Unicode version…
Volvo Cars Myanmar မှ The New Volvo V40 T3 နှင့် Service By Volvo တို့အား မိတ်ဆက်ပွဲကို ပြီးခဲ့သည့်ဇူလိုင် ၉ ရက်နေ့က Volvo Car Showroom တွင်ကျင်းပပြုလုပ်သွားခဲ့သည်။ အသစ်မိတ်ဆက်ခဲ့သော The New Volvo V40 T3 မှာ Hatchback အမျိုးအစားဖြစ်ပြီး 1.5L Petrol ကိုသုံးစွဲထားပြီး Auto Gear 6 ချက်ဖြစ်ကာ မြင်းကောင်ရေ ၁၅၂ ကောင် အားထွက်ရှိမည်ဖြစ်ပါသည်။ V40 T3 ၏ အပြင်ဘက်ဒီဇိုင်းမှာ စပေါ့ဆန်မှုကို အဓိကထားထားပြီး Thor ၏ Hammer ပုံစံဖြစ်ကာ မီးကြီး/သေးကိုအလိုအလျောက်ချိန်ညှိနိုင်သော LED Automatic Bending light များဖြစ်သည်။ ထို့အပြင် နောက်ဘက် Roof Spoiler,Rear fog light တို့ကဲ့သို့အဆင့်မြင့်မီးစနစ်ကို သုံးထားသည်။ အတွင်းခန်းတွင်မူ ယခင် Volvo ၏ အငွေ့အသက်များကိုခံစားနိုင်မည်ဖြစ်ပြီး 3 Spoke Leather Steering Wheel, လည်သာထိုင်ခုံများ၊ ပုံစံ ၂ မျိုးနှင့် မှတ်သားနိုင်ပြီး မော်တာနှင့်ချိန်ညှိနိုင်သော Driver Seat , 8 လက်မ TFT မော်နီတာ၊ Engine Start/Stop, Key less Entry, ကြည်လင်ပြတ်သားစွာမြင်တွေ့ရမည့် ဘောင်ပျောက်နောက်ကြည့်မှန််၊ လေကိုသန့်စင်ပေးနိုင်သောစနစ် Clean Zone ပါဝင်သည့်အဲကွန်း၊ High Performance Sound System တို့လည်းပါဝင်သည်။ Safety အနေဖြင့်လည်း Side Impact Protection System,City Safety Generation 2 , Blind Spot Info System,Cross Traffic Alert, Forward Collision Warning Generation 3 , Rear Parking Camera, Rain sensor Generation 2 , Hill Start Assist, Lane Keeping Aid နှင့် ရှေ့၊ဒူး၊ဘေးဘက်များကို ကာကွယ်ပေးနို်င်သော လေအိတ် ၉ လုံးပါဝင်ပါသည်။ ၎င်း၏စျေးနှုန်းမှာ USD 53000 မှစတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး ၃ နှစ်/ကီလိုမီတာ ၁ ၀န်ဆောင်မှုများနှင့် ပြုပြင်ထိန်းသိမ်းမှု အစီအစဉ်အရ ၀ယ်ယူသည့်နေ ့မှ ၃ နှစ် Unlimited ယာဉ်စက်ရုံအာမခံပေးမည်ဟု သိရသည်။
ဆက်လက်ပြီး Service By Volvo အကြောင်းမိတ်ဆက်ရာတွင် Volvo ကားအားလုံးကို ရိုးရှင်းသောဘဝပုံစံ၊ လုံခြုံစိတ် ချရမှု၊ သက်သောင့်သက်သာစီးနင်းလိုက်ပါနိုင်စေရန် ဖန်တီးထုတ်လုပ်ထားပြီး အဆိုပါဖန်တီးထုတ်လုပ်မှုကို Volvo Service 2.0 ဟုခေါ်ကာ စစ်မှန်သော အရည်အသွေးမှန်ပစ္စည်းများ၊ကျွမ်းကျင်ပညာရှင်များ၊ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများဖြင့် ပေါင်းစပ်ထားသော Service အာမခံမျိုးဖြစ်ကြောင်းလည်း Volvo Myanmar မှရှင်းလင်း ပြောကြားခဲ့သည်။ ထို့အပြင် Software Update ပြုလုပ်ခြင်း၊ ယာဉ်၏အခြေအနေ စစ်ဆေးခြင်းတို့ကိုလည်း အခမဲ့ပြု လုပ်ပေးခြင်း၊ ရေဆေးသန့်ရှင်းရေးလုပ်ပေးခြင်းနှင့် Personal Service Technician ဆိုင်ရာကမ်းလှမ်းမှုများလည်း ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။
Zawgyi version…
Volvo Cars Myanmar မွ The New Volvo V40 T3 ႏွင့္ Service By Volvo တုိ႔အား မိတ္ဆက္ပဲြကုိ ျပီးခဲ့သည့္ဇူလုိင္ ၉ ရက္ေန႔က Volvo Car Showroom တြင္က်င္းပျပဳလုပ္သြားခဲ့သည္။ အသစ္မိတ္ဆက္ခဲ့ေသာ The New Volvo V40 T3 မွာ Hatchback အမ်ိဳးအစားျဖစ္ျပီး 1.5L Petrol ကုိသုံးစြဲထားျပီး Auto Gear 6 ခ်က္ျဖစ္ကာ ျမင္းေကာင္ေရ ၁၅၂ ေကာင္ အားထြက္ရွိမည္ျဖစ္ပါသည္။ V40 T3 ၏ အျပင္ဘက္ဒီဇုိင္းမွာ စေပါ့ဆန္မွဳကုိ အဓိကထားထားျပီး Thor ၏ Hammer ပုံစံျဖစ္ကာ မီးၾကီး/ေသးကုိအလုိအေလ်ာက္ခ်ိန္ညွိႏိုင္ေသာ LED Automatic Bending light မ်ားျဖစ္သည္။ ထုိ႔အျပင္ ေနာက္ဘက္ Roof Spoiler,Rear fog light တုိ႔ကဲ့သုိ႔အဆင့္ျမင့္မီးစနစ္ကုိ သုံးထားသည္။ အတြင္းခန္းတြင္မူ ယခင္ Volvo ၏ အေငြ႔အသက္မ်ားကုိခံစားႏိုင္မည္ျဖစ္ျပီး 3 Spoke Leather Steering Wheel, လည္သာထုိင္ခုံမ်ား၊ ပုံစံ ၂ မ်ိဳးႏွင့္ မွတ္သားႏိုင္ျပီး ေမာ္တာႏွင့္ခ်ိန္ညွိႏိုင္ေသာ Driver Seat , 8 လက္မ TFT ေမာ္နီတာ၊ Engine Start/Stop, Key less Entry, ၾကည္လင္ျပတ္သားစြာျမင္ေတြ႕ရမည့္ ေဘာင္ေပ်ာက္ေနာက္ၾကည့္မွန္္၊ ေလကုိသန္႕စင္ေပးႏိုင္ေသာစနစ္ Clean Zone ပါဝင္သည့္အဲကြန္း၊ High Performance Sound System တုိ႕လည္းပါဝင္သည္။ Safety အေနျဖင့္လည္း Side Impact Protection System,City Safety Generation 2 , Blind Spot Info System,Cross Traffic Alert, Forward Collision Warning Generation 3 , Rear Parking Camera, Rain sensor Generation 2 , Hill Start Assist, Lane Keeping Aid ႏွင့္ ေရွ႕၊ဒူး၊ေဘးဘက္မ်ားကုိ ကာကြယ္ေပးႏို္င္ေသာ ေလအိတ္ ၉ လုံးပါဝင္ပါသည္။ ၎၏ေစ်းႏွဳန္းမွာ USD 53000 မွစတင္ဝယ္ယူႏိုင္မည္ျဖစ္ျပီး ၃ ႏွစ္/ကီလုိမီတာ ၁ ၀န္ေဆာင္မႈမ်ားႏွင့္ ျပဳျပင္ထိန္းသိမ္းမႈ အစီအစဥ္အရ ၀ယ္ယူသည့္ေန ့မွ ၃ ႏွစ္ Unlimited ယာဥ္စက္ရံုအာမခံေပးမည္ဟု သိရသည္။
ဆက္လက္ျပီး Service By Volvo အေၾကာင္းမိတ္ဆက္ရာတြင္ Volvo ကားအားလုံးကုိ ရုိးရွင္းေသာဘဝပုံစံ၊ လုံျခဳံစိတ္ ခ်ရမွဳ၊ သက္ေသာင့္သက္သာစီးနင္းလုိက္ပါႏိုင္ေစရန္ ဖန္တီးထုတ္လုပ္ထားျပီး အဆုိပါဖန္တီးထုတ္လုပ္မွဳကုိ Volvo Service 2.0 ဟုေခၚကာ စစ္မွန္ေသာ အရည္အေသြးမွန္ပစၥည္းမ်ား၊ကြ်မ္းက်င္ပညာရွင္မ်ား၊ယုံၾကည္စိတ္ခ်ရေသာ ဝန္ေဆာင္မွဳမ်ားျဖင့္ ေပါင္းစပ္ထားေသာ Service အာမခံမ်ိဳးျဖစ္ေၾကာင္းလည္း Volvo Myanmar မွရွင္းလင္း ေျပာၾကားခဲ့သည္။ ထုိ႔အျပင္ Software Update ျပဳလုပ္ျခင္း၊ ယာဥ္၏အေျခအေန စစ္ေဆးျခင္းတုိ႔ကုိလည္း အခမဲ့ျပဳ လုပ္ေပးျခင္း၊ ေရေဆးသန္႕ရွင္းေရးလုပ္ေပးျခင္းႏွင့္ Personal Service Technician ဆုိင္ရာကမ္းလွမ္းမွဳမ်ားလည္း ရရွိမည္ျဖစ္ေၾကာင္းလည္း သိရသည္။