ကမ္ဘာပေါ်က ကားထုတ်လုပ်ရေး ကုမ္ပဏီတွေရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်မယ်ဆိုရင် ကုမ္ပဏီရဲ့ Brand ကိုထင်ရှားကျော်ကြားစေတဲ့ ပထမဆုံးကားတစ်စီး စီရှိခဲ့ကြပါတယ်။ မြန်မာပြည်သူတွေနဲ့ ရင်းနှီး ကျွမ်းဝင် ပြီးသား ဂျပန်နိုင်ငံအခြေစိုက် Toyota ကား ကုမ္ပဏီကို ယနေ့အထိ ကားထုတ်လုပ်ရေး လောကမှာ ဂုဏ် သိက္ခာရှိရှိနဲ့ တာရှည်စွာရပ်တည်နိုင်အောင် လုပ်ဆောင် ပေးခဲ့တဲ့ ကားကတော့ 1969 2000 GT First Supercar ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နောက် တစ်မျိုးအဓိပ္ပါယ်ကတော့ ကုမ္ပဏီကို အဆင့်အတန်း မြင့်အောင် မြှင့်တင်ပေးခဲ့တဲ့ကား (သို့) Classic Car လို့ ဆိုရပါလိမ့်မယ်။ ဒါကြောင့် Toyota ရဲ့ 2000 GT Classic Car ကို ဘယ်လိုပုံစံမျိုးနဲ့ ဖွဲ့စည်းတည်ဆောက် ခဲ့တယ် ဆိုတာကို အရင်ဆုံးတင်ပြပေးချင်ပါတယ်။
2000 GT ကားတွေကို 1969–1970 ခုနှစ်အတွင်း မှာ အစီးရေ 351 စီး ထုတ်လုပ်ခဲ့ပြီး Sport Car အမျိုး အစားဖြစ်ပါတယ်။ Body Style က 2 – door fastback ဖြစ်ပြီး ကန့်သတ်ထုတ်ကုန်အနေနဲ့ ထုတ်လုပ် ခဲ့တာ ဖြစ်ပါတယ်။ Front – Engines Rear Wheel Drive စနစ်နဲ့ တည်ဆောက်ခဲ့ပါတယ်။ ထိုင်ခုံနှစ်လုံးသာ ပါရှိတဲ့ Coupe ကားပုံစံမျိုးဖြစ်ပြီး Toyota နဲ့ Yamaha ကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်ခဲ့ကြတာပါ။ Tokyo Motor Show (1965) မှာ အများပြည်သူကို ပထမဦးဆုံး မိတ်ဆက်ပြသခဲ့ ပါတယ်။ 2000 GT ကားက ကမ္ဘာ့ကားလောကမှာ တွေ့မြင်နေရတဲ့ အရှိန်နှုန်းနှေးပြီး အလေးချိန်များတဲ့ ကားတွေရဲ့ ဒီဇိုင်းဖွဲ့စည်းပုံကို တော်လှန်ခဲ့ပါ တယ်။
လှပကျော့ရှင်းပြီး တောက်ပြောင် ချောမွတ်တဲ့ ကိုယ်ထည်ဒီဇိုင်းနဲ့ မြင့်မားတဲ့ စွမ်းဆောင်နိုင်ရည်ရှိတဲ့ fastback ကား ဖြစ်တဲ့အတွက် ဥရောပထုတ် ပြိုင်ဖက်Sports ကားတွေထက် သာလွန်ကောင်းမွန်ခဲ့ပါတယ်။ 1967 မှာ Pre-Production အနေနဲ့ ထုတ်လုပ်ခဲ့တဲ့ 2000 GT ကားကို Road & Track မဂ္ဂဇင်းမှာ ချီးကျူး ရေးသားခဲ့ပါတယ်။ ကားကို စမ်းသပ်မောင်းနှင်ခဲ့စဉ်မှာ စိတ်လှုပ်ရှားမှုနဲ့ ပျော်ရွှင်စရာအကောင်းဆုံး ခံစားမှုကို ရရှိစေခဲ့ပြီး ပြိုင်ဖက်ကားဖြစ်တဲ့ Porsche 911 ထက် ပိုပြီး နှစ်သက်သဘောကျမိတယ်လို့ ပြောခဲ့ပါတယ်။ သမိုင်းဝင် မှတ်တမ်းတွေအရ 2000 GT ကားတွေက ဂျပန်နိုင်ငံ ကုမ္ပဏီထုတ်ကားတွေထဲမှာ ပထမဦးဆုံးသော Super car အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းကို ခိုင်မာစေတာကတော့ လေလံပွဲမှာ 2000 GT ကားကို အမေရိကန်ဒေါ်လာ 1,200,000 နဲ့ ရောင်းချနိုင်ခဲ့တဲ့ သက်သေ အထောက်အထားကြောင့်ပါ ပဲ။
Toyota ရဲ့ 2000 GT ကားဒီဇိုင်းကို ဖန်တီး ပေးခဲ့တဲ့ Designer ကတော့ ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်တဲ့ Satoru Nozaki ဖြစ်ပါတယ်။ 2000 GT design ကို ထုတ်လုပ်နိုင်ဖို့ Classic ကားတစ်စီးဖြစ်တဲ့ 1960 gran turismos ကားကို ထည့်သွင်းစဉ်းစားခဲ့ပြီး ကိုယ်ထည်ပုံစံကိုတော့ E- type Jaguar ကားကို အခြေခံ ထားပြီး ပုံဖော်ခဲ့ပါတယ်။ အလူမီနီယမ်နဲ့ ပုံသွင်းထုဆစ် ထားတဲ့ ကိုယ်ထည်ပိုင်းက အပြစ်ဆိုစရာမရှိအောင် စင်း လုံးချော လှပတင့်တယ် နေပါတယ်။ POP – Up Headlight ရဲ့ အပေါ်ဘက်မှာကြီးမားတဲ့ Plexiglass နဲ့ ဖုံးအုပ်ပေးထားလို့ ယာဉ်ကို မောင်းနှင်ချိန်မှာ တောက်ပ တဲ့ အလင်းရောင်ကို ရရှိစေမှာဖြစ်ပါတယ်။ Headlight တွေကို grille ရဲ့ ဘယ်ညာတောင်ပံ တစ်ဖက်တစ်ချက် စီမှာ တပ်ဆင်ထားပုံကတော့ Toyota Sports 800 ကား နဲ့ ပုံစံချင်းဆင်တူပါတယ်။ ကားရဲ့ ကိုယ်ထည်က နိမ့် လွန်းတာကြောင့် သေးငယ်တဲ့ဘန်ပါကိုသာ တပ်ဆင် ပေးထားပါတယ်။ ကားရဲ့ အမိုးအထိ 45.7 လက်မခန့်သာ မြင့်ပါတယ်။
အတွင်းခန့် ဆင်ယင်မှုအပိုင်းမှာ နေရာကျယ်ဝန်း မှု သိပ်မရှိပေမယ့် သက်သောင့်သက်သာရှိမှုနဲ့ Luxury touches အနေအထားမျိုးရှိအောင် လုပ်ဆောင် ပေးထား ပါတယ်။ Rose Wood – Veneer Dashboard နဲ့ Auto – Seeking Radio Tuner တို့ကို တပ်ဆင်ထား ပါတယ်။ အတွင်းခန်းပြင်ဆင်မှုကို “Luxurious GT” ကားလို့ ပြောစမှတ်ပြုနိုင်လောက်အောင် 2000 GT ကို ဖွဲ့စည်း တည်ဆောက်ခဲ့တာမို့ ကားကို စီးနင်းချိန် (သို့)ကားပေါ်မှာ ထိုင်နေချိန်တွေမှာ ကားကို အထင်ကြီးတဲ့ စိတ် (သို့) နှစ်သက်သဘောကျတဲ့ စိတ်တွေ အလျင်အမြန်ဖြစ် ပေါ် လာစေပါလိမ့်မယ်။
1969 2000 GT model မှာတော့ ရှေ့ဖက်ပိုင်းကို အနည်းငယ်ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ Driving Lamps တွေကို ပိုသေးငယ်စေရန် လုပ်ဆောင် ခဲ့ပြီး Turn Signals တွေရဲ့ ပုံစံကို ပြောင်းလဲခဲ့ပါတယ်။ တစ်ချိန် တည်းမှာပဲ Rear Turn Signals ကို ပိုကြီးအောင် ပြုလုပ်ပေးခဲ့ပါတယ်။ အတွင်းခန်းထဲမှာ ခေတ်မီတဲ့ ဒီဇိုင်းပြင်ဆင်မှုမျိုးဖြစ်အောင် ပြောင်းလဲခဲ့ပါတယ်။ နောက် ဆုံးထုတ်ထားတဲ့ ကားအနည်းငယ်မှာ လေအေးပေးစနစ်နဲ့ Automatic Transmission စနစ်တွေကို ရွေးချယ် တပ်ဆင်သွားနိုင်မှာဖြစ်ပါတယ်။
အင်ဂျင်တွေကို ဒေါင်လိုက်အနေအထား အတိုင်း ကားရဲ့ရှေ့ပိုင်းမှာတပ်ဆင်ထားပါတယ်။ 3M DOHC 2.0 Liter inline six အင်ဂျင်ကို အသုံးပြုထားပြီး Toyota Crown Sedan ကားရဲ့ အင်ဂျင်ကို အခြေခံထားခဲ့တာ ဖြစ်ပါတယ်။ Yamaha ကုမ္ပဏီက New Double Overhead Camshaft head ကို ပြောင်းလဲတပ်ဆင် ပေးထားတဲ့ Sports Car အင်ဂျင် အမျိုးအစား ဖြစ်ပါ တယ်။ မြင်းကောင်ရေအားက 150 hp ထွက်ရှိပါတယ်။ Carburetor (ကာဗရိုက်တာ) ကိုတော့ Three two – barrel Solex 40 PHH units အမျိုးအစားကို အသုံးပြု ထားပါတယ်။ အထူးထုတ်လုပ်ထားတဲ့ MF – 12 models ကား 9 စီးမှာတော့ အရွယ်အစား ပိုမိုကြီးမားတဲ့ 2M SOHC 2.3 Liter inline six အင်ဂျင်ကို တပ်ဆင် ပေးထားပါတယ်။ Five – Speed Manual Transmission စနစ်ကို အသုံးပြုထားပါတယ်။ Rear Wheel Drive ကားအမျိုးအစားတွေအတွက် A 4.375 ratio axle အမျိုးအစားကို တပ်ဆင်နိုင်မှာဖြစ်ပါတယ်။ အမြင့်ဆုံး Speed က 135 mph ဖြစ်ပြီး ကာဗွန်ဒိုင် အောက်ဆိုက် ထွက်ရှိမှုက 7.59 L/100 km ဖြစ်ပါတယ်။ Brake စနစ် ကို အထောက်အကူပြုပေးဖို့အတွက် All – round Power – Assisted Disc Brake ကို တပ်ဆင် ပေးထားလို့ ဂျပန်နိုင်ငံထုတ် ကားတွေအနက် ပထမဦးဆုံး စံ အဖြစ် သတ်မှတ်ပေးခြင်းခံရပါတယ်။ Emergency brake နဲ့ Rear Discs Brake တို့လည်း ပါဝင်ပါတယ်။
အစီးရေ 351 စီးလောက်သာ ထုတ်လုပ်ခဲ့တဲ့ 2000 GT ကားတွေက ခေတ်ပြိုင် elite ကား အမျိုး အစားတွေထဲမှာ ပါဝင်နေတဲ့ အီတလီနိုင်ငံထုတ် Supercars တွေနဲ့ ယှဉ်နိုင်ခဲ့ပါတယ်။ ၂ _နှစ်အတွင်းမှာ ထုတ်လုပ်ခဲ့တဲ့ကားတွေက 233 MF 10s, 109 MF 10LSs နဲ့ 9 MF 12Ls တို့ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ 2000 GT ကားတွေကို အမေရိကန်ဒေါ်လာ 6,800 နဲ့ ရောင်းချ ခဲ့တာဖြစ်ပြီး ဒီဈေးနှုန်းကတော့ ခေတ်ပြိုင် ပေါ်ရှေး (Porsches) နဲ့ ဂျာဂွာ (Jaguars) ကားတွေရဲ့ ဈေးနှုန်း ထက် ပိုပြီးသာလွန်တဲ့ နှုန်းထားဖြစ်ပါတယ်။
2000 GT ကားတွေရဲ့ ထင်ပေါ်ကျော်ကြားမှု တွေအနက် ကမ္ဘာကျော် ဟောလီဝုဒ်ရုပ်ရှင် ကထုတ်လုပ် တဲ့ James Bond (ဂျိန်းစ်ဘွမ်း) ရုပ်ရှင်ဇာတ်ကား (You Only Live Twice) ရဲ့ ဇာတ်ဝင်ခန်းတွေမှာ ကားကို အသုံးပြုခဲ့တာပါ။ ရုပ်ရှင်ဇာတ်ဝင်ခန်းမှာ အသုံးပြုဖို့ အထူး ပြုလုပ်ထားတဲ့ အမိုးဖွင့်ကား (Convertible) ကို ပြုလုပ် ပေးခဲ့တာဖြစ်ပါတယ်။ အထူးပြုလုပ်ချက်တွေ လုပ်ဆောင် သွားနိုင်ဖို့ ကားရဲ့ နောက်ပိုင်းမှာရှိတဲ့ ဘေးဖက်ပြူတင်း ပေါက်ကို ဖယ်ရှားခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းအရ ကား မောင်းတဲ့ သူကတော့ Bond ရဲ့ Girl Friend Aki (Akiko Waka Bayashi) ဖြစ်ပါတယ်။ 2000 GT ကားရဲ့ ဂုဏ်ယူ ဝင့်ကြွားစရာသမိုင်း မှတ်တမ်းတွေကို သိခဲ့ရပြီဆိုတော့ Classic ကားတစ်စီးဖြစ်သင့်တဲ့ Specs: အချက်အလက် တွေကိုလည်း လေ့လာကြည့်ကြရအောင်။
1969 TOYOTA 2000 GT Supercar
Specification
Engine Inline-6 DOHC
Displacement 2.000 Liters
Horsepower 150hp@ 6600 rpm
Torque 130 ft-lb@ 5000 RPM
Engine type Spark-ingnition 4-stroke
Fuel Gasoline
Fuel system Carburetor
Top Speed: 135 mph
Traction RWD (rear-wheel-drive)
ပါဝါ