Toyota Motor Corporation သည် ကလေးငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်သည့် ပုံဆွဲပြိုင်ပွဲဖြစ်သည့် တိုယိုတာ စိတ်ကူးအိမ်မက်ကားအနုပညာပြိုင်ပွဲကို (၂၀၂၀) ဒီဇင်ဘာ(၅)ရက်နေ့ (၂၀၂၁) ဇန်နဝါရီ(၂၅)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
(၁၄)ကြိမ်မြောက်ကျင်းပခြင်းဖြစ်သည့် (၂၀၂၁) တိုယိုတာ စိတ်ကူးအိမ်မက်ကားအနုပညာပြိုင်ပွဲသည် ကမ္ဘာအနှံ့ ရှိ အသက်(၁၅)နှစ်နှင့် (၁၅)နှစ်အောက် ကလေးငယ်များပါဝင်ယှဉ်ပြိုင်နိုင်သည့် ပုံဆွဲပြိုင်ပွဲဖြစ်ပြီး ကလေးငယ်များအနေဖြင့် ၎င်းတို့၏ စိတ်ကူးအိပ်မက်ကားများကို ရုပ်ပုံရေးဆွဲခြင်းဖြင့် အနာဂတ်ရွေ့လျားသွား လာမှုဆိုင်ရာ ၎င်းတို့၏ အတွေးအမြင်များကို မျှဝေနိုင်ရန်ဖြစ်သည်။
၂၀၀၄ ခုနှစ်မှ စတင်၍ စိတ်ကူးအိပ်မက်ကားအနုပညာပြိုင်ပွဲအား Toyota Motor Corporation ၏ လူမှုအကျိုးပြု ကနဦးဆောင်ရွက်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခု နိုင်ငံပေါင်း ၈၀ ကျော်မှ ဤပြိုင်ပွဲကို ပါဝင်နေပြီဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ မနှစ်က ကျင်းပပြုလုပ်ခဲ့သည့်ပြိုင်ပွဲတွင် ပန်းချီကားပေါင်း ၃၇၀၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာပြည်ရှိ ပြည်တွင်းစိတ်ကူးအိမ်မက်ကားအနုပညာပြိုင်ပွဲကို Toyota Myanmar Sales (TMYS) မှ စီစဉ်ကျင်း ပခြင်းဖြစ်ပြီး Toyota Myanmar Sales (TMYS) သည် မြန်မာနိုင်ငံ ဈေးကွက်တွင် Toyota ကား များကို ဖြန့်ချိသည့် Distributor ဖြစ်သည်။
ယခုနှစ်တွင် စိတ်ကူးအိပ်မက်ကားအနုပညာပြိုင်ပွဲဝင်ကာလကိုပြိုင်ပွဲတွင် Grand Prize ဆုရရှိသည့် ပြိုင်ပွဲဝင်သည် Apple iPad 8 128GB (4G) ကို ဆွတ်ခူးနိုင်မှာဖြစ်ပြီး တခြားစိတ်ဝင်စားစရာကောင်းသော ဆုများကိုလည်း ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

မြန်မာပြည်ရှိ ပြည်တွင်းပြိုင်ပွဲ

ပြိုင်ပွဲဝင်ကာလ – ၂၀၂၀ ဒီဇင်ဘာလ (၅)ရက် မှ ၂၀၂၁ ဇန်နဝါရီလ (၂၅)ရက် အထိ
ပါဝင်လျှောက်ထားနိုင်သူ – အသက် (၁၅)နှစ်နှင့် (၁၅)နှစ်အောက် ကလေးများ
အသက်အပိုင်းအခြား – (၁) အသက် ၇နှစ်နှင့် ၇နှစ်အောက်
(၂) အသက် ၈နှစ်မှ ၁၁နှစ်
(၃) အသက် ၁၂နှစ်မှ ၁၅နှစ်အထိ

အနုပညာလက်ရာသတ်မှတ်ချက် စာရွက်အရွယ်အစား-၂၇၀-၃၀၀ မီလီမီတာ (၁၁-၁၂လက်မ) x ၄၂၀-၄၅၀ မီလီမီတာ (၁၆.၅ – ၁၈ လက်မ) အတွင်း
*အရွယ်အစားသည် A3 (သို့) သတင်းစာ အရွယ်အစားနှင့် တူညီပါသည်။
အနုပညာလက်ရာ လိုအပ်ချက်များ – နောက်ခံမြင်ကွင်း၊ ရှုခင်းများနှင့်အတူ
လက်ဖြင့် ရေးဆွဲထားသော ကားပုံ ရောင်စုံအနုပညာလက်ရာ
(အနုပညာလက်ရာသည် ကားပုံတစ်ခုထဲသာ
ဆွဲထားခြင်းမဟုတ်ဘဲ နောက်ခံရှုခင်းများလည်း ပါဝင်ရပါမည်)
ပန်းချီဆေးအမျိုးအစား – မည်သည့်ပုံမှန်ဆေးမဆို
(ဥပမာ-ရေဆေး၊ ရောင်စုံဆော့ပင်၊ ရောင်စုံခဲတံအစရှိသည်တို့ အပါအဝင်
မည်သည့်ပန်းချီဆေးမဆို)
*Digital စနစ်ဖြင့် ဖန်တီးထားသော ုအနုပညာလက်ရာများအား
လက်ခံမည်မဟုတ်ပါ။

ဆုများ အသက်အပိုင်းအခြား (၃မျိုး)၏ တစ်မျိုးစီမှ အတော်ဆုံးအနိုင်ရရှိသူ (၃)
ဦးစီအား ဆုချီးမြှင့်သွားမည်ဖြစ်သည်။
(စုစုပေါင်း ၉ဆု)
* Grand Prize ဆုရရှိသည့် ပြိုင်ပွဲဝင်သည် Apple iPad 8 128GB (4G)
ကို ဆွတ်ခူးနိုင်မှာဖြစ်ပြီး တခြားစိတ်ဝင်စားစရာကောင်းသော
ဆုများကိုလည်း ချီးမြှင့်ပေးသွားမှာပဲ ဖြစ်ပါသည်။
ပြိုင်ပွဲဝင်ခွင့်ဖောင်နှင့် အနုပညာလက်ရာအား online မှ Google Form (သို့) QR Code မှတဆင့် ပေးပို့နိုင်မှာ ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ တောင်ကြီး Toyota အရောင်းပြခန်းများတွင်လည်း သွားရောက် တင်သွင်းနိုင်မည်ဖြစ်သည်။