိုင်စွမ်းရှိပါတယ်။ ပြိုင်ဘက် SUV တွေနဲ့ယှဉ်ကြည့်ရင် Terra ဟာပိုပြည့်စုံကောင်းမွန်နေပြီး ဈေးနှုန်းအနေနဲ့လည်း သင့်တင့် လျောက် ပတ်တာကို တွေ့နိုင်ပါတယ်။လမ်းကြမ်းကြမ်းခရီးမသွားဘူးဆိုရင်တောင် Terra ရဲ့သက်တောင့် သက် သာရှိတဲ့အတွင်းပိုင်းအပြင်အဆင်၊ နည်းပညာ၊ လက်တွေ့ကျကျအသုံးဝင်မှု၊ road manners တွေကမြို့တွင်းနဲ့ highway မောင်းဖို့အသုံးဝင်ပါတယ်။ တောလမ်းခရီးတွေမှာအမဲလိုက်ဖို့၊ ရွှံထူ ထူလမ်းတွေကိုဖြတ်သန်းဖို့ဆိုရင်လည်း Terra ကတာဝန်ကျေမှာပါ။
အသေးစိတ်အချက်အလက်များ
Engine: Diesel, 2488cc, Inline 4-cylinder, DOHC, Variable Turbocharger (VGS) with Intercooler
Power: 190hp @ 3600rpm, 450nm of torque at 2000 rpm
Transmission: 7-speed Automatic Transmission with Manual Mode
Overall Length: 4895mm
Overall Width: 1865mm
Overall Height: 1835mm
Gross Vehicle Weight: 2650-2700kg
Minimum Ground Clearance: 225mm
Seating Capacity: 7 persons
Fuel Tank Capacity: 80 litres
Drive System: available in both 2WD and 4WD options
ဝယ်ယူရရှိနိုင်မည့်နေရာများ
မြန်မာတစ်နိုင်ငံလုံးမှာတရားဝင် Nissan အရောင်းဆိုင် ၆ဆိုင်ဖွင့်လှစ်ထားပြီး customer များ ကိုဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
Yangon
• E-Garage 09-799283478
• United Diamond Motor 1 09-450222600
• United Diamond Motor 2 09-257587778
Mandalay
• Pacific Alliance Motor 09-777700361
Sagaing
• Shwe Sagaing Motor 09-965022605
Naypyitaw
• Shin Thant Thit Sar 09-404080123
• Nissan Terra ကို Tan Chong Motor Holdings Berhad (Malaysia) ရဲ့လက်အောက်ခံ Edaran Tan Chong Motor (Myanmar) Co., Ltd ကနေ တရား ဝင်ဖြန့်ဖြူးရောင်းချပေးနေပါတယ်။