ကားတာယာတွေက ကားအိတ်ဇောလိုမျိုး မီးခိုးငွေ့စွန့်ထုတ်တဲ့နေရာမဟုတ်လို့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုမဖြစ်စေနိုင်ဘူး ဆိုတဲ့အချက်ကို စာဖတ်သူအနေနဲ့ လက်ခံမှာလား? ငြင်းမှာလား?

အများစုကတော့ အလွယ်လေးလက်ခံလိုက်မယ်လို့ပဲ ထင်မိပါတယ်။ ဒါပေမဲ့ အဲဒီစကားက တကယ်တမ်းမှန်ကန်နေတာတော့ မဟုတ်ပါဘူး။ တာယာတွေကဖန်တီးနိုင်တဲ့ ညစ်ညမ်းမှုဟာ ကျွန်တော်တို့ထင်ထားတာထက် အများကြီးပိုပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ကားတာယာတွေကထွက်တဲ့ emission ပမာဏဟာ ကားအိတ်ဇောပိုက်ကထွက်တဲ့ emission ပမာဏထက် အဆ ၁၀၀၀ လောက်ပိုများနေကြောင်း Emissions Analytics အဖွဲ့က မကြာသေးခင်လေ့လာဆန်းစစ်ထားမှုတစ်ခုမှာ ဖော်ပြလိုက်ပါတယ်။ ရှေ့လျှောက်ထုတ်လုပ်ရောင်းချသွားမယ့်ကားမှန်သမျှ tailpipe မဲ့ကားတွေဖြစ်လာဖို့ ရည်မှန်းကြိုးစားနေတဲ့ဥရောပနိုင်ငံတချို့အနေနဲ့တော့ ဒီလေ့လာမှုရလဒ်အသစ်ကြောင့် ဖြေရှင်းစရာပြဿနာတစ်ခု ထပ်ရလိုက်သလိုပါပဲ။

ကိုယ်တိုင်က မီးခိုးမစွန့်ထုတ်ပေမယ့်လည်း တာယာတွေရဲ့ ယိုယွင်းပျက်စီးမှုဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေဖန်တီးဖို့ အဓိကအရင်းခံဖြစ်နေပါတယ်။ လမ်းပေါ်မှာ ကားဘီးကိုစလှိမ့်လိုက်ပြီဆိုတာနဲ့ တာယာအရည်အသွေးကစလျော့ပြီး တာယာစအမှုန်အမွှားလေးတွေကလည်း မြေကြီးထဲနစ်ဝင်သွားပါတယ်။ Non-exhaust Emission (အိတ်ဇောမဲ့အညစ်အကြေး) တွေကိုဖန်တီးနေတဲ့ ကားအစိတ်အပိုင်းတွေထဲမှာ တာယာနဲ့ ဘရိတ်တွေအပြင် လမ်းမျက်နှာပြင်အခင်းပါ ပါဝင်နေတယ်လို့လည်း Emissions Analytics က ဆိုပါတယ်။

အရည်အသွေးမြင့်တာယာတွေတပ်ဆင်ထားတဲ့ ဥရောပ hatchback တစ်စီးကို မောင်းနှင်စမ်းသပ်ခဲ့တဲ့ Emissions Analytics ရဲ့လေ့လာမှုမှာ 1 km မောင်းနှင်ပြီးတိုင်း အညစ်အကြေး 5.8 gm (or) 0.62 ml တိုင်းအညစ်အကြေး 0.16 ounc ကို တာယာတွေကစွန့်ထုတ်နေကြောင်းတွေ့ရှိခဲ့တာဖြစ်ပြီး ဒါဟာ tailpipe emission limit ကို 0.0045 gm/km လို့သတ်မှတ်ထားတဲ့ ဥရောပစံညွှန်းနဲ့ယှဉ်ကြည့်လိုက်ရင် အတော်လေးကိုကွာဟတဲ့ပမာဏလည်းဖြစ်ပါတယ်။

ဒါ့အပြင် Driver Seat ဘက်ကတာယာတွေရဲ့လေပေါင်လျော့နေမယ်ဆိုရင် ဒါမှမဟုတ် Driver Seat ဘက်ကတာယာတွေဟာအရည်အသွေးမပြည့်မီနေဘူးဆိုရင်လည်း လမ်းမျက်နှာပြင်နဲ့ တာယာတွေရဲ့ထိတွေ့မှုက ပိုကြမ်းတမ်းဆိုးရွားလာပြီး Emission ပမာဏကို ပိုများလာစေတာကိုလည်း သိလာခဲ့ကြပါတယ်။

CO2 Emission မရှိ ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်စေနိုင်တာတွေကြောင့် လတ်တလောမှာ လူပြောများ ခေတ်စားနေတဲ့ EV တွေကကော…? လေ့လာမှုသစ်ရဲ့ရလဒ်အရ ကားဝန်ပိုလေးလေလေ တာယာပျက်စီးမှုပိုမြန်ပြီး Emission ပိုများလေလေ ဖြစ်လို့ တခြားအရွယ်တူကားတွေထက်အလေးချိန်ပိုများတဲ့ EV တွေဟာလည်း လုံးဝပြီးပြည့်စုံတဲ့အဖြေဖြစ်မလာသေးဘူး လို့ပဲ ဆိုရမှာပါ။

(Zawgyi)

ကားတာယာေတြက ကားအိတ္ေဇာလိုမ်ိဳး မီးခိုးေငြ႕စြန႔္ထုတ္တဲ့ေနရာမဟုတ္လို႔ ပတ္ဝန္းက်င္ညစ္ညမ္းမႈကိုမျဖစ္ေစႏိုင္ဘူး ဆိုတဲ့အခ်က္ကို စာဖတ္သူအေနနဲ႔ လက္ခံမွာလား? ျငင္းမွာလား?

အမ်ားစုကေတာ့ အလြယ္ေလးလက္ခံလိုက္မယ္လို႔ပဲ ထင္မိပါတယ္။ ဒါေပမဲ့ အဲဒီစကားက တကယ္တမ္းမွန္ကန္ေနတာေတာ့ မဟုတ္ပါဘူး။ တာယာေတြကဖန္တီးႏိုင္တဲ့ ညစ္ညမ္းမႈဟာ ကြၽန္ေတာ္တို႔ထင္ထားတာထက္ အမ်ားႀကီးပိုပါတယ္။

ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ကားတာယာေတြကထြက္တဲ့ emission ပမာဏဟာ ကားအိတ္ေဇာပိုက္ကထြက္တဲ့ emission ပမာဏထက္ အဆ ၁၀၀၀ ေလာက္ပိုမ်ားေနေၾကာင္း Emissions Analytics အဖြဲ႕က မၾကာေသးခင္ေလ့လာဆန္းစစ္ထားမႈတစ္ခုမွာ ေဖာ္ျပလိုက္ပါတယ္။ ေရွ႕ေလွ်ာက္ထုတ္လုပ္ေရာင္းခ်သြားမယ့္ကားမွန္သမွ် tailpipe မဲ့ကားေတြျဖစ္လာဖို႔ ရည္မွန္းႀကိဳးစားေနတဲ့ဥေရာပႏိုင္ငံတခ်ိဳ႕အေနနဲ႔ေတာ့ ဒီေလ့လာမႈရလဒ္အသစ္ေၾကာင့္ ေျဖရွင္းစရာျပႆနာတစ္ခု ထပ္ရလိုက္သလိုပါပဲ။

ကိုယ္တိုင္က မီးခိုးမစြန႔္ထုတ္ေပမယ့္လည္း တာယာေတြရဲ႕ ယိုယြင္းပ်က္စီးမႈဟာ ပတ္ဝန္းက်င္ညစ္ညမ္းမႈေတြဖန္တီးဖို႔ အဓိကအရင္းခံျဖစ္ေနပါတယ္။ လမ္းေပၚမွာ ကားဘီးကိုစလွိမ့္လိုက္ၿပီဆိုတာနဲ႔ တာယာအရည္အေသြးကစေလ်ာ့ၿပီး တာယာစအမႈန္အမႊားေလးေတြကလည္း ေျမႀကီးထဲနစ္ဝင္သြားပါတယ္။ Non-exhaust Emission (အိတ္ေဇာမဲ့အညစ္အေၾကး) ေတြကိုဖန္တီးေနတဲ့ ကားအစိတ္အပိုင္းေတြထဲမွာ တာယာနဲ႔ ဘရိတ္ေတြအျပင္ လမ္းမ်က္ႏွာျပင္အခင္းပါ ပါဝင္ေနတယ္လို႔လည္း Emissions Analytics က ဆိုပါတယ္။

အရည္အေသြးျမင့္တာယာေတြတပ္ဆင္ထားတဲ့ ဥေရာပ hatchback တစ္စီးကို ေမာင္းႏွင္စမ္းသပ္ခဲ့တဲ့ Emissions Analytics ရဲ႕ေလ့လာမႈမွာ 1 km ေမာင္းႏွင္ၿပီးတိုင္း အညစ္အေၾကး 5.8 gm (or) 0.62 ml တိုင္းအညစ္အေၾကး 0.16 ounc ကို တာယာေတြကစြန႔္ထုတ္ေနေၾကာင္းေတြ႕ရွိခဲ့တာျဖစ္ၿပီး ဒါဟာ tailpipe emission limit ကို 0.0045 gm/km လို႔သတ္မွတ္ထားတဲ့ ဥေရာပစံၫႊန္းနဲ႔ယွဥ္ၾကည့္လိုက္ရင္ အေတာ္ေလးကိုကြာဟတဲ့ပမာဏလည္းျဖစ္ပါတယ္။

ဒါ့အျပင္ Driver Seat ဘက္ကတာယာေတြရဲ႕ေလေပါင္ေလ်ာ့ေနမယ္ဆိုရင္ ဒါမွမဟုတ္ Driver Seat ဘက္ကတာယာေတြဟာအရည္အေသြးမျပည့္မီေနဘူးဆိုရင္လည္း လမ္းမ်က္ႏွာျပင္နဲ႔ တာယာေတြရဲ႕ထိေတြ႕မႈက ပိုၾကမ္းတမ္းဆိုး႐ြားလာၿပီး Emission ပမာဏကို ပိုမ်ားလာေစတာကိုလည္း သိလာခဲ့ၾကပါတယ္။

CO2 Emission မရွိ ပတ္ဝန္းက်င္ညစ္ညမ္းမႈမျဖစ္ေစႏိုင္တာေတြေၾကာင့္ လတ္တေလာမွာ လူေျပာမ်ား ေခတ္စားေနတဲ့ EV ေတြကေကာ…? ေလ့လာမႈသစ္ရဲ႕ရလဒ္အရ ကားဝန္ပိုေလးေလေလ တာယာပ်က္စီးမႈပိုျမန္ၿပီး Emission ပိုမ်ားေလေလ ျဖစ္လို႔ တျခားအ႐ြယ္တူကားေတြထက္အေလးခ်ိန္ပိုမ်ားတဲ့ EV ေတြဟာလည္း လုံးဝၿပီးျပည့္စုံတဲ့အေျဖျဖစ္မလာေသးဘူး လို႔ပဲ ဆိုရမွာပါ။

Ref: roadshow
Thiha