ျမန္မာႏိုင္ငံသည့္ ေရာက္ရိွလာသည့္ 1955 Oxford Land Rover The Last Overland စင္ကာပူမွ လန္ဒန္သို႔ မိုင္းေပါင္တစ္ေသာင္းခရီးစဥ္

၂၀ ရာစု၏ အထင္ကရအျဖစ္ဆံုးႏွင့္ စိန္ေခၚမႈအရိွဆံုး ကားေမာင္းခရီးစဥ္ ‘Oxford’ Series I Land Rover ကို ျပန္လည္ဖန္တီးထားသည့္ The Last Overland သည္ ျမန္မာႏုိင္ငံ၊ ရန္ကုန္ၿမိဳ႕သို႔ စက္တင္ဘာ၊ (၅)ရက္ေန႔က စတင္ေရာက္ရိွလာခဲ့သည္။
ျမန္မာႏိုင္ငံအတြင္းသို႔ အိမ္နီးခ်င္းထုိင္းႏုိင္ငံမွ ဝင္ေရာက္လာခဲ့ေသာ The Last Overland အဖြဲ႕သည္ သူတုိ႔၏ လမ္းေၾကာင္းအတုိင္း ျမန္မာႏိုင္ငံ၏ သမိုင္းဝင္လွပေသာ ၿမိဳ႕မ်ားျဖစ္သည့္ ေမာ္လၿမိဳင္၊ ဘားအံ့ႏွင့္ ပဲခူးၿမိဳ႕တို႔ကို ေက်ာ္ျဖတ္ကာ ၿမိဳ႕ေတာ္ရန္ကုန္သို႔ Land Rover ခ်စ္သူမ်ားႏွင့္ ေတြ႕ဆံုရန္ ဝင္ေရာက္လာခဲ့ျခင္းျဖစ္သည္။
The First Overland ကို ၁၉၅၅ ခုႏွစ္ ၁၉၅၆ ခုႏွစ္အတြင္း လူငယ္(၆)ေယာက္ျဖင့္ ဖြဲ႕စည္းထားေသာ အဖြဲ႕သည္ အေရွ႕ကုန္းလမ္းကားေမာင္းခရီးစဥ္အျဖစ္ လန္ဒန္မွသည္ စင္ကာပူသို႔ မိုင္(၁၀,၀၀၀) ကို ပထမဆံုးအေနျဖင့္ ေအာင္ျမင္စြာျဖတ္ေက်ာ္ေမာင္းႏွင္ၿပီး သမိုင္းေရးထိုးခဲ့ၾကျခင္းျဖစ္သည္။
(၆၄)ႏွစ္ၾကာျမင့္ခဲ့ၿပီးေနာက္ The First Overland အဖြဲ႕တြင္ပါဝင္ခဲ့သူ Tim Slessor ႏွင့္ ေျမးျဖစ္သူတုိ႔ အပါအဝင္ လူ(၈)ေယာက္အဖြဲ႕သည္ ၁၉၅၅ ‘Oxford’ Land Rover Series I ကို မူလခရီးစဥ္အတုိင္း ျပန္လည္ေျခရာေကာက္ ေမာင္းႏွင္ၾကမည္ျဖစ္သည္။
အျပန္ခရီးစဥ္အျဖစ္ စင္ကာပူမွ လန္ဒန္သို႔ တုိက္ႀကီး(၃)တိုက္ကို ေက်ာ္ျဖတ္ေမာင္းႏွင္ၾကမည္ျဖစ္ၿပီး ထိုသို႔ေမာင္းႏွင္ျဖတ္ေက်ာ္ရာတြင္ ျမန္မာႏိုင္ငံႏွင့္ မေလးရွားေတာနက္မ်ား၊ တူရကီႏုိင္ငံေျမာက္ပိုင္းရိွ ဟိမဝႏၱာေတာင္တန္းမ်ား၊ အေရွ႕အလယ္ပိုင္းရိွ ကႏၱာရမ်ား အပါအဝင္ နီေပါ၊ တ႐ုတ္၊ ဥဇဘတ္ကစၥတန္၊ အီရန္ႏွင့္ ဘူေဂးရီးယား အစရိွသည့္ ႏုိင္ငံေပါင္း(၂၀)ေက်ာ္ကို ျဖတ္ေက်ာ္ေမာင္းႏွင္ၾကမည္ျဖစ္သည္။
The Last Overland ၏ ရည္မွန္းခ်က္မွာ စင္ကာပူမွ စတင္ထြက္ခြာသည့္ အခ်ိန္မွစတင္ၿပီး ရက္ေပါင္း(၁၀၀)ခန္႔အတြင္း လန္ဒန္ၿမိဳ႕သို႔ ေရာက္ရိွရန္ၿပီး ‘Oxford’ ႏွင့္ The Last Overland အဖဲြ႕သည္ အိႏၵိယနယ္စပ္ကို ဆက္လက္ေမာင္းႏွင္ရန္အတြက္ ရန္ကုန္ၿမိဳ႕မွ စက္တင္ဘာ(၇)ရက္ေန႔တြင္ ျပန္လည္ထြက္ခြာမည္ျဖစ္သည္။

Unicode Version…

မြန်မာနိုင်ငံသည့် ရောက်ရှိလာသည့် 1955 Oxford Land Rover The Last Overland စင်ကာပူမှ လန်ဒန်သို့ မိုင်းပေါင်တစ်သောင်းခရီးစဉ်
၂၀ ရာစု၏ အထင်ကရအဖြစ်ဆုံးနှင့် စိန်ခေါ်မှုအရှိဆုံး ကားမောင်းခရီးစဉ် ‘Oxford’ Series I Land Rover ကို ပြန်လည်ဖန်တီးထားသည့် The Last Overland သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ စက်တင်ဘာ၊ (၅)ရက်နေ့က စတင်ရောက်ရှိလာခဲ့သည်။
မြန်မာနိုင်ငံအတွင်းသို့ အိမ်နီးချင်းထိုင်းနိုင်ငံမှ ဝင်ရောက်လာခဲ့သော The Last Overland အဖွဲ့သည် သူတို့၏ လမ်းကြောင်းအတိုင်း မြန်မာနိုင်ငံ၏ သမိုင်းဝင်လှပသော မြို့များဖြစ်သည့် မော်လမြိုင်၊ ဘားအံ့နှင့် ပဲခူးမြို့တို့ကို ကျော်ဖြတ်ကာ မြို့တော်ရန်ကုန်သို့ Land Rover ချစ်သူများနှင့် တွေ့ဆုံရန် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
The First Overland ကို ၁၉၅၅ ခုနှစ် ၁၉၅၆ ခုနှစ်အတွင်း လူငယ်(၆)ယောက်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့သည် အရှေ့ကုန်းလမ်းကားမောင်းခရီးစဉ်အဖြစ် လန်ဒန်မှသည် စင်ကာပူသို့ မိုင်(၁၀,၀၀၀) ကို ပထမဆုံးအနေဖြင့် အောင်မြင်စွာဖြတ်ကျော်မောင်းနှင်ပြီး သမိုင်းရေးထိုးခဲ့ကြခြင်းဖြစ်သည်။
(၆၄)နှစ်ကြာမြင့်ခဲ့ပြီးနောက် The First Overland အဖွဲ့တွင်ပါဝင်ခဲ့သူ Tim Slessor နှင့် မြေးဖြစ်သူတို့ အပါအဝင် လူ(၈)ယောက်အဖွဲ့သည် ၁၉၅၅ ‘Oxford’ Land Rover Series I ကို မူလခရီးစဉ်အတိုင်း ပြန်လည်ခြေရာကောက် မောင်းနှင်ကြမည်ဖြစ်သည်။
အပြန်ခရီးစဉ်အဖြစ် စင်ကာပူမှ လန်ဒန်သို့ တိုက်ကြီး(၃)တိုက်ကို ကျော်ဖြတ်မောင်းနှင်ကြမည်ဖြစ်ပြီး ထိုသို့မောင်းနှင်ဖြတ်ကျော်ရာတွင် မြန်မာနိုင်ငံနှင့် မလေးရှားတောနက်များ၊ တူရကီနိုင်ငံမြောက်ပိုင်းရှိ ဟိမဝန္တာတောင်တန်းများ၊ အရှေ့အလယ်ပိုင်းရှိ ကန္တာရများ အပါအဝင် နီပေါ၊ တရုတ်၊ ဥဇဘတ်ကစ္စတန်၊ အီရန်နှင့် ဘူဂေးရီးယား အစရှိသည့် နိုင်ငံပေါင်း(၂၀)ကျော်ကို ဖြတ်ကျော်မောင်းနှင်ကြမည်ဖြစ်သည်။
The Last Overland ၏ ရည်မှန်းချက်မှာ စင်ကာပူမှ စတင်ထွက်ခွာသည့် အချိန်မှစတင်ပြီး ရက်ပေါင်း(၁၀၀)ခန့်အတွင်း လန်ဒန်မြို့သို့ ရောက်ရှိရန်ပြီး ‘Oxford’ နှင့် The Last Overland အဖွဲ့သည် အိန္ဒိယနယ်စပ်ကို ဆက်လက်မောင်းနှင်ရန်အတွက် ရန်ကုန်မြို့မှ စက်တင်ဘာ(၇)ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here