Toyota U.K သည်လူကြိုက်များသည့် City Car ဖြစ်သည့် Toyota Aygo X အတွက် Air Edition ကိုမိတ်ဆက်လိုက်ပါသည်။ Aygo X သည် Yaris Cross ထံမှ မှီငြမ်းဖန်တီးထားသည့် Model ဖြစ်ကာ X သည် Cross ကိုဆိုလိုပါသည်။ ၎င်းသည် Aggressive Look ပုံစံရှိကာ အရွယ်ကြီးမားသည့် Tyres များနှင့် မြင့်မားသည့် Driving Position တို့ပါဝင်ပါသည်။ အဓိကပြိုင်ဖက် Model များမှာ – Suzuki Ignis ၊ KIA Picanto ၊ Hyundai  i10 ၊ Peugeot 108 ၊ Ford Ka ၊ Citroen C 1 တို့ဖြစ်ပါသည်။ ယခုအခါ Toyota သည် Aygo ၏ Lift Version ဖြစ်ပြီး Aygo X Air Edition အား Special Version အနေဖြင့် ဖန်တီးလိုက်ပါသည်။ ၎င်းတွင် Soft – Top Roof ကို Standard ထည့်သွင်းပေးထားပါသည်။

Aygo X Air Edition အား ( စတာလင်ပေါင်နှစ်သောင်း ) ဝန်းကျင်ဖြင့် ရောင်းချမည်ဖြစ်ပြီး Air Edition တွင် အထူးဖန်တီးပေးထားသည့် Soft Top Roof သည် ဖွင့် / ပိတ်နိုင်မည်ဖြစ်ကာ 2015 မှစတင်ထုတ်လုပ်ခဲ့သည့် Aygo အတွက် ယခုပထမဆုံး မိတ်ဆက်ထည့်သွင်းပေးခြင်းဖြစ်သည်။ ကားတွင်ပါဝင်သည့် Features များအား Aygo Edge Trim ကိုအခြေခံထည့်သွင်းထားပါသည်။ Features များအနေဖြင့်- Apple CarPlay / Android auto / USB Pert , Automatic Wipers , Backup Camera , Voice Recognition တို့ပါဝင်ကြပါသည်။ အလားတူ ကား၏ အရှေ့ Bumper , Wheel Spoke တို့ကိုလည်း ကာ၏ဆေးရောင်နှင့် တူညီစွာ ပေါင်းစပ်ပေးထားပြီး ၎င်းတွင် Pre-Collision Warnings , Steering Assist , Adaptive Cruise Control , Lane Assist စသည့်Safety Features များစွာ ထည့်သွင်းထားပါသည်။ အင်ဂျင်အနေဖြင့် – ( 1.0L I3 Engine ) , ( 71 hp ) အင်ဂျင် နှင့်အတူ ( CVT Auto gear ) ကိုတွဲဖက်ထားပါမည်။

#DriveMediaMyanmar