Timepieces

Unicode version..

ပြိုင်ပွဲရဲ့ ဝိညဉ်

ချက်ချင်းပဲ စူးရှတဲ့အသံတစ်သံ ထွက်ပေါ်လာပါတယ်။ ဆံထိုးအလှည့်အကွေ့တစ်ခုကို ဆွဲကွေ့လျက်ရှိပါတယ်။ ကားယာဉ်မောင်းသည် သူ့ရဲ့လက်ကို တစ်ချက် လျင်မြန်စွာကြည့်လိုက်ပါတယ်။ စက္ကန့်ဝက်ကလေးအတွင်းမှာပဲ ကားရဲ့ ကွေ့ဝိုက်မှုကို အရှိန်အမြင့်ဆုံးကို ရောက်ရှိသွားစေပါတယ်။ ယာဉ်မောင်းသည် သူ့ရဲ့နောက်မှာ အခြားဒရိုင်ဘာတစ်ယောက်ရှိတဲ့ ခံစားမှုမျိုးဖြစ်ပေါ်လျက်ရှိပြီး ဂီယာကို အမြင့်ဆုံးထိ ထိုးလိုက်ပါတယ်။နောက်ထပ်အကွေ့တစ်ခုကို မြင်နေရပါတယ်။ သူလိုချင်တဲ့နေရာကို မရောက်ခင် အချိန်ဘယ်လောက်လောက် ကျန်သေးလဲဆိုတာကို သေချာစေတဲ့အနေနဲ့ သူ့လက်ကောက်ဝတ်ကို သူ့ရဲ့ မျက်လုံးများက တစ်ချက်ကြည့်လိုက်ပြန်ပါတယ်။ ကားရဲ့ ဘေးမှန်ထဲမှာ သူ့ရဲ့ပြိုင်ဘက်တွေ လက်မလောက် အမြဲတမ်းနီးကပ်လာတဲ့အနေနဲ့ ယာဉ်မောင်းသည် သူအနိုင်ရရှိခဲ့တယ်ဆိုတာကို သေချာအောင်ပြုလုပ်ခဲ့ပါတယ်။ စင်မြင့်ပေါ်မှာ ၄င်းရဲ့ဆုဖလားကို မြင့်မားစွာ ကိုင်ထားပါတယ်။ သူ့ရဲ့လက်ကောက်ဝတ်ပေါ်က သူ့ရဲ့ အသံတိတ်ပါတနာကို အားလုံးမြင်ခဲ့ပါတယ်။

ကျွန်တော်တို့ အကောင်းဆုံး ပြိုင်ပွဲဝင် လက်ပတ်နာရီအချို့ကို သင့်ကို ပြိုင်ပွဲမှာ အနိုင်ရရှိစေဖို့ဖော်ပြပေးလိုက်ပါတယ်။

Elias DuBose

Chopard Mille Migilla XL Race Edition
chopard-chopard-mille-migilla-xl-race-edition-2

၁၉၂၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Mille နဲ့တူတဲ့ နာရီသည် ကားများဆီကို ပြန်လည်ရောက်ရှိလာပါပြီ။ အလုံးရေ ၁၀ဝဝ ကိုသာ လက်ဖြင့်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီတစ်ခုကတော့ ပုံမှန်အခြားနာရီတွေထက် ပိုကြီးမားပါတယ်။နောက်ထပ်အကွေ့အလှည့်တစ်ခုကို သင့်အရှိန်မြှင့်တင်တဲ့အနေနဲ့ သင့်ရဲ့မျက်လုံးတွေကို လျင်မြန်စွာကြည့်နိုင်ဖို့ လွယ်ကူအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ၄၆ မီလီမီတာရှိတဲ့ stainless steel အဖုံးသည် မီတာ ၅၀ အထိကို ရေစိမ်ခံနိုင်ပါတယ်။ နာရီမူလီတွေကိုလည်း စတီးတွေပဲ ပေါင်းထည့်ထားပါတယ်။ အကြောင်းရှိရင်သုံးနိုင်ဖို့ သီးသန့်ထားရှိထားတဲ့ နာရီ (၆၀) ပါဝါကိုလည်း ပျော်ရွှင်လိုက်ပါ။ XL ရဲ့ စူးစူးဝါဝါ တောက်ပမှုကင်းတဲ့ ခရစ်စတယ် နာရီအဖုံးကိုလည်း တွေ့ရမှာပါ။ ဒီရှားပါးတဲ့ နာရီလေးကတော့ အနုပညာမြောက်တဲ့ ဝတ်ဆင်စရာလေးပဲ ဖြစ်ပါတယ်။

Chopard Mille Migila GTS Power Control168566-3001-mille-miglia-gts-power-control-2-ed-no-background

Chopard အမှတ်တံဆိပ်ရဲ့ Mille Migila Collection ကကြိုဆိုနေပါတယ်။ ပါဝါထိန်းချုပ်မှုကတော့ ၄င်းတို့ရဲ့နာရီများထဲမှာ ယောကျာ်းဆန်ဆန်ထိတွေ့မှုအတွက်ဖြစ်ပြီး ပြီးပြည့်စုံတဲ့ အဖော်အမွန်ဖြစ်ပါတယ်။ ဆွဇ်ဇာလန်ရဲ့ တရားဝင် Chronometer (COSC) အသိအမှတ်ပြုလက်မှတ်ကို ရရှိထားပြီး ၄၃မီလီမီတာထူတဲ့ case ပေါ်မှာ ပြုလုပ်ထားတာဖြစ်ပါတယ်။ ပါဝါကွန်းထရိုးသည် ရာဘာဖိုင်ကြိုးတစ်ခုကို sport ပုံစံဖြစ်အောင်လုပ်ထားပြီး သင့်လမ်းတွေကို ဖြတ်ကာမောင်းနှင်တဲ့အနေနဲ့ သင့်ရဲ့ စတီးနာရီကို ထိန်းထားပေးမှာ ဖြစ်ပါတယ်။ ရေအနက် မီတာ ၁၀ဝ အထိကို စိမ်လိုရပါတယ်။ နာရီမှန်အဖုံးသည် anti-reflective မှန်ကြည်အောင် ဆေးသုတ်လိမ်းထားပြီး ခြစ်ရာများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

Breitling for Bentley GT3 Chronographbreitling-for-bentley-gt3-watch-carbon-dial

ဘန်တလေအသင်းရဲ့ မကြာသေးမီက အောင်မြင်မှုအတွက် အထိမ်းအမှတ်ပြုလုပ်ထားတဲ့ နာရီလေးဖြစ်ပါတယ်။ ဒီနာရီလေးကတော့ အကောင်းဆုံးဘရန်းတွေရဲ့ကြားမှာ ပါတနာပြုလုပ်ခြင်းသည် ပေါ့ပါးမှုတွေဆီကို ဘယ်လို ထူးခြားမှုတွေသယ်ဆောင်လာနိုင်တယ်ဆိုတာကို ဖော်ပြလျက်ရှိပါတယ်။ အမည်းရောင် တိုက်တေနီယမ်အခွံထဲမှာ လှပစွာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီကြာရှည်ခံတဲ့ နာရီလေးမှာ ၆၀ မိနစ်နဲ့ ၁၂ နာရီ စတဲ့ ကောင်တာများပါဝင်တဲ့ မျက်နှာပြင်တစ်ခုပေါ်တွင် လက်တံများပါဝင်တဲ့ ကာဗွန်ဖိုင်ဘာ နာရီ ဒိုင်ခွက်ပါရှိပြီး ရေမီတာ ၁၀ဝ အထိကို ရေစိမ်ခံပါတယ်။ ၄င်းရဲ့ လက်ပတ်ပေါ်တွင် “Continental GT3”

အမှတ်တံဆိပ်ကို ရိုက်နှိပ်ထားပါတယ်။

Breitling Chronomat 44 Airbornebreitling-chronomat-44-airborn

Chronomat စီးရီးရဲ့ နှစ် ၃၀ နှစ်မြောက်အတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Breitling အမှတ်တံဆိပ်သည် ဒီ COSC အသိအမှတ်ပြုရရှိထားတဲ့ chronograph ကို ၄င်းရဲ့ ၄၁ မီလီမီတာနဲ့ ၄၄ မီလီမီတာ နှစ်ခုစလုံးတွင် ရရှိခဲ့တာ ဖြစ်ပါတယ်။ ကြီးမားတဲ့ မျက်နှာနဲ့ sport ဖြစ်သော်လည်း ၄င်းသည် ဝတ်ဆင်သူများကို ကောင်းမွန်လှတဲ့ နာရီကြည့်ခြင်း လုပ်ဆောင်နိုင်မှုကို ပေးပါတယ်။ စစ်လက်ပတ်ကြိုး (ဒါမှမဟုတ်) ပိုင်းလော့ လက်ကောက်ဝတ်ကြိုးဖြင့် ရရှိနိုင်ပါတယ်။ ဒီတစ်ခုမှာလည်း နာရီ (၇၀) သီးသန့်ထားထားတဲ့ ပါဝါရှိပါတယ်။ အရေးကြုံရင် ဓာတ်ခဲမလိုဘဲ သုံးရအောင်ပါ။ ဒိုင်ခွက်တွေကို အမည်းရောင်နဲ့ ငွေရောင်တို့ ရရှိနိုင်ပါတယ်။

TAG Heuer Monza Chronographtag-monza-chrono_ed

Monza နာရီသည် ၁၉၇၆ ခုနှစ်တုန်းက ၄င်းရဲ့ မူလဗားရှင်းရှိပါတယ်။ ယခုဆို ထိုပြန်လည်ထုတ်ဝေထားသော နာရီကတော့ တိုက်တေနီယမ် Case နဲ့ဖြစ်ပြီး ပေါ့ပါးအောင် စတီးမူလီတွေကိုလည်း ပါဝင်ပါတယ်။ နောက်ပြီး ထိုနာရီလေးသည် တောင့်တင်းသန်မာမှုကို ခံစားရစေပါမယ်။ သားရေလက်ပတ်ဖြစ်ပြီး ၄င်းရဲ့ နောက်ဆုံးပေါ်နာရီတချို့ရှိသော်လည်း chronograph တွင် လတ်လတ်ဆတ်ဆတ် ခံစားမှုရှိပါတယ်။

TAG Heuer Red Bull Racing Team Watchtag-heuer-red-bull-racing-watches-studio-front-alt-strap-ed1

F1 ဖော်မြုလာဝမ်းကားအသင်းနဲ့အတူ ပါတနာလုပ်ထားတာဖြစ်ပြီး နာရီရဲ့ အရောင်တွေကိုတော့ စတီးကိုယ်ထည်ပေါ်မှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အသင်းရဲ့ ထိုင်ခုံခါးပတ်နဲ့ ဆင်ဆင်တူအောင် ပြုလုပ်ထားတဲ့ စတီးလက်ပတ် (ဒါမှမဟုတ်) နည်းပညာဆိုင်ရာ အပြာရောင်လက်ပတ်ကို တွေ့ရမှာဖြစ်ပါတယ်။ အရောင်ထက်ပိုတာကတော့ အကွာအဝေးတိုင်းကိရိယာကို အဆင်ပြေစွာ အပြာရောင်ချေမွေ့တောက်ပမှုပေါ်မှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဖော်မြူလာဝမ်းနဲ့ sponsor လုပ်ထားတာထက်ပိုပြီး အနောက်ဘက်မှာ sponsor နှစ်ခုရဲ့ sport အမှတ်တံဆိပ်ကို ထွင်းထားတာဖြစ်ပါတယ်။

Zawgyi  version..

ပြိုင်ပွဲရဲ့ ဝိညဉ်



Elias DuBose















LEAVE A REPLY

Please enter your comment!
Please enter your name here