အဆင့္ျမင့္နည္းပညာမ်ားစြာပါဝင္ၿပီးေရစိမ္ခံတဲ့ Apple Smart Watch Series 2

IT လောကရဲ့ ဘုရင်အဖြစ်စိုးစံနေတဲ့ Apple ကုမ္ပဏီက အရင်ကထုတ်လုပ်ထားတဲ့ Apple Smart Watch တွေထက် နည်းပညာပိုမိုသာလွန်ပြီး ရေစိမ်ခံနိုင်တဲ့ Apple Smart Watch Series 2 နဲ့ မိတ်ဆက်ခဲ့ပါတယ်။ အသစ် ထုတ်လုပ်ခဲ့တဲ့ Apple ရဲ့ စမတ်နာရီအသစ်က function တွေကို လုပ်ဆောင်ရာမှာ ပိုမိုမြန်ဆန်သွက်လက်မှာဖြစ်ပြီး အလွန်ကောင်းမွန်တဲ့ OS, Onboard GPS, Brighter Display စတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားပါတယ်။ မူလကထုတ်လုပ်ထားတဲ့ Orignial Apple Watch တွေနဲ့ နည်းပညာကွဲပြားတဲ့ အချက်တစ်ခုကတော့ ရေငန် (သို့) ရေချိုမှာ ရေအနက် 50 meter အထိရေစိမ်ခံနိုင်တဲ့ Water Proof ဒီဇိုင်းမျိုး ပြုလုပ်ခဲ့တာပါ။

GPS စနစ်ကို လုပ်ဆောင်ဖို့ ပါဝါစွမ်းအားပြည့်ဝပြီး သက်တမ်းကြာရှည်ခံတဲ့ BAD ဘက်ထရီ စနစ်ကို အသုံးပြုထားပါတယ်။ Tad ကို ထူပြီးကြီးမားတဲ့ ပုံစံပြုလုပ် ထားကာ iphone နဲ့ တွဲဖက်အလုပ်လုပ် သွားနိုင်မှာ ဖြစ်ပါတယ်။

Series 2 မှာ အားကစားလုပ်ဆောင်ဖို့အတွက် နည်း ပညာကို upgrade လုပ်ထားခဲ့ပြီး ရေကူးလို့ရမယ့် function နဲ့ GPS စနစ်တွေကို ပေါင်းစပ်ထားပါတယ်။ အရင်ကထုတ် လုပ်ထားတဲ့ Series 1 နာရီနဲ့တော့ ပြေးခြင်း (သို့) ရေကူးခြင်းတွေကို ပြုလုပ်လို့ရမှာ မဟုတ်ပါဘူး။

Apple Watch Series 2 ကို မူလထုတ်ထားတဲ့ Series 1 နာရီတွေ တစ်ဝက်လောက်ရောင်းထွက်ပြီးချိန်မှာ တစ်နှစ် အတွင်း စျေးကွက်ထဲကို တင်ပို့သွားမှာပါ။ Apple စမတ်နာရီတွေကို ဝယ်ယူဖို့ စိတ်ကုးရှိသူတွေက မဝယ်ခင်မှာ New Version ရဲ့ လျင်မြန်သွက်လက်မှု။ တောက်ပတဲ့ အလင်းနဲ့ Display လုပ်ဆောင်နိုင်မှုတို့ အပြင် Outdoor အားကစားတွေကို ဆောင်ရွက်နိုင်တဲ့ ခြားနားမှုတွေကို ကြိုတင်သိရှိထားသင့်ပါတယ်။ Hardware နဲ့ Software အသစ်တွေကို ကြည့်ရတာ အဆင်ပြေစေဖို့ နာရီကို လေးထောင့်ပုံသဏ္ဍန် ပြုလုပ်ထားပြီး မိမိအတွက် အသုံးဝင်တဲ့ အဖော်ကောင်းတစ်ယောက်လို လက်ကောက် ဝတ်မှာ အမြဲတစေ ဝတ်ဆင်ထားလို့ ရနိုင်ပါလိမ့်မယ်။

Apple Watech Series 2ကို သတ္တုအမျိုးအစား ၃မျိုး နဲ့ ထုတ်လုပ်ထားခဲ့ပါတယ်။ Aluminum, Stainless Steel နဲ့ New Ceramic တို့ဖြစ်ပြီး လက်ပတ်ကွင်းအမျိုးမျိုးကို လည်းနှစ်သက်ရာ ရွေးချယ်သွားနိုင်ပါလိမ့်မယ်။ နာရီတွေရဲ့ အရွယ်အစားက 38 mm နဲ့ 42 mm ဆိုပြီး နှစ်မျိုးရှိပါတယ်။ 38 mm (Aluminum) အမျိုးအစားရဲဲ့ တန်ဖိုးက ဒေါ်လာ ၃၆၉ ဖြစ်ပြီး 42mm (Ceramic) ရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၁,၂၉၉ ဖြစ်ပါတယ်။ မျက်နှာပြင်မှာ အထူူးပြုလုပ်ထားတဲ့ App ပါဝင်တဲ့ နာရီတွေ က Hermes နဲ့ Nike တို့ဖြစ်ပြီး ဝယ်ယူသူတွေ နှစ်သက် သဘောကျမယ့် ပြိုင်ဘက်ကင်း Packed တွေပါပဲ။

Original Apple Watch ကို ဝယ်ယူထားသူတွေ အတွက် အဆင့်မြှင့်တင်ပေးမယ့် အစီအစဉ်လည်း ရှိနေပါတယ်။ Hardware ကိုတော့ မူလအတိုင်း ထားရှိပြီး ပိုမို မြန်ဆန်တဲ့ Chip အသစ်ကို လဲလှယ်တပ်ဆင်ပေးသွား နိုင်ပါလိမ့်မယ်။ ဒါပေမယ့် Latest, greatest GPS နဲ့ Water Proffing features တွေကတော့ ပါဝင်မှာ မဟုတ်ပါဘူး။ New model ကတော့ ရေမဝင်နိုင်အောင် ပြုလုပ်ထားလို့ ရေကန်ထဲကို ပြုတ်ကျခဲ့ရင်တောင် Brighter Display စနစ်ကို လုပ်ဆောင်သွားနို်င်မှာဖြစ်ပါတယ်။

Series 2 နာရီတွေက လူတိုင်းအတွက် မရှိမဖြစ်လိုအပ် လာမှာ ဖြစ်ပြီး iphone ကို အသုံးပြုလို သူတိုင်းအတွက် Apple Watch Series 2 က အကောင်းဆုံး စမတ်နာရီ အဖြစ်ထင်ရှားကျော်ကြားလာမှာဖြစ်ပါတယ်။

Zawgyi version…

IT ေလာကရဲ႕ ဘုရင္အျဖစ္စိုးစံေနတဲ့ Apple ကုမၸဏီက အရင္ကထုတ္လုပ္ထားတဲ့ Apple Smart Watch ေတြထက္ နည္းပညာပိုမုိသာလြန္ၿပီး ေရစိမ္ခံႏိုင္တဲ့ Apple Smart Watch Series 2 နဲ႔ မိတ္ဆက္ခဲ့ပါတယ္။ အသစ္ ထုတ္လုပ္ခဲ့တဲ့ Apple ရဲ႕ စမတ္နာရီအသစ္က function ေတြကို လုပ္ေဆာင္ရာမွာ ပိုမိုျမန္ဆန္သြက္လက္မွာျဖစ္ၿပီး အလြန္ေကာင္းမြန္တဲ့ OS, Onboard GPS, Brighter Display စတဲ့ အရည္အေသြးေတြကို ပိုင္ဆိုင္ထားပါတယ္။ မူလကထုတ္လုပ္ထားတဲ့ Orignial Apple Watch ေတြနဲ႔ နည္းပညာကဲြျပားတဲ့ အခ်က္တစ္ခုကေတာ့ ေရငန္ (သို႔) ေရခ်ိဳမွာ ေရအနက္ 50 meter အထိေရစိမ္ခံႏိုင္တဲ့ Water Proof ဒီဇိုင္းမ်ိဳး ျပဳလုပ္ခဲ့တာပါ။

GPS စနစ္ကို လုပ္ေဆာင္ဖုိ႔ ပါဝါစြမ္းအားျပည့္ဝၿပီး သက္တမ္းၾကာရွည္ခံတဲ့ BAD ဘက္ထရီ စနစ္ကို အသံုးျပဳထားပါတယ္။ Tad ကို ထူၿပီးႀကီးမားတဲ့ ပံုစံျပဳလုပ္ ထားကာ iphone နဲ႔ တဲြဖက္အလုပ္လုပ္ သြားႏုိင္မွာ ျဖစ္ပါတယ္။

Series 2 မွာ အားကစားလုပ္ေဆာင္ဖုိ႔အတြက္ နည္း ပညာကို upgrade လုပ္ထားခဲ့ၿပီး ေရကူးလို႔ရမယ့္ function နဲ႔ GPS စနစ္ေတြကို ေပါင္းစပ္ထားပါတယ္။ အရင္ကထုတ္ လုပ္ထားတဲ့ Series 1 နာရီနဲ႔ေတာ့ ေျပးျခင္း (သို႔) ေရကူးျခင္းေတြကို ျပဳလုပ္လို႔ရမွာ မဟုတ္ပါဘူး။

Apple Watch Series 2 ကို မူလထုတ္ထားတဲ့ Series 1  နာရီေတြ တစ္ဝက္ေလာက္ေရာင္းထြက္ၿပီးခ်ိန္မွာ တစ္ႏွစ္ အတြင္း ေစ်းကြက္ထဲကို တင္ပို႔သြားမွာပါ။ Apple စမတ္နာရီေတြကို ဝယ္ယူဖို႔ စိတ္ကုးရွိသူေတြက မဝယ္ခင္မွာ New Version ရဲ႕ လ်င္ျမန္သြက္လက္မႈ။ ေတာက္ပတဲ့ အလင္းနဲ႔ Display လုပ္ေဆာင္ႏုိင္မႈတို႔ အျပင္ Outdoor အားကစားေတြကို ေဆာင္ရြက္ႏုိင္တဲ့ ျခားနားမႈေတြကို ႀကိဳတင္သိရွိထားသင့္ပါတယ္။ Hardware နဲ႔ Software အသစ္ေတြကို ၾကည့္ရတာ အဆင္ေျပေစဖုိ႔ နာရီကို ေလးေထာင့္ပံုသ႑န္ ျပဳလုပ္ထားၿပီး မိမိအတြက္ အသံုးဝင္တဲ့ အေဖာ္ေကာင္းတစ္ေယာက္လို လက္ေကာက္ ဝတ္မွာ အၿမဲတေစ ဝတ္ဆင္ထားလုိ႔ ရႏိုင္ပါလိမ့္မယ္။

Apple Watech Series 2ကို သတၱဳအမ်ိဳးအစား ၃မိ်ဳး နဲ႔ ထုတ္လုပ္ထားခဲ့ပါတယ္။ Aluminum, Stainless Steel နဲ႔ New Ceramic တို႔ျဖစ္ၿပီး လက္ပတ္ကြင္းအမ်ိဳးမိ်ဳးကို လည္းႏွစ္သက္ရာ ေရြးခ်ယ္သြားႏိုင္ပါလိမ့္မယ္။ နာရီေတြရဲ႕ အရြယ္အစားက 38 mm နဲ႔ 42 mm ဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။ 38 mm (Aluminum) အမ်ဳိးအစားရဲဲ႕ တန္ဖုိးက ေဒၚလာ ၃၆၉ ျဖစ္ၿပီး 42mm (Ceramic) ရဲ႕ တန္ဖုိးက အေမရိကန္ေဒၚလာ ၁,၂၉၉ ျဖစ္ပါတယ္။ မ်က္ႏွာျပင္မွာ အထူူးျပဳလုပ္ထားတဲ့ App ပါဝင္တဲ့ နာရီေတြ က Hermes နဲ႔ Nike တို႕ျဖစ္ၿပီး ဝယ္ယူသူေတြ ႏွစ္သက္ သေဘာက်မယ့္ ၿပိဳင္ဘက္ကင္း Packed ေတြပါပဲ။

Original Apple Watch ကို ဝယ္ယူထားသူေတြ အတြက္ အဆင့္ျမွင့္တင္ေပးမယ့္ အစီအစဥ္လည္း ရွိေနပါတယ္။ Hardware ကိုေတာ့ မူလအတိုင္း ထားရွိၿပီး ပိုမို ျမန္ဆန္တဲ့ Chip အသစ္ကို လဲလွယ္တပ္ဆင္ေပးသြား ႏုိင္ပါလိမ့္မယ္။ ဒါေပမယ့္ Latest, greatest GPS နဲ႔ Water Proffing features ေတြကေတာ့ ပါဝင္မွာ မဟုတ္ပါဘူး။ New model ကေတာ့ ေရမဝင္ႏုိင္ေအာင္ ျပဳလုပ္ထားလို႔ ေရကန္ထဲကို ျပဳတ္က်ခဲ့ရင္ေတာင္ Brighter Display စနစ္ကို လုပ္ေဆာင္သြားႏို္င္မွာျဖစ္ပါတယ္။

Series 2 နာရီေတြက လူတုိင္းအတြက္ မရွိမျဖစ္လိုအပ္ လာမွာ ျဖစ္ၿပီး iphone ကို အသံုးျပဳလို သူတိုင္းအတြက္ Apple Watch Series 2 က အေကာင္းဆံုး စမတ္နာရီ အျဖစ္ထင္ရွားေက်ာ္ၾကားလာမွာျဖစ္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here