ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ကားတစ်စီးရဲ့သွင်ပြင်၊ စွမ်းဆောင်ရည်နဲ့ နည်းပညာပိုင်းဆန်းသစ်မှုတွေအတွက် အရေးပါတဲ့ Accessories & Gadgets တွေအကြောင်းပါ။ အမြဲလိုလို အသစ် အသစ်ထွက်ရှိနေတဲ့ Gadget တွေကို ကားချစ်သူတွေ မလွတ်တမ်းသိရစေဖို့အတွက်လည်း ရည်ရွယ်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ ဖတ်ရှုကြည့်လိုက်ပါဦး..။

1.Fobo Tire Plus
Price – ($168)

ကားဘီးတွေအားလုံး လေပေါင်ချိန် ညီညီမျှမျှရှိနေမှုဟာ တာယာတွေရဲ့သက်တမ်းနဲ့ fuel efficiency အတွက် အကျိုးများစေပါတယ်။ ကားဘီးတွေရဲ့လေပေါင်ချိန်ပမာဏကို သင်သုံးနေကျကိရိယာကပြတဲ့ရလဒ်ထက် ပိုပြီးတိတိကျကျပြပေးနိုင်တဲ့ Fobo Tire Plus ရှိနေပြီဆိုတာ လက်တို့ပေးလိုက်ပါရစေ။ Fobo Tire Plus နဲ့ စမတ်ဖုန်းကို Bluetooth စနစ်သုံးချိတ်ဆက်လိုက်တာနဲ့ Fobo app က ကားဘီးတွေရဲ့ လေပေေါင်ချိန်အေခြေအနေကေို အမြဲ စောင့်ကြည့်အသိပေးနေမှာဖြစ်ပါတယ်။

2.Scosche USB Charger
Price – ($10)

အားသွင်းရမယ့် device တွေများနေချိန်မျိုးမှာ ကိုယ့်ကားထဲက USB Charger က port တစ်ခုပဲပါနေလို့ စိတ်တိုင်းမကျဖြစ်ရဖူးပါသလား .. ဒါက USB port ၂ ခုပါတဲ့ Scosche charger ရှိနေရင် ပြေလည်သွားမယ့်ကိစ္စပါ။ ဒီဇိုင်းရိုးပြီး ဈေးနည်းပေမဲ့ တကယ်အသုံးတည့်တဲ့ gadget လေးဖြစ်ပါတယ်။

3.Tile Mate
Price – ($25)

ကျွန်တော်တို့ရဲ့ဘဝတစ်လျောက်မှာရှိခဲ့တဲ့ မေ့လျော့ပေါ့ဆမှုတွေဟာ ကျွန်တော်တို့ကို မလိုအပ်ဘဲငွေကုန်ကြေးကျများစေခဲ့ပါတယ်။ မေ့ကျန်ရစ်ခဲ့မှုအများဆုံးသောပစ္စည်းတွေထဲကတစ်ခုကတော့ ကားသော့ ပါပဲ။ မေ့လျော့နေတဲ့တစ်ခုခုကို ပြန်အစဖော်စဉ်းစားရတာကလည်း အတော်လေးကို မလွယ်ကူတဲ့ကိစ္စပါ။ အခုကတော့ Blurtooth စနစ်သုံး Tile Mate ရှိလာပြီဖြစ်လို့ ကားသော့ကို ကားထဲမှာမေ့ကျန်ခဲ့တယ်ဆိုရင်တောင် Tile Mate app ကနေခြေရာခံပြီး ပြန်ရှာလို့ရနိုင်ပါပြီ။ Tile Mate က ဈေးကွက်ထဲမှာ အကောင်းဆုံး Bluetooth tracker ဖြစ်နေသလို infotainment system အတော်များများနဲ့လည်း ကိုက်ညီမှုရှိပါတယ်။

4.Nanopresso
Price – ($80)

ကျွန်တော်တို့တွေအထဲက အများစုဟာ တစ်နေ့တာအလုပ်တွေကို ကော်ဖီတစ်ခွက်နဲ့ အစပြုရင် လုပ်ဆောင်တတ်ကြသူတွေပါ။ ဒါပေမဲ့ အလုပ်ချိန်အမီရောက်ဖို့ အပြေးအလွှားနဲ့ အလျင်စလိုသွားလာရတဲ့အခါမျိုးဆိုရင်တော့ ကိုယ်ကြိုက်လှပါတယ်ဆိုတဲ့ကော်ဖီကိုတောင် ဝယ်ဖို့အချိန်မရှိတော့ပါဘူး။ အဲဒီလိုအခက်အခဲတွေအတွက် မစိုးရိမ်နေတော့နဲ့ လို့ သင့်ကို Nanopresso က ပြောလာပါလိမ့်မယ်။ နေ့ရက်တိုင်းမှာ တက်သုတ်ရိုက်သွားလာလှုပ်ရှားနေရတဲ့သူတိုင်းရဲ့ မနက်ခင်းကော်ဖီတစ်ခွက်အတွက် အိတ်ဆောင်ကော်ဖီဖျော်စက်လေး ကဖန်တီးပေးသွားမှာပါ။

5.Hudway Drive
Price – ($190)

Dashboard ပေါ်မှာတပ်ဆင်ထားတဲ့ Hudway ရဲ့ Wireless Head-up display က သင့်ရဲ့စမတ်ဖုန်းမျက်နှာပြင်ကို သင့်မျက်လုံးရှေ့တည့်တည့်မှာ ပြသပေးနေမှာပါ။ HUD ပေါ်က လမ်းညွှန်မှုတွေကိုကြည့်နေရင်းနဲ့တောင် ဖုန်းခေါ်ဆိုတာ၊ လမ်းကြောင်းသတ်မှတ်တာနဲ့ တည်နေရာမျှ ဝေပေးတာတွေလို သာမန်ကိစမျိုး္စတွေကို ဆက်လုပ်ဆောင်လို့ရဦးမှာဖြစ်ပါတယ်။ ပုံရိပ်တွေကို သင့်ရဲ့အရှေ့ ၉ ပေအကွာလောက်မှာရှိနေသလိုမြင်ရအောင် Transparent lens က ဖန်တီးပေးထားလို့ နေ့ ညမရွေး သဲသဲကွဲကွဲမြင်နေရစေပါလိမ့်မယ်။

6.Vanmass Wireless Car Charger
Price – ($46)

Vanmass Car Charger ကို ၄ လက်မ – ၆.၅ လက်မအရွယ်အစားစမတ်ဖုန်းတွေအတွက် ထောက်တိုင်အဖြစ်သာမကဘဲ wireless charger လိုလည်းသုံးနိုင်ပါတယ်။ ထောက်တိုင်ရဲ့ပုံစံကို ကိုယ်လိုသလိုပြောင်းလဲလို့ရတဲ့အတွက် ဖုန်းကို ကားရဲ့ dashboard, air vent, windshield ဘယ်နေရာမှာဖြစ်ဖြစ် စိတ်ချလက်ချထားလို့ရစေမှာပါ။

7.Garmin Dash Cam 56
Price – ($200)

Garmin Dash Cam 56 က ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပြီးချိန် အမှားအယွင်းပြန်စစ်ဆေးတဲ့ကိစ္စမျိုးအတွက် အသုံးအဝင်ဆုံးကိရိယာပါပဲ။ ဖြစ်စဉ်ရဲ့ပုံရိပ်နဲ့ ရုပ်သံတွေကို 1080p အရည်အသွေးနဲ့ ရိုက်ကူးမှတ်သားထားနိုင်သလို ဖြစ်ပွားတဲ့နေရာနဲ့ အချိန်ကိုပြန်ပြသနိုင်မယ့် GPS မှတ်တမ်းတစ်ခုကိုလည်း ဖန်တီးမှတ်သားထားမှာပါ။ voice command နဲ့ စေခိုင်းနိုင်တဲ့စနစ်လည်းပါဝင်နေပါတယ်။

(Zawgyi)

သင့္ကားအတြက္ဝယ္သုံးၾကည့္သင့္တဲ့ အမိုက္စား Gadget မ်ား

ဒီတစ္ခါေဖာ္ျပေပးခ်င္တာကေတာ့ ကားတစ္စီးရဲ႕သြင္ျပင္၊ စြမ္းေဆာင္ရည္နဲ႔ နည္းပညာပိုင္းဆန္းသစ္မႈေတြအတြက္ အေရးပါတဲ့ Accessories & Gadgets ေတြအေၾကာင္းပါ။ အၿမဲလိုလို အသစ္ အသစ္ထြက္ရွိေနတဲ့ Gadget ေတြကို ကားခ်စ္သူေတြ မလြတ္တမ္းသိရေစဖို႔အတြက္လည္း ရည္႐ြယ္တင္ဆက္ေပးလိုက္တာျဖစ္ပါတယ္။ ဖတ္ရႈၾကည့္လိုက္ပါဦး..။

1.Fobo Tire Plus
Price – ($168)

ကားဘီးေတြအားလုံး ေလေပါင္ခ်ိန္ ညီညီမွ်မွ်ရွိေနမႈဟာ တာယာေတြရဲ႕သက္တမ္းနဲ႔ fuel efficiency အတြက္ အက်ိဳးမ်ားေစပါတယ္။ ကားဘီးေတြရဲ႕ေလေပါင္ခ်ိန္ပမာဏကို သင္သုံးေနက်ကိရိယာကျပတဲ့ရလဒ္ထက္ ပိုၿပီးတိတိက်က်ျပေပးႏိုင္တဲ့ Fobo Tire Plus ရွိေနၿပီဆိုတာ လက္တို႔ေပးလိုက္ပါရေစ။ Fobo Tire Plus နဲ႔ စမတ္ဖုန္းကို Bluetooth စနစ္သုံးခ်ိတ္ဆက္လိုက္တာနဲ႔ Fobo app က ကားဘီးေတြရဲ႕ ေလေပေါင္ခ်ိန္ေအေျခအေနေကို အၿမဲ ေစာင့္ၾကည့္အသိေပးေနမွာျဖစ္ပါတယ္။

2.Scosche USB Charger
Price – ($10)

အားသြင္းရမယ့္ device ေတြမ်ားေနခ်ိန္မ်ိဳးမွာ ကိုယ့္ကားထဲက USB Charger က port တစ္ခုပဲပါေနလို႔ စိတ္တိုင္းမက်ျဖစ္ရဖူးပါသလား .. ဒါက USB port ၂ ခုပါတဲ့ Scosche charger ရွိေနရင္ ေျပလည္သြားမယ့္ကိစၥပါ။ ဒီဇိုင္း႐ိုးၿပီး ေဈးနည္းေပမဲ့ တကယ္အသုံးတည့္တဲ့ gadget ေလးျဖစ္ပါတယ္။

3.Tile Mate
Price – ($25)

ကြၽန္ေတာ္တို႔ရဲ႕ဘဝတစ္ေလ်ာက္မွာရွိခဲ့တဲ့ ေမ့ေလ်ာ့ေပါ့ဆမႈေတြဟာ ကြၽန္ေတာ္တို႔ကို မလိုအပ္ဘဲေငြကုန္ေၾကးက်မ်ားေစခဲ့ပါတယ္။ ေမ့က်န္ရစ္ခဲ့မႈအမ်ားဆုံးေသာပစၥည္းေတြထဲကတစ္ခုကေတာ့ ကားေသာ့ ပါပဲ။ ေမ့ေလ်ာ့ေနတဲ့တစ္ခုခုကို ျပန္အစေဖာ္စဥ္းစားရတာကလည္း အေတာ္ေလးကို မလြယ္ကူတဲ့ကိစၥပါ။ အခုကေတာ့ Blurtooth စနစ္သုံး Tile Mate ရွိလာၿပီျဖစ္လို႔ ကားေသာ့ကို ကားထဲမွာေမ့က်န္ခဲ့တယ္ဆိုရင္ေတာင္ Tile Mate app ကေနေျခရာခံၿပီး ျပန္ရွာလို႔ရႏိုင္ပါၿပီ။ Tile Mate က ေဈးကြက္ထဲမွာ အေကာင္းဆုံး Bluetooth tracker ျဖစ္ေနသလို infotainment system အေတာ္မ်ားမ်ားနဲ႔လည္း ကိုက္ညီမႈရွိပါတယ္။

4.Nanopresso
Price – ($80)

ကြၽန္ေတာ္တို႔ေတြအထဲက အမ်ားစုဟာ တစ္ေန႔တာအလုပ္ေတြကို ေကာ္ဖီတစ္ခြက္နဲ႔ အစျပဳရင္ လုပ္ေဆာင္တတ္ၾကသူေတြပါ။ ဒါေပမဲ့ အလုပ္ခ်ိန္အမီေရာက္ဖို႔ အေျပးအလႊားနဲ႔ အလ်င္စလိုသြားလာရတဲ့အခါမ်ိဳးဆိုရင္ေတာ့ ကိုယ္ႀကိဳက္လွပါတယ္ဆိုတဲ့ေကာ္ဖီကိုေတာင္ ဝယ္ဖို႔အခ်ိန္မရွိေတာ့ပါဘူး။ အဲဒီလိုအခက္အခဲေတြအတြက္ မစိုးရိမ္ေနေတာ့နဲ႔ လို႔ သင့္ကို Nanopresso က ေျပာလာပါလိမ့္မယ္။ ေန႔ရက္တိုင္းမွာ တက္သုတ္႐ိုက္သြားလာလႈပ္ရွားေနရတဲ့သူတိုင္းရဲ႕ မနက္ခင္းေကာ္ဖီတစ္ခြက္အတြက္ အိတ္ေဆာင္ေကာ္ဖီေဖ်ာ္စက္ေလး ကဖန္တီးေပးသြားမွာပါ။

5.Hudway Drive
Price – ($190)

Dashboard ေပၚမွာတပ္ဆင္ထားတဲ့ Hudway ရဲ႕ Wireless Head-up display က သင့္ရဲ႕စမတ္ဖုန္းမ်က္ႏွာျပင္ကို သင့္မ်က္လုံးေရွ႕တည့္တည့္မွာ ျပသေပးေနမွာပါ။ HUD ေပၚက လမ္းၫႊန္မႈေတြကိုၾကည့္ေနရင္းနဲ႔ေတာင္ ဖုန္းေခၚဆိုတာ၊ လမ္းေၾကာင္းသတ္မွတ္တာနဲ႔ တည္ေနရာမွ် ေဝေပးတာေတြလို သာမန္ကိစမ်ိဳးၥေတြကို ဆက္လုပ္ေဆာင္လို႔ရဦးမွာျဖစ္ပါတယ္။ ပုံရိပ္ေတြကို သင့္ရဲ႕အေရွ႕ ၉ ေပအကြာေလာက္မွာရွိေနသလိုျမင္ရေအာင္ Transparent lens က ဖန္တီးေပးထားလို႔ ေန႔ ညမေ႐ြး သဲသဲကြဲကြဲျမင္ေနရေစပါလိမ့္မယ္။

.6Vanmass Wireless Car Charger
Price – ($46)

Vanmass Car Charger ကို ၄ လက္မ – ၆.၅ လက္မအ႐ြယ္အစားစမတ္ဖုန္းေတြအတြက္ ေထာက္တိုင္အျဖစ္သာမကဘဲ wireless charger လိုလည္းသုံးႏိုင္ပါတယ္။ ေထာက္တိုင္ရဲ႕ပုံစံကို ကိုယ္လိုသလိုေျပာင္းလဲလို႔ရတဲ့အတြက္ ဖုန္းကို ကားရဲ႕ dashboard, air vent, windshield ဘယ္ေနရာမွာျဖစ္ျဖစ္ စိတ္ခ်လက္ခ်ထားလို႔ရေစမွာပါ။

7.Garmin Dash Cam 56
Price – ($200)

Garmin Dash Cam 56 က ယာဥ္မေတာ္တဆမႈတစ္ခုျဖစ္ၿပီးခ်ိန္ အမွားအယြင္းျပန္စစ္ေဆးတဲ့ကိစၥမ်ိဳးအတြက္ အသုံးအဝင္ဆုံးကိရိယာပါပဲ။ ျဖစ္စဥ္ရဲ႕ပုံရိပ္နဲ႔ ႐ုပ္သံေတြကို 1080p အရည္အေသြးနဲ႔ ႐ိုက္ကူးမွတ္သားထားႏိုင္သလို ျဖစ္ပြားတဲ့ေနရာနဲ႔ အခ်ိန္ကိုျပန္ျပသႏိုင္မယ့္ GPS မွတ္တမ္းတစ္ခုကိုလည္း ဖန္တီးမွတ္သားထားမွာပါ။ voice command နဲ႔ ေစခိုင္းႏိုင္တဲ့စနစ္လည္းပါဝင္ေနပါတယ္။

Ref: DigitalTrends “The coolest car gadgets for 2020”