ကားအတွင်းခန်း သန့်ရှင်းမှုဟာ သင့်မိသားစု နှင့် လိုက်ပါစီးနင်းသူခရီးသည်ရဲ့ ကျန်းမာရေးအတွက် အရေးပါသလို စိတ်ရွှင်လန်းစွာမောင်းနှင်နိုင်ဖို့အတွက်လည်း အရေးကြီးပါတယ်။ မိတ်ဆွေအနေနဲ့ ကားအတွင်းခန်းအတွက် အရေးပါတဲ့ အဲကွန်းစစ်ဆေးမှုကို (၁၂)လ တစ်ခါ (သို့မဟုတ်) ကီလိုမီတာ (၂)သောင်းပြည့်တိုင်း စစ်ဆေးပေးသင့်ပြီး ဒါမှသာ ခရီးစဉ်တိုင်းမှာ သန့်ှရှင်းလတ်ဆတ်တဲ့ လေကောင်းလေသန့်များ ရရှိနိုင်မှာဖြစ်ပါတယ်။ ပူပြင်းတဲ့ရာသီဥတု ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် သင့်ရဲ့ အဲကွန်းကို သန့်ရှင်းရေးပြုလုပ်ဖို့ အချိန်ကိုက်ပဲ ဖြစ်ပါတယ်။
Toyota Air Care ဝန်ဆောင်မှု
Toyota Air Care ဆိုတာကတော့ Toyota အတွက် အထူးသီးသန့်ထုတ်လုပ်ထားသော စက်ပစ္စည်း သန့်စင်ကိရိယာဖြစ်ပြီး ဆန်းသစ်ပြောင်းလဲတိုးတက်လာသော အဲကွန်း သန့်စင်ခြင်း နည်းပညာကို အသုံးပြု၍ evaporator ကို ထိတွေ့သန့်စင်ရန် ဒတ်ရှ်ဘုတ် ဖြုတ်စရာမလိုဘဲ သင့်ကား အဲကွန်းကို သန့်စင်ပေးသွားမှာ ဖြစ်ပါတယ်။ အချိန်ကြာမြင့်လာသည်နှင့်အမျှ အဲကွန်းတွင် စုလာတတ်သော ဘက်တီးရီးယား၊ မှိုနှင့် အညစ်အကြေးများကို ဖယ်ထုတ်ပေးပြီး သင့်ရဲ့ ခရီးစဉ်တိုင်းအတွက် လတ်ဆတ်သန့်ရှင်းပြီး ကျန်းမာသော လေကောင်းလေသန့်များ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။မိတ်ဆွေရဲ့ကားအတွင်းခန်းထဲက Evaporator မှာ တင်ကျန်နေတဲ့ ဖုန်၊ အမှုန်၊ အမှိုက်အစအနများ နှင့် ဘက်တီးရီးယား စသည့် ပတ်ဝန်းကျင်မှ မမြင်နိုင်တဲ့ အန္တရာယ်များကို Toyota Air Care နည်းပညာက သန့်စင်ပေးသွားမှာဖြစ်ပါတယ်။
Toyota Air Careကို ဘာလို့ ရွေးချယ်သင့်သလဲ။
• သမားရိုးကျအဲကွန်းပြုပြင်ထိန်းသိမ်းခြင်းကဲ့သို့ လုပ်ငန်းပြီးစီးရန်အချိန်ကြာမြင့်စွာ မလိုခြင်း။
• Toyota ၏ အရည်အသွေးမြင့် ဝန်ဆောင်မှုများထဲမှ တစ်ခုဖြစ်ခြင်း။
• Toyota အတွက် အထူးသီးသန့် ထုတ်လုပ်ထားသော စက်ပစ္စည်းသန့်စင်ကိရိယာဖြစ်ခြင်း။
လတ်ဆတ်သန့်ရှင်းသောလေကို ရှူရှိုက်ရင်း မောင်းနှင်နိုင်ဖို့အတွက်ဆို Toyota Service Center များတွင် ကြိုတင်စာရင်းပေးသွင်းပြီး ၂၀၂၀ ဖေဖော်ဝါရီလ မှ မတ်လ အတွင်း မေတ္တာလက်ဆောင်များရယူရင်း Toyota Air Care ဝန်ဆောင်မှုကို ရယူ လိုက်ပါ။ (မေတ္တာလက်ဆောင်မှာ ပစ္စည်းလက်ကျန်အတွင်းသာ)
ဆက်သွယ်ရန်လိပ်စာ
Toyota Aye and Sons အမှတ် ၈၇ (က) ၊ ကမ္ဘာအေးဘုရားလမ်း ၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင် ၊ ရန်ကုန်မြို့။ စာတိုက်အမှတ်- ၁၁၂၀၁။ ဖုန်း- ၀၁ ၅၄၀ ၇၄၀ ၊ ၀၉ ၉၆၄ ၅၄၀ ၇၄၀ ။
Website: http://toyota-ayeandsons.com/
Zawgyi Version
သင့်ရဲ့သန့်ရှင်းလတ်ဆတ်ကျန်းမာသော ခရီးစဉ်အတွက် Toyota Air Care ဝန်ဆောင်မှု
ဆက်သွယ်ရန်လိပ်စာ