Unicode Version…

အမေရိကန်ကားထုတ်လုပ်ရေးကုမ္ပဏီ King မှ ဒေါ်လာ ၂ သန်းတန် ကမ္ဘာ့ဈေး အကြီးဆုံး SUV Karlmann King ကိုပြီးခဲ့သည့်နှစ်က Dubai International Motor Show တွင်စတင်မိတ်ဆက်သွားခဲ့သည်။ အဆိုပါကားကို အကန့်အသတ်ဖြင့်သာထုတ်လုပ်ခဲ့ပြီး ၁၀စီးထုတ်လုပ်မည်ဟု သိရသည်။ ထိုကားမှာ Ford F-550 ကိုအခြေခံထား တည်ဆောက် ထားပြီး Chinese company IAT ကဒီဇိုင်းရေး ဆွဲပေးထားကာ ဥရောပတွင် တည်ဆောက် ခဲ့ခြင်းလည်းဖြစ်သည်။ ကားအရှည်မှာ ၆ မီတာရှိပြီး ၄.၅ မက်ထရစ်တန်လေးမည်ဖြစ်သည်။ ၎င်း၏ ပုံစံမှာ စစ်သုံးတင့်တစ်စီးနှင့်ဆင်ပြီး ခေတ်လွန်သိပ္ပံရုပ်ရှင်ကားများထဲမှ ကားများ အသွင်ဆောင်နေကာ ကြီးမားခန့်ညားပြီး အကြမ်းခံနိုင် သလို ဇိမ်ခံအကောင်းစားများဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ Karlmann King ကို 6.8-litre V10 engine ဖြင့်ထုတ်လုပ်ခဲ့ပြီး ပါဝါထွက်ရှိမှုမှာ မြင်းကောင်ရေ ၃၉၅ ရှိမည်ဖြစ်ပါသည်။ ဓါတ်ဆီ အင်ဂျင်ကို သုံးထားပြီး six-speed automatic gearbox ပါဝင်ပြီး အချိန်တိုင်းလေးဘီးယက်စနစ်ဖြစ်သည်။ Top speed အနေဖြင့် 87mph ကိုရောက်ရှိနိုင်မည်ဖြစ်ကာ ရှေ့နောက် ၂ ခုစလုံးair suspension ဖြစ်ပြီး ကာဗွန်ဖိုက်ဘာနှင့် စတီးလ် တို့ကိုပေါင်း စပ်ထုတ်လုပ်ထားကာ ကျည်ကာ ကိုယ်ထည် ကိုလည်း Optional အဖြစ်မှာယူနိုင်သည်။ အဆိုပါကားတွင် independent air conditioning စနစ်သုံးထားပြီး ကော်ဖီစက်၊ နီယွန်မီးစနစ်၊ ကြီးမား သည့် flat TV ၊ electric tables ၊ လေသန့်စင်စနစ်၊ ရေခဲသေတ္တာ စသည့် အကောင်းစား ပစ္စည်းများ ပါဝင်သည်။ အတွင်းခန်းတွင် စိန်ပုံသဏ္ဍာန် အကောင်း စားထိုင်ခုံများပါဝင်ပြီး ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီး၏ ထိုင်ခုံများထက်ကောင်းမွန်သည်ဟု သိရသည်။ ထိုင်ခုံ ၄ ခုံသာပါဝင်သော်လည်း ၇ ခုံအထိမှာယူနိုင်မည်ဖြစ်သည်။ ကားအတွင်းပိုင်း အပေါ်မှာ အာကာသ ထဲမှမြင်ကွင်း မျိုးမြင်ရမည်ဖြစ်သည်။ ကားတွင်ပါဝင်သော electric features အားလုံးကို ဖုန်းထဲရှိ car app မှတစ်ဆင့်ထိန်းချုပ်စေခိုင်းနိုင်သည်။ Entertainment အနေဖြင့် Hi-Fi sound system, PlayStation 4 and phone projection တို့အပြင် satellite TV , satellite Phone တို့ကို Optional အဖြစ်မှာယူနိုင်သည်။

၁၀ စီးသာထုတ္လုပ္သည့္ ကမာၻ႔ေဈး အႀကီးဆုံး SUV Karlmann King

Zawgyi Version…

အေမရိကန္ကားထုတ္လုပ္ေရးကုမၸဏီ King မွ ေဒၚလာ ၂ သန္းတန္ ကမာၻ႔ေဈး အႀကီးဆုံး SUV Karlmann King ကိုၿပီးခဲ့သည့္ႏွစ္က Dubai International Motor Show တြင္စတင္မိတ္ဆက္သြားခဲ့သည္။ အဆိုပါကားကို အကန႔္အသတ္ျဖင့္သာထုတ္လုပ္ခဲ့ၿပီး ၁၀စီးထုတ္လုပ္မည္ဟု သိရသည္။ ထိုကားမွာ Ford F-550 ကိုအေျခခံထား တည္ေဆာက္ ထားၿပီး Chinese company IAT ကဒီဇိုင္းေရး ဆြဲေပးထားကာ ဥေရာပတြင္ တည္ေဆာက္ ခဲ့ျခင္းလည္းျဖစ္သည္။ ကားအရွည္မွာ ၆ မီတာရွိၿပီး ၄.၅ မက္ထရစ္တန္ေလးမည္ျဖစ္သည္။ ၎၏ ပုံစံမွာ စစ္သုံးတင့္တစ္စီးႏွင့္ဆင္ၿပီး ေခတ္လြန္သိပၸံ႐ုပ္ရွင္ကားမ်ားထဲမွ ကားမ်ား အသြင္ေဆာင္ေနကာ ႀကီးမားခန္႔ညားၿပီး အၾကမ္းခံႏိုင္ သလို ဇိမ္ခံအေကာင္းစားမ်ားျဖင့္ ပါဝင္ဖြဲ႕စည္းထားသည္။ Karlmann King ကို 6.8-litre V10 engine ျဖင့္ထုတ္လုပ္ခဲ့ၿပီး ပါဝါထြက္ရွိမႈမွာ ျမင္းေကာင္ေရ ၃၉၅ ရွိမည္ျဖစ္ပါသည္။ ဓါတ္ဆီ အင္ဂ်င္ကို သုံးထားၿပီး six-speed automatic gearbox ပါဝင္ၿပီး အခ်ိန္တိုင္းေလးဘီးယက္စနစ္ျဖစ္သည္။ Top speed အေနျဖင့္ 87mph ကိုေရာက္ရွိႏိုင္မည္ျဖစ္ကာ ေရွ႕ေနာက္ ၂ ခုစလုံးair suspension ျဖစ္ၿပီး ကာဗြန္ဖိုက္ဘာႏွင့္ စတီးလ္ တို႔ကိုေပါင္း စပ္ထုတ္လုပ္ထားကာ က်ည္ကာ ကိုယ္ထည္ ကိုလည္း Optional အျဖစ္မွာယူႏိုင္သည္။ အဆိုပါကားတြင္ independent air conditioning စနစ္သုံးထားၿပီး ေကာ္ဖီစက္၊ နီယြန္မီးစနစ္၊ ႀကီးမား သည့္ flat TV ၊ electric tables ၊ ေလသန႔္စင္စနစ္၊ ေရခဲေသတၱာ စသည့္ အေကာင္းစား ပစၥည္းမ်ား ပါဝင္သည္။ အတြင္းခန္းတြင္ စိန္ပုံသ႑ာန္ အေကာင္း စားထိုင္ခုံမ်ားပါဝင္ၿပီး ကိုယ္ပိုင္ဂ်က္ေလယာဥ္တစ္စီး၏ ထိုင္ခုံမ်ားထက္ေကာင္းမြန္သည္ဟု သိရသည္။ ထုိင္ခုံ ၄ ခုံသာပါဝင္ေသာ္လည္း ၇ ခုံအထိမွာယူႏိုင္မည္ျဖစ္သည္။ ကားအတြင္းပိုင္း အေပၚမွာ အာကာသ ထဲမွျမင္ကြင္း မ်ိဳးျမင္ရမည္ျဖစ္သည္။ ကားတြင္ပါဝင္ေသာ electric features အားလုံးကို ဖုန္းထဲရွိ car app မွတစ္ဆင့္ထိန္းခ်ဳပ္ေစခိုင္းႏိုင္သည္။ Entertainment အေနျဖင့္ Hi-Fi sound system, PlayStation 4 and phone projection တို႔အျပင္ satellite TV , satellite Phone တို႔ကို Optional အျဖစ္မွာယူႏိုင္သည္။