Unicode version…

ခိုုင်ခံ့မှုအရှိဆုုံးဇိမ်ခံကား

Bentley ဟာ တစ်ချိန်တုန်းက Rolls Royce အမှတ်တံဆိပ်ဘရန်းရဲ့ Sport အမျိုးအစား ဘရန်းတစ်ခုဖြစ်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ Volkswagen အမှတ်တံဆိပ်ကုမ္ပဏီက ပိုင်ဆိုင်သွားပါပြီ။ ဒါပေမဲ့ ၄င်းရဲ့ Bentley Flying Spur ကဲ့သို့သော ရာစုနှစ်ပုံစံအဟောင်း ဒီဇိုင်းဖြင့် ဇိမ်ခံစူပါကားနဲ့ စူပါပါဝါကားတွေလို အကောင်းစားယာဉ်တွေကို ဆက်လက်ထုတ်လုပ်လျက်ရှိပါတယ်။

ဈေးအကြီးဆုံး ဗြိတိန်ကားတွေဟာ ခံစားမှုမတူညီတဲ့ ရသတစ်ခုကို ပေးစွမ်းနိုင်ပါတယ်။ ၄င်းခံစားမှုဟာ ဂျာမနီထုတ်အမျိုးအစားကားတွေ၊ ဂျပန်ထုတ်ကားတွေမှ ရရှိတဲ့ ခံစားမှုတို့နဲ့ မတူပါဘူး။ Jaguar, Rolls, Bentley
နဲ့ Aston Martin စတဲ့ ကားအမှတ်တံဆိပ်ရှိတဲ့ကားတွေအားလုံးဟာ အနည်းငယ်စီသော ထူးခြားတဲ့လက္ခဏာတွေရှိကြပါတယ်။

အချက်အလက်တစ်ခုအားဖြင့် ၄င်းတို့ဟာ နှစ်လိုဖွယ်ကောင်းပြီး ခိုင်မာတဲ့ယုံကြည်မှုကိုဖြစ်စေကာ ကြီးမားတဲ့ထုထည်ရှိတဲ့ ကားအမျိုးအစားတွေဖြစ်ပါတယ်။ ၄င်း ဗြိတိန်ကားတွေကို လမ်းပေါ်မှာ မောင်းနှင်တဲ့အခါ မိမိကိုယ်ကို ယုံကြည်မှုနဲ့ လုံခြံုမှုကို ခိုင်မာစေပါတယ်။ တခြား ကုမ္ပဏီတွေ ကားတံခါးမှန်တွေ၊ ကားကိုယ်ထည် panesl တွေကို ပါးလွှာအောင်ပြုလုပ်ပြီး ကားရဲ့ လောင်စာဆီသက်သာစေဖို့၊ စွမ်းဆောင်ရည်တိုးမြှင့်နိုင်ဖို့ကို ပြုလုပ်ပါတယ်။ ထိုကဲ့သို့ပြုလုပ်ပြီး စွမ်းအင်နဲ့ ကားရဲ့အလေးချိန်ကို အချိုးကျအောင် ကြိုးစားနေချိန်မှာ ဗြိတိန်ကားကုမ္ပဏီကတော့ မုန်တိုင်းထဲမှာ သင်္ဘောတစ်စင်းလို လူးလွန့်ခြင်းကင်းစေဖို့ ပြုလုပ်ပါတယ်။ ထိုကဲ့သို့ပြုလုပ်ပုံကတော့ suspension တွေနဲ့အတူ စမတ်ကျပြီး စွမ်းအင်တို့ကို ပေါင်းထည့်ခြင်းအားဖြင့် အလေးချိန်ပြဿနာကို ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။ လောင်စာသုံးစွဲမှု သက်သာခြင်းလား၊ တိုယိုတာလိုတော့ လောင်စာစား မသက်သာလှပါဘူး။

တခြားအချက်တစ်ခုအနေနဲ့ ဗြိတိန်ကားတွေဟာ လူတော်တော်များများနဲ့ သိပ်မနီးစပ်ကြပါဘူး။ ဒါကိုတော့ စူပါကားတွေဖြစ်တဲ့ Jaguar F-Type နဲ့ Aston Martins ကားအမျိုးအစားတွေမှာ ပိုသိသာထင်ရှားစွာ တွေ့ရမှာဖြစ်ပါတယ်။ ၄င်းကားတွေထဲကို သင်ဝင်ကြည့်ဖို့ ကြိုးစားကြည့်သင့်ပါတယ်။ (အတွင်းကို ဝင်ကြည့်တဲ့ခဏ ကောင်းမွန်တဲ့ခံစားမှုတွေရရှိမယ်လို့ ထင်ပါတယ်) Rolls အမှတ်တံဆိပ်ကားတွေလို ကြီးမားတဲ့ယာဉ်အမျိုးအစားတွေ ဖြစ်ပြီး Bentley ကားအမျိုးအစားတွေဟာ တူညီတဲ့ ခံစားမှုတွေကို ခံစားရစေပါတယ်။

Bentleys ဟာ သင့်ကို ခံစားမှုကြီးကြီးတွေ၊ သန်မာမှုနဲ့ ယုံကြည်မှုတွေကို ခံစားရစေပါတယ်။ လမ်းပေါ်မှာ ရှားပါးစွာ သွားလာနေကြတဲ့ Bentleys အမှတ်တံဆိပ်ကားတွေကို သင်ငေးကြည့်မိလို့ သင့်ကိုယ်ကိုယ်ကို ရယ်မောမိပါလိမ့်မယ်။ ဟုတ်ပါတယ်။ သင်မမှားပါဘူး။drive-feature-12

Bentley ကားကုမ္ပဏီသည် ၄င်းရဲ့ ပထမဦးဆုံးကားကို ၁၉၁၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ကျော်ကြားလှတဲ့ Sopwith Camel WWI biplane အတွက် အင်ဂျင်များကို ပြုလုပ်ပြီး မကြာမီမှာဖြစ်ပါတယ်။ Sopwith Camel WWI biplane သည် ၄င်းရဲ့ မြန်နှုန်းနဲ့ ကြာရှည်ခံခြင်းမှာ အမြဲတမ်းကျော်ကြားပါတယ်။ ထို့အပြင် ၄င်းသည် LeMans နဲ့ Indianapolis 500 စသော မော်တော်ကားပြိုင်ပွဲတွေမှာ စောဦးပိုင်းအချိန်ကတည်းက အမြင့်မားဆုံးအနိုင်ရရှိခဲ့သော (သို့မဟုတ်) ပြိုင်ပွဲဝင်ကားများအဖြစ် အသုံးပြုခဲ့သောကားများ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Bentley ကားကုမ္ပဏီသည် Rolls Royce ကားကုမ္ပဏီအောက်ရောက်ရှိခဲ့ပြီး ကုမ္ပဏီပိုင်ရှင်တူ ဖြစ်ခဲ့ပါတယ်။ Bentley သည် ငယ်ရွယ်တဲ့သူများနဲ့ ချမ်းသာသောသူများရဲ့ ရွေးချယ်စရာဖြစ်ခဲ့ပါတယ်။ ရှေးရိုးစွဲဖြစ်တဲ့ Rolls Royce ရဲ့ Sport version အဆန်ဆုံးလည်းဖြစ်ပါတယ်။ Rolls Royce ဟာ စူပါဇိမ်ခံကားများအတွက် ကျေနပ်စရာဖြစ်တဲ့ စွမ်းဆောင်ရည်တွေရှိတဲ့ ကားအမျိုးအစားတွေကို ရည်ရွယ်တဲ့ ကားဘရန်းတစ်ခုဖြစ်ပါတယ်။

၁၉၇၀-၁၉၈၀ ခုနှစ်၊ ဗြိတိန်ကားလောကရဲ့ အမှောင်ခေတ်ထဲတွင် ထိုကားကုမ္ပဏီ နှစ်ခုလုံးကို ဒေဝါလီခံသွားရပြီတောင် ထင်ခဲ့ကြပါတယ်။ နောက်တော့ ပိုင်ရှင်နောက်တစ်ယောက်ပြောင်းသွားခဲ့ပါတယ်။
Bentley ကို Rolls Royce နဲ့ Volkswagen တို့ပြုလုပ်နေသမျှကို BMW က ဆည်းပူးနေခဲ့ပါတယ်။
၄င်းဘရန်းနှစ်ခုလုံးဟာ ၄င်းတို့ရဲ့ ရှေးရိုးအစိတ်အပိုင်းများကို ဖြုတ်ချထားရစ်ခဲ့ပါတော့တယ်။

Bentley ဟာ ယူကေနိုင်ငံမြောက်ပိုင်းမှာရှိပြီး မြို့သေးသေးလေးတစ်မြို့ဖြစ်တဲ့ Crewe ဆိုတဲ့ မြို့လေးထဲမှာ စာရင်းသွင်းခဲ့ပါတယ်။ ထိုမြို့မှာ ၄င်းတို့ ကားမော်ဒယ် အမျိုးအစား (၄) ခုကို လက်နဲ့ တည်ဆောက်ခဲ့ပါတယ်။ ၄င်းမော်ဒယ်တွေကတော့ rakish Continental GT, the beefier Flying Spur, the massive Mulsanne
နဲ့ SUV အမျိုးအစားတစ်မျိုးဖြစ်တဲ့ the Bentayga တို့ ဖြစ်ပါတယ်။

Bentley Flying Spur သည် တံခါးလေးပေါက် ဆီဒန်အမျိုးအစားဖြစ်ပြီး ပုံမှန်ဆီဒန်အမျိုးအစားတွေထက် အနည်းငယ်သေးငယ်ပါတယ်။ ၄င်းကားရဲ့ နောက်ခုံသည် ကိုယ်ပိုင်ယာဉ်မောင်းကားတစ်စီးဖြစ်ဖို့ ပြည့်စုံလုံလောက်မှုရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး ၄င်းကားအမျိုးအစားသည် သူအရင်ထုတ်ထားတဲ့ Mulsanne အမျိုးအစားထက်ပိုပြီး Sport ကားပုံစံပိုဆန်တာကို တွေ့ရမှာဖြစ်ပါတယ်။drive-feature-13

ကားရဲ့အသွင်အပြင်က နောက်ဆုံးထုတ်မော်ဒယ်ကား တော်တော်များများထက် ပိုပြီး Classic ဆန်ပြီး ခိုင်ခံ့မာကြောတဲ့ ပုံသဏ္ဍာန်ဆောင်တာကို တွေ့ရပါတယ်။ ထိုကားတွေသည် နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ကားတွေဖြစ်ပြီး ဘယ်သူမှတော့ ကိုယ့်ရဲ့ဈေးကြီးတဲ့ကားကို ၄ နှစ်လောက် မော်ဒယ်နောက်ကျနေတာကို လိုချင်မှာမဟုတ်ပါဘူး။ နောက်မီးတွေသည် လိုအပ်တာထက်ပိုပြီး ရှေးရှိးဆန်နေပါတယ်။ ဒါပေမဲ့ ကားအရှေ့ဘက်မြင်ကွင်းကတော့ လုံးဝ Bentley ရဲ့ အမိုက်စားကားတစ်စီးပါပဲ။

နောက်တစ်ခုက မြန်ဆန်တာဖြစ်ပါတယ်။ ၄င်းမှာ ဆလင်ဒါ ၁၂လုံး၊ မြင်းကောင်ရေ ၆၂၅ ပါဝါရှိတဲ့ အင်ဂျင်ကို သုံးထားပါတယ်။ ၄ ဒသမ ၆ စက္ကန့်အတွင်းမှာ သုညမိုင်ကနေ ၁၀ဝ ကီလိုမီတာအထိ ပြေးနိုင်ပါတယ်။ ၄င်းရဲ့ လေးဘီးမောင်းစနစ်ဖြင့် အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၃၂၀ ကီလိုမီတာ အထိ တစ်ရှိန်ထိုး ချောမွေ့စွာ ပြေးနိုင်မှာဖြစ်ပါတယ်။ ထိုအမြန်နှုန်းကို ကြည့်မယ်ဆိုရင် Ferrari (ဒါမှမဟုတ်) Lamborghini တို့ရဲ့ အမြန်နှုန်းနီးနီးကို ပြေးတာဖြစ်ပါတယ်။ ပြီးတော့ ၄င်းရဲ့ ကြီးမားလေးလံတဲ့ကိုယ်ထည်ထဲ မယုံကြည်နိုင်လောက်တဲ့ နည်းပညာတွေကို ထည့်သွင်းထားပါသေးတယ်။

ဒါပေမဲ့ ထိုကားအမျိုးအစားတွေကို မြန်မာနိုင်ငံရဲ့လမ်းတွေထက်မှာတော့ ဘယ်တော့မှ မောင်းနှင်လို့အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲလို မောင်းနှင်ခဲ့လျှင်တော့ ထောင် (ဒါမှမဟုတ်) ဆေးရုံ တစ်ခုခုကိုသွားရဖို့ သေချာနေပါတယ်။ သင် ဒါကို သိနိုင်သမျှသိဖို့ ကောင်းပါတယ်။

ဒီလိုအမြန်နှုန်းနဲ့ သွားလာနိုင်တဲ့ကားတွေဟာ လမ်းတွေကောင်းမွန်ဖို့လိုအပ်ပါတယ်။ စမ်းသပ်မှုတွေအရ Bentley Flying Spur သည် ၄င်းနဲ့ ဆိုဒ်တူ အလေးချိန်တူတဲ့ အခြားကားတွေထက်ပိုပြီး စွမ်းဆောင်ရည်ကောင်းပါတယ်။ ဒါဟာ Bentley ရဲ့ထင်ရှားတဲ့ ထူးခြားချက်တစ်ခုလည်း ဖြစ်ပါတယ်။ Rolls ကားတွေဟာ လွင့်မျောနေတဲ့သဏ္ဍာန်ကို ဆောင်ပြီး Bentley ကားတွေကတော့ ခိုင်မြဲပေမဲ့ ပြောင်းလွယ်ပြုလွယ်ပါတယ်။

ကားရဲ့အတွင်းဘက်မှာတော leather တွေနဲ့ နေရာတိုင်းလိုလို (headliner ပေါ်မှာလည်း) ပြည့်နှစ်ပြီး လှပလျက်ရှိပါတယ်။ သစ်သားတော်တော်များများကိုလည်း အသုံးပြုထားပါတယ်။ အရောင်ဆန်းဆန်းတွေနဲ့ အလှဆင်ထားပြီး မျက်နှာပြင် ချောမွတ်မှုတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ Naim custom အသံစနစ်တွေကို အသုံးပြုထားပြီး နောက်ဘက်ထိုင်ခုံမှာ ရှန်ပိန်ထည့်ဖို့ ရေခဲသေတ္တာတောင် ပါပါသေးတယ်။

ကားရဲ့ ဒက်ရှ်ဘုတ်ပေါ်မှာတော့ Bentley ရဲ့ ကမ္ဘာ့ဈေးအကြီးဆုံးနာရီကို သိုသိပ်ကျစ်လစ်စွာ ထည့်ထားပါတယ်။ ခလုတ်တော်တော်များများကတော့ သတ္တုအစား ဝမ်းနည်းဖို့ကောင်းစွာ ပလတ်စတစ်တွေကို သုံးထားပါတယ်။ ဒါပေမဲ့ ကျွန်တော်ပဲ ပလတ်စတစ်ခလုတ်တွေကို မကြိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ အရည်အသွေးရှိတဲ့ ပလတ်စတစ်တွေကိုတောင် ဈေးပေါတယ်လို့ ခံစားမိတဲ့ လူတစ်ယောက်လေ။

တရုတ်ကတော့ အဲဒီအတွင်းဘက်က ပစ္စည်းတွေကို ကြိုက်ကြပါတယ်။ ရှန်ဟိုင်းနဲ့ ဘေကျင်းမီးပွိုင့်တွေမှာ
အကောင်းဆုံးကားတွေအဖြစ် အသုံးပြုနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်က Bentley ရဲ့ အကောင်းဆုံး Customer ဖြစ်ပါတယ်။ အကြာင်းအရာတစ်ရပ်အနေနဲ့ဆိုရသော် နယ်ချဲ့ဝါဒီဘိန်း အမြတ်ကြီးစားတို့သည် ဘရန်းရဲ့ ရှိရင်းစွဲဈေးကွက်ကို ပြောင်းလဲပစ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ ဒါပေမဲ့ Classic ဘရန်းတော်တော်များများသည် အချိန်နဲ့တစ်ပြေးညီ ပြောင်းလဲပစ်ရမှာဖြစ်ပါတယ်။

Zawgyi version…

ခိုုင္ခံ့မႈအရွိဆံုုးဇိမ္ခံကား
drive-feature-11

Bentley ဟာ တစ္ခ်ိန္တုန္းက Rolls Royce အမွတ္တံဆိပ္ဘရန္းရဲ႕ Sport အမ်ိဳးအစား ဘရန္းတစ္ခုျဖစ္ခဲ့ပါတယ္။ ယခုအခ်ိန္မွာေတာ့ Volkswagen အမွတ္တံဆိပ္ကုမၸဏီက ပိုင္ဆိုင္သြားပါၿပီ။ ဒါေပမဲ့ ၄င္းရဲ႕ Bentley Flying Spur ကဲ့သို႔ေသာ ရာစုႏွစ္ပံုစံအေဟာင္း ဒီဇိုင္းျဖင့္ ဇိမ္ခံစူပါကားနဲ႔ စူပါပါဝါကားေတြလို အေကာင္းစားယာဥ္ေတြကို ဆက္လက္ထုတ္လုပ္လ်က္ရွိပါတယ္။

ေဈးအႀကီးဆံုး ၿဗိတိန္ကားေတြဟာ ခံစားမႈမတူညီတဲ့ ရသတစ္ခုကို ေပးစြမ္းႏိုင္ပါတယ္။ ၄င္းခံစားမႈဟာ ဂ်ာမနီထုတ္အမ်ိဳးအစားကားေတြ၊ ဂ်ပန္ထုတ္ကားေတြမွ ရရွိတဲ့ ခံစားမႈတို႔နဲ႔ မတူပါဘူး။ Jaguar, Rolls, Bentley
နဲ႔ Aston Martin စတဲ့ ကားအမွတ္တံဆိပ္ရွိတဲ့ကားေတြအားလံုးဟာ အနည္းငယ္စီေသာ ထူးျခားတဲ့လကၡဏာေတြရွိၾကပါတယ္။

အခ်က္အလက္တစ္ခုအားျဖင့္ ၄င္းတို႔ဟာ ႏွစ္လိုဖြယ္ေကာင္းၿပီး ခိုင္မာတဲ့ယံုၾကည္မႈကိုျဖစ္ေစကာ ႀကီးမားတဲ့ထုထည္ရွိတဲ့ ကားအမ်ိဳးအစားေတြျဖစ္ပါတယ္။ ၄င္း ၿဗိတိန္ကားေတြကို လမ္းေပၚမွာ ေမာင္းႏွင္တဲ့အခါ မိမိကိုယ္ကို ယံုၾကည္မႈနဲ႔ လံုၿခံဳမႈကို ခိုင္မာေစပါတယ္။ တျခား ကုမၸဏီေတြ ကားတံခါးမွန္ေတြ၊ ကားကိုယ္ထည္ panesl ေတြကို ပါးလႊာေအာင္ျပဳလုပ္ၿပီး ကားရဲ႕ ေလာင္စာဆီသက္သာေစဖို႔၊ စြမ္းေဆာင္ရည္တိုးျမႇင့္ႏိုင္ဖို႔ကို ျပဳလုပ္ပါတယ္။ ထိုကဲ့သို႔ျပဳလုပ္ၿပီး စြမ္းအင္နဲ႔ ကားရဲ႕အေလးခ်ိန္ကို အခ်ိဳးက်ေအာင္ ႀကိဳးစားေနခ်ိန္မွာ ၿဗိတိန္ကားကုမၸဏီကေတာ့ မုန္တိုင္းထဲမွာ သေဘၤာတစ္စင္းလို လူးလြန္႔ျခင္းကင္းေစဖို႔ ျပဳလုပ္ပါတယ္။ ထိုကဲ့သို႔ျပဳလုပ္ပံုကေတာ့ suspension ေတြနဲ႔အတူ စမတ္က်ၿပီး စြမ္းအင္တို႔ကို ေပါင္းထည့္ျခင္းအားျဖင့္ အေလးခ်ိန္ျပႆနာကို ေျဖရွင္းခဲ့တာ ျဖစ္ပါတယ္။ ေလာင္စာသံုးစြဲမႈ သက္သာျခင္းလား၊ တိုယိုတာလိုေတာ့ ေလာင္စာစား မသက္သာလွပါဘူး။

တျခားအခ်က္တစ္ခုအေနနဲ႔ ၿဗိတိန္ကားေတြဟာ လူေတာ္ေတာ္မ်ားမ်ားနဲ႔ သိပ္မနီးစပ္ၾကပါဘူး။ ဒါကိုေတာ့ စူပါကားေတြျဖစ္တဲ့ Jaguar F-Type နဲ႔ Aston Martins ကားအမ်ိဳးအစားေတြမွာ ပိုသိသာထင္ရွားစြာ ေတြ႕ရမွာျဖစ္ပါတယ္။ ၄င္းကားေတြထဲကို သင္ဝင္ၾကည့္ဖို႔ ႀကိဳးစားၾကည့္သင့္ပါတယ္။ (အတြင္းကို ဝင္ၾကည့္တဲ့ခဏ ေကာင္းမြန္တဲ့ခံစားမႈေတြရရွိမယ္လို႔ ထင္ပါတယ္) Rolls အမွတ္တံဆိပ္ကားေတြလို ႀကီးမားတဲ့ယာဥ္အမ်ိဳးအစားေတြ ျဖစ္ၿပီး Bentley ကားအမ်ိဳးအစားေတြဟာ တူညီတဲ့ ခံစားမႈေတြကို ခံစားရေစပါတယ္။

Bentleys ဟာ သင့္ကို ခံစားမႈႀကီးႀကီးေတြ၊ သန္မာမႈနဲ႔ ယံုၾကည္မႈေတြကို ခံစားရေစပါတယ္။ လမ္းေပၚမွာ ရွားပါးစြာ သြားလာေနၾကတဲ့ Bentleys အမွတ္တံဆိပ္ကားေတြကို သင္ေငးၾကည့္မိလို႔ သင့္ကိုယ္ကိုယ္ကို ရယ္ေမာမိပါလိမ့္မယ္။ ဟုတ္ပါတယ္။ သင္မမွားပါဘူး။drive-feature-12

Bentley ကားကုမၸဏီသည္ ၄င္းရဲ႕ ပထမဦးဆံုးကားကို ၁၉၁၉ ခုႏွစ္မွာ စတင္ထုတ္လုပ္ခဲ့ပါတယ္။ ေက်ာ္ၾကားလွတဲ႔ Sopwith Camel WWI biplane အတြက္ အင္ဂ်င္မ်ားကို ျပဳလုပ္ၿပီး မၾကာမီမွာျဖစ္ပါတယ္။ Sopwith Camel WWI biplane သည္ ၄င္းရဲ႕ ျမန္ႏႈန္းနဲ႔ ၾကာရွည္ခံျခင္းမွာ အၿမဲတမ္းေက်ာ္ၾကားပါတယ္။ ထို႔အျပင္ ၄င္းသည္ LeMans နဲ႔ Indianapolis 500 စေသာ ေမာ္ေတာ္ကားၿပိဳင္ပြဲေတြမွာ ေစာဦးပိုင္းအခ်ိန္ကတည္းက အျမင့္မားဆံုးအႏိုင္ရရွိခဲ့ေသာ (သို႔မဟုတ္) ၿပိဳင္ပြဲဝင္ကားမ်ားအျဖစ္ အသံုးျပဳခဲ့ေသာကားမ်ား ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Bentley ကားကုမၸဏီသည္ Rolls Royce ကားကုမၸဏီေအာက္ေရာက္ရွိခဲ့ၿပီး ကုမၸဏီပိုင္ရွင္တူ ျဖစ္ခဲ့ပါတယ္။ Bentley သည္ ငယ္ရြယ္တဲ့သူမ်ားနဲ႔ ခ်မ္းသာေသာသူမ်ားရဲ႕ ေရြးခ်ယ္စရာျဖစ္ခဲ့ပါတယ္။ ေရွး႐ိုးစြဲျဖစ္တဲ့ Rolls Royce ရဲ႕ Sport version အဆန္ဆံုးလည္းျဖစ္ပါတယ္။ Rolls Royce ဟာ စူပါဇိမ္ခံကားမ်ားအတြက္ ေက်နပ္စရာျဖစ္တဲ့ စြမ္းေဆာင္ရည္ေတြရွိတဲ့ ကားအမ်ိဳးအစားေတြကို ရည္ရြယ္တဲ့ ကားဘရန္းတစ္ခုျဖစ္ပါတယ္။

၁၉၇၀-၁၉၈၀ ခုႏွစ္၊ ၿဗိတိန္ကားေလာကရဲ႕ အေမွာင္ေခတ္ထဲတြင္ ထိုကားကုမၸဏီ ႏွစ္ခုလံုးကို ေဒဝါလီခံသြားရၿပီေတာင္ ထင္ခဲ့ၾကပါတယ္။ ေနာက္ေတာ့ ပိုင္ရွင္ေနာက္တစ္ေယာက္ေျပာင္းသြားခဲ့ပါတယ္။
Bentley ကို Rolls Royce နဲ႔ Volkswagen တို႔ျပဳလုပ္ေနသမွ်ကို BMW က ဆည္းပူးေနခဲ့ပါတယ္။
၄င္းဘရန္းႏွစ္ခုလံုးဟာ ၄င္းတို႔ရဲ႕ ေရွး႐ိုးအစိတ္အပိုင္းမ်ားကို ျဖဳတ္ခ်ထားရစ္ခဲ့ပါေတာ့တယ္။

Bentley ဟာ ယူေကႏိုင္ငံေျမာက္ပိုင္းမွာရွိၿပီး ၿမိဳ႕ေသးေသးေလးတစ္ၿမိဳ႕ျဖစ္တဲ့ Crewe ဆိုတဲ့ ၿမိဳ႕ေလးထဲမွာ စာရင္းသြင္းခဲ႔ပါတယ္။ ထိုၿမိဳ႕မွာ ၄င္းတို႔ ကားေမာ္ဒယ္ အမ်ိဳးအစား (၄) ခုကို လက္နဲ႔ တည္ေဆာက္ခဲ့ပါတယ္။ ၄င္းေမာ္ဒယ္ေတြကေတာ့ rakish Continental GT, the beefier Flying Spur, the massive Mulsanne
နဲ႔ SUV အမ်ိဳးအစားတစ္မ်ိဳးျဖစ္တဲ့ the Bentayga တို႔ ျဖစ္ပါတယ္။

Bentley Flying Spur သည္ တံခါးေလးေပါက္ ဆီဒန္အမ်ိဳးအစားျဖစ္ၿပီး ပံုမွန္ဆီဒန္အမ်ိဳးအစားေတြထက္ အနည္းငယ္ေသးငယ္ပါတယ္။ ၄င္းကားရဲ႕ ေနာက္ခံုသည္ ကိုယ္ပိုင္ယာဥ္ေမာင္းကားတစ္စီးျဖစ္ဖို႔ ျပည့္စံုလံုေလာက္မႈရွိတာကို ေတြ႔ရမွာျဖစ္ပါတယ္။ ေနာက္ၿပီး ၄င္းကားအမ်ိဳးအစားသည္ သူအရင္ထုတ္ထားတဲ့ Mulsanne အမ်ိဳးအစားထက္ပိုၿပီး Sport ကားပံုစံပိုဆန္တာကို ေတြ႔ရမွာျဖစ္ပါတယ္။drive-feature-13

ကားရဲ႕အသြင္အျပင္က ေနာက္ဆံုးထုတ္ေမာ္ဒယ္ကား ေတာ္ေတာ္မ်ားမ်ားထက္ ပိုၿပီး Classic ဆန္ၿပီး ခိုင္ခံ့မာေၾကာတဲ့ ပံုသ႑ာန္ေဆာင္တာကို ေတြ႔ရပါတယ္။ ထိုကားေတြသည္ ေနာက္ဆံုးထုတ္လုပ္ခဲ့တဲ့ကားေတြျဖစ္ၿပီး ဘယ္သူမွေတာ့ ကိုယ့္ရဲ႕ေဈးႀကီးတဲ့ကားကို ၄ ႏွစ္ေလာက္ ေမာ္ဒယ္ေနာက္က်ေနတာကို လိုခ်င္မွာမဟုတ္ပါဘူး။ ေနာက္မီးေတြသည္ လိုအပ္တာထက္ပိုၿပီး ေရွးရွိးဆန္ေနပါတယ္။ ဒါေပမဲ့ ကားအေရွ႕ဘက္ျမင္ကြင္းကေတာ့ လံုးဝ Bentley ရဲ႕ အမိုက္စားကားတစ္စီးပါပဲ။

ေနာက္တစ္ခုက ျမန္ဆန္တာျဖစ္ပါတယ္။ ၄င္းမွာ ဆလင္ဒါ ၁၂လံုး၊ ျမင္းေကာင္ေရ ၆၂၅ ပါဝါရွိတဲ့ အင္ဂ်င္ကို သံုးထားပါတယ္။ ၄ ဒသမ ၆ စကၠန္႔အတြင္းမွာ သုညမိုင္ကေန ၁၀ဝ ကီလိုမီတာအထိ ေျပးႏိုင္ပါတယ္။ ၄င္းရဲ႕ ေလးဘီးေမာင္းစနစ္ျဖင့္ အျမင့္ဆံုးျမန္ႏႈန္း တစ္နာရီ ၃၂၀ ကီလိုမီတာ အထိ တစ္ရွိန္ထိုး ေခ်ာေမြ႕စြာ ေျပးႏိုင္မွာျဖစ္ပါတယ္။ ထိုအျမန္ႏႈန္းကို ၾကည့္မယ္ဆိုရင္ Ferrari (ဒါမွမဟုတ္) Lamborghini တို႔ရဲ႕ အျမန္ႏႈန္းနီးနီးကို ေျပးတာျဖစ္ပါတယ္။ ၿပီးေတာ့ ၄င္းရဲ႕ ၾကီးမားေလးလံတဲ့ကိုယ္ထည္ထဲ မယံုၾကည္ႏိုင္ေလာက္တဲ့ နည္းပညာေတြကို ထည့္သြင္းထားပါေသးတယ္။

ဒါေပမဲ့ ထိုကားအမ်ိဳးအစားေတြကို ျမန္မာႏိုင္ငံရဲ႕လမ္းေတြထက္မွာေတာ့ ဘယ္ေတာ့မွ ေမာင္းႏွင္လို႔အဆင္ေျပမွာ မဟုတ္ပါဘူး။ အဲလို ေမာင္းႏွင္ခဲ့လွ်င္ေတာ့ ေထာင္ (ဒါမွမဟုတ္) ေဆး႐ံု တစ္ခုခုကိုသြားရဖို႔ ေသခ်ာေနပါတယ္။ သင္ ဒါကို သိႏိုင္သမွ်သိဖို႔ ေကာင္းပါတယ္။

ဒီလိုအျမန္ႏႈန္းနဲ႔ သြားလာႏိုင္တဲ့ကားေတြဟာ လမ္းေတြေကာင္းမြန္ဖို႔လိုအပ္ပါတယ္။ စမ္းသပ္မႈေတြအရ Bentley Flying Spur သည္ ၄င္းနဲ႔ ဆိုဒ္တူ အေလးခ်ိန္တူတဲ့ အျခားကားေတြထက္ပိုၿပီး စြမ္းေဆာင္ရည္ေကာင္းပါတယ္။ ဒါဟာ Bentley ရဲ႕ထင္ရွားတဲ့ ထူးျခားခ်က္တစ္ခုလည္း ျဖစ္ပါတယ္။ Rolls ကားေတြဟာ လြင့္ေမ်ာေနတဲ့သ႑ာန္ကို ေဆာင္ၿပီး Bentley ကားေတြကေတာ့ ခိုင္ၿမဲေပမဲ့ ေျပာင္းလြယ္ျပဳလြယ္ပါတယ္။

ကားရဲ႕အတြင္းဘက္မွာေတာ leather ေတြနဲ႔ ေနရာတိုင္းလိုလို (headliner ေပၚမွာလည္း) ျပည့္ႏွစ္ၿပီး လွပလ်က္ရွိပါတယ္။ သစ္သားေတာ္ေတာ္မ်ားမ်ားကိုလည္း အသံုးျပဳထားပါတယ္။ အေရာင္ဆန္းဆန္းေတြနဲ႔ အလွဆင္ထားၿပီး မ်က္ႏွာျပင္ ေခ်ာမြတ္မႈေတြကိုလည္း ေတြ႔ရမွာျဖစ္ပါတယ္။ Naim custom အသံစနစ္ေတြကို အသံုးျပဳထားၿပီး ေနာက္ဘက္ထိုင္ခံုမွာ ရွန္ပိန္ထည့္ဖို႔ ေရခဲေသတၲာေတာင္ ပါပါေသးတယ္။

ကားရဲ႕ ဒက္ရွ္ဘုတ္ေပၚမွာေတာ႔ Bentley ရဲ႕ ကမၻာ႔ေဈးအၾကီးဆံုးနာရီကို သိုသိပ္က်စ္လစ္စြာ ထည့္ထားပါတယ္။ ခလုတ္ေတာ္ေတာ္မ်ားမ်ားကေတာ့ သတၲဳအစား ဝမ္းနည္းဖို႔ေကာင္းစြာ ပလတ္စတစ္ေတြကို သံုးထားပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္ပဲ ပလတ္စတစ္ခလုတ္ေတြကို မႀကိဳက္တာလည္း ျဖစ္ႏိုင္ပါတယ္။ ကြ်န္ေတာ္ကေတာ႔ အရည္အေသြးရွိတဲ့ ပလတ္စတစ္ေတြကိုေတာင္ ေဈးေပါတယ္လို႔ ခံစားမိတဲ့ လူတစ္ေယာက္ေလ။

တ႐ုတ္ကေတာ့ အဲဒီအတြင္းဘက္က ပစၥည္းေတြကို ၾကိဳက္ၾကပါတယ္။ ရွန္ဟိုင္းနဲ႔ ေဘက်င္းမီးပြိဳင့္ေတြမွာ
အေကာင္းဆံုးကားေတြအျဖစ္ အသံုးျပဳေနတာကို ေတြ႔ရမွာ ျဖစ္ပါတယ္။ တ႐ုတ္က Bentley ရဲ႕ အေကာင္းဆံုး Customer ျဖစ္ပါတယ္။ အၾကာင္းအရာတစ္ရပ္အေနနဲ႔ဆိုရေသာ္ နယ္ခ်ဲ႕ဝါဒီဘိန္း အျမတ္ႀကီးစားတို႔သည္ ဘရန္းရဲ႕ ရွိရင္းစြဲေဈးကြက္ကို ေျပာင္းလဲပစ္တာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္လိမ့္မယ္။ ဒါေပမဲ့ Classic ဘရန္းေတာ္ေတာ္မ်ားမ်ားသည္ အခ်ိန္နဲ႔တစ္ေျပးညီ ေျပာင္းလဲပစ္ရမွာျဖစ္ပါတယ္။