Unicode Version…
ဇန်နဝါရီလ ၂၃ရက်နေ့မှ ၂၇ ရက်နေ့အထိ YCC (Yangon Convention Center) တွင်ကျင်းပနေသော (The 1st Yangon International Motor Show 2019) ကာလအတွင်းစတင်မိတ်ဆက်ပြသသွားခဲ့သည်။ အဆိုပါ All New Camry တွင် မောင်းနှင်သူများနှင့် မော်တော်ယာဉ်များအကြား ပြေပြစ်လှပမှုကိုပေးဆောင်နိုင်သည့် Toyota New Global Arcitecture (TNGA) ကိုထည့်သွင်းထားသည့်အပြင် ၂.၅ လီတာအမျိုးအစားအင်ဂျင်ကိုသုံးထားပြီး ၁၃၅kW/၆,၀၀၀rpmအမြင့်ဆုံးပါဝါထွက်ရှိမှုနှင့် ၂၃၅Nm/၄,၁၀၀ rpm ကိုရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် အလိုအလျောက်ဂီယာ ၆ ချက်ပြောင်းလဲနိုင်ကာ Drive Mode Select system ကိုထပ်လောင်းထည့်သွင်းထားသောကြောင့် မောင်းနှင်သူသည် (NORMAL၊ ECO နှင့် SPORT) တို့အနက်မှရွေးချယ်နိုင်မည်ဖြစ်သည်။
အတွင်းခန်းတွင်လည်း အဆင့်မြင့်ထိန်းချုပ်ခုံဒီဇိုင်းပုံစံပေါ်လွင်စေသည့် အရည်အသွေးမြင့် အနားသတ်ပုံစံ သက်တောင့်သက်သာရှိသော ဇိမ်ခံထိုင်ခုံ ၊ သတင်းအချက်အလက်အစုံအလင်ဖော်ပြသည့် ဖန်သားပြင်၊ အလိုအလျောက်လေအေးပေးစနစ် ၊ JBL စနစ်ပါရှိသည့် စပီကာ ၉ လုံးနှင့်အတူ အော်ဒီယိုဖန်သားပြင်စနစ်၊ မောင်းနှင်သူမှ ပုံမှန်မြင်ကွင်းထက်ဝေးသည့်နေရာသို့ကြည့်ရန်မလိုအပ်ပဲ အချက်အလက်များကို ပြသ ပေးသော ဖောက်ထွင်းမြင်နိုင်သည့်မျက်နှာပြင် စသည်တို့ ပါဝင်သည်။
Safety အနေဖြင့် မော်ဒယ်သစ် CAMRY တွင် အဆင့်မြင့်အင်္ဂါရပ်များဖြစ်သော အီလက်ထရွန်း နစ်ဘရိတ်အားဖြန့်ဝေသည့်စနစ် (EBD) ပါရှိသည့် လော့မကျပဲ ဘရိတ်ဖမ်းနိုင်စေသည့်စနစ် (ABS)၊ မော်တော်ယာဉ်တည်ငြိမ်မှုကိုထိန်းချုပ်ပေးသည့်စနစ် (VSC) နှင့် တောင်တက်ရာတွင်ကူညီထိန်း ချုပ်ပေး သောစနစ် (HAC) တို့ ထည့်သွင်းပါရှိပါသည်။ ၂.၅ လီတာအမျိုးအစားတွင် နောက်ကြည့်မှန်၊ ဘက်မှန်များ ဖြင့်မမြင် နိုင်သောဧရိယာများကို ကြည့်နိုင်သည့်မှန်စနစ်နှင့် ကားနောက်ဆုတ်နေချိန်တွင် ဖြတ်ဝင်လာသော ယာဉ်များ၏ အန္တရာယ်မှ အချက်ပေးသည့်စနစ်တို့လည်း တပ်ဆင်ပါရှိသည်။
ကားအပြင်ပိုင်းအရောင် ၇ ရောင်ရွေးချယ်နိုင်သည့် ၂.၀ လီတာနှင့် ၂.၅ လီတာ မော်ဒယ်သစ် CAMRY အမျိုးအစားနှစ်မျိုး၏ ကြမ်းခင်းဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၉,၉၀၀ ဖြစ်ပြီး ၃ နှစ်/၁၀၀,၀၀၀ km အာမခံကာလပါရှိပါသည်။







Zawgyi Version…
Toyota ၏နည်းပညာသစ်တစ်ခုဖြစ်သော Toyota New Global Arcitecture (TNGA) ပါဝင်သော All New Camry ကိုရန်ကုန်အပြည်ပြည်ဆိုင်ရာမော်တော်ယာဉ်ပြပွဲတွင် မိတ်ဆက်ပြသ