Toyota သည် All – New Prius Series Parallel Hybrid – HEV Model အား Japan တွင် မိတ်ဆက်လိုက်ပြီး ၎င်းအပြင် Prius PHEV Model ကိုလည်း March တွင် ဆက်လက်မိတ်ဆက် ပါမည်။ Toyota သည် ကမ္ဘာ့ပထမဆုံး Mass – Product Hybrid Car ဖြစ်သည့် Prius အား 1997 တွင် မွေးဖွားခဲ့ပါသည်။ ယခုအခါ  Prius Range များစွာထုတ်လုပ်ထားပြီး အဆင့်မြှင့် Hybrid Reborn Concept မှ Developed ပြုလုပ်ထားခြင်းဖြစ်ကာ Captivating Driving Performance ကဲ့သို့ ထူးခြားမှုများဖြင့် ဖန်တီးထားပါသည်။

ကား၏ Structure အား Lower Center of Gravity အနေအထား ခင်းကျင်းထားပြီး Stylish Design ဖြင့် ဖန်တီးပုံဖော်ထားပါမည်။ New Prius HEV ၏အခင်းအကျင်း သည် Island Architecture Concept ပုံစံဖြစ်ကာ ကျယ်ဝန်းသည့်အတွင်းခန်းနှင့်အတူ အထူးအဆင့်မြှင့်နည်းပညာများနှင့် Driving Experience ကဲ့သို့ အခင်းအကျင်းများ ပါဝင်ပါသည်။ ဆေးရောင် ( ၈ ) ရောင်ပါဝင်ကာ Ash , Mustard ဟူ၍ ဆေးရောင်အသစ် ( ၂ ) ရောင် မိတ်ဆက်ထည့်သွင်းထားပါသည်။

၎င်းတွင် ( 2.0 L Model ) နှင့် ( 1.8 L Model ) တို့ပါဝင်ကာ 5th – Gen Hybrid System ပေါင်းစပ်ထားပါသည်။  ( 2.0 L Model ) တွင် ( 144 kW output ) ပါဝင်ကာ ( 1.8 L Model ) တွင် (138 kW output ) ပါဝင်မည်ဟုသိရှိရပါသည်။ New Prius HEV အား 2nd – Gen TNGA Platform တွင် အခြေခံကာဖန်တီးထားပြီး ( Latest E – Four System ) လည်း ပါဝင်ပါမည်။ အလားတူ Toyota ၏ နာမည်ကျော် Toyota Safety Sense အား Safety Package အနေဖြင့် ထည့်သွင်းထားပါသည်။

#DriveMediaMyanmar