Subaru သည် 2022 Tokyo Auto Salon ကားပြပွဲအတွက် Sporty Concepts အချို့ဖြစ်သည့် – STI-ERA Concept နှင့် WRX STI Concept တို့ကို ထည့်သွင်း ပြသမည်ဖြစ်သည်။ Subaru STI-ERA သည် Carbon-Neutral Era အတွက်ရည်ရွယ် ဖန်တီးထားသည့် Pure EV Model ဖြစ်သည်။ 2022 January I4 တွင် စတင်ပြသမည့် Tokyo Auto Salon တွင် ပြသမည့် Subaru STI E-RA ၏ အရှေ့ဖက်ဒီဇိုင်းရုပ်ပုံအား Subaru မှ မိတ်ဆက်ပြသလိုက်ပြီး Concept Model ၏ ဒီဇိုင်းနှင့် ရုပ်ထွက်သည် New WRX နှင့် ကွဲလွဲသည့်ပုံစံရှိကာ Grille နှင့် Hood Scoop ဒီဇိုင်းပုံစံတို့အား ဆန်းသစ်စွာ ဖန်တီးထားပါသည်။ အရှေ့မီးကြီးများသည် C-Shaped LED DRL Light ဖြစ်ပြီး Sporty Nature ပုံစံရှိသည့် STI Logo အား Grille တွင် ထင်ရှားစွာ ထည့်သွင်း ထားပါသည်။ အဆိုပါ E-RA Concept အပြင် JDM – Spec WRX S4 STI ကို အခြေခံကာ ဖန်တီးထားသည့် WRX STI Performance Concept ကိုလည်း ကားပြပွဲတွင် ထည့်သွင်းပြသ ပါမည်။

အသစ်ပြသသည့် Concept Model ( ၂ ) မျိုးတွင် Subaru Levorg STI Performance Concept ထံမှ ခွဲေ၀ ရယူထားသည့် Spotlight များလည်း ပါဝင်ပါမည်။ WRX STI Concept တွင် Massive Rear Wing ကဲ့သို့ ဖန်တီးမှု အသစ်များစွာ ပါဝင်မည့်အပြင် STI Badge ကိုလည်း အရှေ့ဖက် Grille တွင် တပ်ဆင်ထားပါမည်။ အလားတူ Upgrade Exhaust များကိုလည်း ဖြည့်စွက်ထည့်သွင်းထားပါမည်။ Subaru သည် STI E-RA Concept နှင့် WRX STI Concept တို့ အပြင် BRZ GT 300 Race Car ကဲ့သို့ Model များကိုလည်း အဆိုပါ ကားပြပွဲတွင် ထည့်သွင်းပြသပါမည်။

#DriveMediaMyanmar