Unicode version…
Toyota Myanmar ကနေဦးစီးပြုလုပ်ပေးခဲ့တဲ့ Automobile Media Trainingရဲ့ Lesson 3 မှာပါဝင်တဲ့ ဘန် ကောက်ခရီးစဉ် ၃ ရက်တာ စာရေးသူလို Automobile အဓိကထားသူတစ်ယောက်အတွက်တော့ အဖိုး မဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ရရှိခဲ့တယ်လို့ ကနဦးဆိုပါရစေ။ ဒီခရီးစဉ်အတွင်းမှာ Thai auto expo ၊ Toyota driving experience ၊ Toyota Ban Pho factory နဲ့Toyota TDEM တွေကိုသွားရောက်ခဲ့ရတဲ့ အစီအစဉ်တွေပါဝင်ခဲ့ပြီး ဒီထဲမှာတော့ auto expo ကမကြာခဏရောက်နေလို့ စာရေးအဖို့မထူးဆန်းပေမဲ့ Toyota driving experience ၊ Toyota Ban Pho factory နဲ့Toyota TDEM တွေကတော့ ပထမဆုံး အတွေ့အကြံုဆိုရင်မမှားနိုင်ပါဘူး။နောက်ပြီးခရီးစဉ်တစ်လျှောက်အကောင်းဆုံးစီစဉ်မှုတွေပြုလုပ်ပေးခဲ့တဲ့ Toyota Myanmar Corporation မှတာဝန်ရှိသူတွေနဲ့ ADK Myanmar မှတာဝန်ရှိသူတွေကိုတော့ အမြဲ အမှတ်ရနေမိမှာပါ။
၂၈ ရက်နိုဝင်ဘာမှာ ဘန်ကောက်ခရီးစဉ်စခဲ့ရပါတယ်။ ဒါပေမဲ့ ပထမနေ့က ဘာမှလုပ်စရာမရှိဘဲ Free time ဖြစ်လို့ ဘန်ကောက်မှာလည်ပတ်ရင်း၊Shopping ထွက်ရင်းနဲ့ပဲ အချိန်ကုန်ခဲ့ရပါတယ်။ ၂၉ ရက်နေ့မှာတော့ တည်းခိုရာ Rembrandt Towers Serviced Apartments မှမနက်စောစောကတည်းက စတင် ထွက်ကြရပါတယ်။ အဓိကကတော့ သွားရတဲ့နေရာတွေကဝေးတယ်။ပြီးတော့ ဘန်ကောက်ရဲ့ Traffic ကဆိုး ရွားတဲ့အတွက်ကြောင့်ပါ။ ဘန်ကောက်က တစ်ခါရောက်တိုင်းတိုးတက်မှုတွေကို မြင်တွေ့နေရသလိုပဲ ကားကျပ်မှုကလည်း ပိုပိုဆိုးလားပါတယ်။ဒါပေမဲ့ သူတို့အစိုးရက ကားတင်သွင်းခွင့်တွေကို မပိတ်သိမ်းပါဘူး။ Customer decideပါပဲ။ကားကျပ်တယ်၊ဆီကုန်မယ်ဆိုတာသိတယ်။စီးချင်ရင်စီးဆိုပြီးလုပ်ပေးထားတယ်။ တစ် ဖက်ကလည်း လမ်းစနစ်တွေ၊ပါကင်စနစ်တွေကို တိုးတက်အောင်အမြဲပြုပြင်တိုးချဲ့မှုတွေပြုလုပ်နေတယ်။ Public Transportation ကလည်းကောင်းမွန်တော့ ပြည်သူတွေကြိုက်ရာရွေးချယ်ခွင့်ရှိတယ်။နောက်ပြီးတော့ တိုင်းပြည်ရဲ့Financial Support ကလည်းကောင်းတော့ အရစ်ကျစနစ်နဲ့ပြည်သူတွေ ကားကောင်းတွေကို စီးနင်းခွင့်ရကြတာပေါ့။ ပြန်ပြီးဆက်ရရင် ကျွန်တော်တို့ Media အဖွဲ့စပြီးသွားရာမှာက Thailand Auto Expo ပါ။ကျင်းပတာက Auto နဲ့ပတ်သက်တာတွေအမြဲပြုလုပ်နေကြ Centre ဖြစ်တဲ့ Impact Challenger မှာပါ။ ပြီးခဲ့တဲ့ Bangkok International Motor Show တုန်းကလည်းလာဖူးပြီးသားဖြစ်လို့ ဒီနေရာကရင်း နှီးကျွမ်းဝင်ပြီးသားဖြစ်ပေမဲ့လည်း ကားတွေမြင်ရင်မနေထိုင်အောင်ပျော်ရွှင်လေ့ရှိတဲ့ စာရေးသူအဖို့ကတော့ Square ft 60000 ရှိတဲ့ Centreကြီးထဲ ရှေ့လျှောက်လိုက်၊နောက်လျှောက်လိုက်၊ဓါတ်ပုံတွေရိုက် လိုက်နဲ့ အချိန်ကုန်လို့ကုန်မှန်းမသိဖြစ်ခဲ့ရပါတယ်။ အစစတိုးတက်နေပြီဖြစ်တဲ့ Bangkok ရဲ့ကားလောကက အရမ်းကို အားရစရာကောင်းပါတယ်။ Rolls-Royce,Maserati,Aston Martin,Bentley,Porsche,Audi, BMW, Mercedes,Volvo,Ford,Jaguar Land Rover တို့လိုအနောက်နို်င်ငံတွေက Brand တွေ၊နောက်ပြီး အာရှ ကားထုတ်လုပ်သူတွေရဲ့ Brand တွေဖြစ်တဲ့ KIA,Hyundai,Toyota,Lexus,Nissan,Suzuki,Mitsubishi, Subaru,Mazda,Honda ကားBrand ပေါင်း 35 ခုနဲ့ Motor cycle brand ပေါင်း ၂၀ ပါဝင်ပြသခဲ့ကြပါ တယ်။Concept ကားပြသမှုတွေလည်း ပါဝင်ပြန်တာမို့ဒီပြပွဲက မြန်မာMediaတွေအတွက်တော့ Experience တွေအများကြီးရရှိခဲ့တဲ့ Tripတစ်ခု လို့ဆိုရမှာပါ။အဲဒီနောက် Toyotaရဲ့စီစဉ်မှုနဲ့ နေ့လည်စာကို ဘန်ကောက် ရဲ့နာမည်ကြီး ဂျပန်ရိုးရာ စားသောက်ဆိုင်မှာ ဂျပန်အစားအစာစစ်စစ်တွေကိုပဲအရသာရှိရှိ စားသုံးခဲ့ရပါတယ်။
အဲဒီနောက်ထပ်နေရာတစ်ခုဆီချီတက်ခဲ့ကြပါတယ်။ ဒါကတော့ မြန်မာနိုင်ငံမှာဘယ်Showroom မှမလုပ်နိုင်သေးဘဲ ကားဝယ်မယ့်Customer တွေအတွက် အရမ်းကိုအဆင်ပြေစေမယ့်အပြင် ကိုယ့် Brand ရောင်း ချရဖို့အတွက် အရမ်းကောင်းတဲ့နည်းဗျူဟာမြောက်တဲ့Service တစ်ခုဖြစ်ပါတယ်။ Toyota Driving Experience Park မှာ လူစီးယာဉ်တွေအတွက် On Road ၊Pick up Truck တွေအတွက် Off Road အတွက် Test Drive လုပ်ဖို့ရာနေရာ ၁၀ ဧကကျယ်ဝန်းတဲ့နေရာပြုလုပ်ပေးထားပါတယ်။လူစီးယာဉ်တွေအတွက် On Road section မှာတော့ ၆ ဆင့်ခွဲခြားထားပြီးတော့ ပထမအဆင့်က ကီလိုအနည်းငယ်နဲ့ပဲမောင်းနှင်ရပြီး ကားကိုရင်းနှီးကျွမ်းဝင်သွားအောင် မောင်းနှင်စေတဲ့သဘောပဲဖြစ်ပါတယ်။ဒီအဆင့်ကကားရဲ့ stability ကိုစမ်း သပ်လို့ရနိုင်တဲ့အဆင့်ဖြစ်ပါတယ်။ဒုတိယအဆင့်ကတော့ Dynamic Course Area ဖြစ်တဲ့ရေပန်းတွေ ထုတ်လွှတ်နေတဲ့ Wet Surface ပေါ်မှာ acceleration, brake system တို့အပြင် ABS ကိုစမ်းသပ် စစ်ဆေးရခြင်းဖြစ်ပါတယ်။တတိယအဆင့်ကတော့ Acceleration ကိုအမြန်ဆုံးမောင်းနှင်ရတာဖြစ်ပြီး Transmission နဲ့ engine performance ကိုစစ်ဆေးရတဲ့အပိုင်းဖြစ်ပါတယ်။ နောက်တစ်ဆင့်က ရေစိုနေ တဲ့မျက်နှာပြင်ပေါ်ကို အဝိုင်းပတ်နဲ့ပတ်ရတာဖြစ်ပြီး Toyota ရဲ့နာမည်ကျော် VSC စနစ်အလုပ်လုပ်ပုံကို စစ် ဆေးရတာပါ။ အဓိကကတော့ လမ်းမချော်သွားအောင်ထိန်းချူပ်ပေးတဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်။ နံပါတ် ၅ အပိုင်းကတော့ 1.4 kilometers အရှည်လမ်းတစ်လျှောက်ကို Mini Closed Circuit ပုံစံလုပ်ထားကာ ဘရိတ်လုံးဝမသုံးဘဲ အရှိန်သုံးပြီးရုတ်တရတ်ချိုးကွေ့ရတဲ့စမ်းသပ်မှုမျိုးလည်းပါပါတယ်။ဒါက Handling System ကိုစစ်ကြည့်တာဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ကတော့ Suspension စနစ်စစ်ဆေးတာဖြစ်ပါတယ်။ ချိုင့်တွေ၊တံတားတွေ၊ဂုံးတွေလိုမညီညာတဲ့လမ်းပုံစံ ၈ မျိုးပေါ်မှာ ကားရဲ့အောက်ပိုင်းတည်ငြိမ်မှု၊စီးနင်းရ တာသက်တောင့်သက်သာရှိမှုတွေကို စစ်းသပ်ရတာဖြစ်ပါတယ်။ နောက်အပိုင်းကတော့ Truck တွေအတွက် Off Road Test Drive ပဲဖြစ်ပါတယ်။ Revo နဲ့ Fortuner အတွက်သီးသန့်ဖြစ်ပြီး HAC (Hill Start Assist Control) and DAC (Downhill Assist Control) test လုပ်တဲ့တောင်ကုန်းအဆင်းအတက်မောင်းနှင်မှု၊ A-TRC (Active Traction Control), DAC (Diff-lock) 4 WD တွေကို စစ်ဆေးတဲ့ရေထဲဖြတ်မောင်းတဲ့စနစ်၊ Suspension system test လုပ်တဲ့ လမ်းကြမ်းမောင်းနှင်မှု၊ Four wheel drive system engine test ဖြစ်တဲ့ Tunnel ထဲမှာ ၄၅ ဒီဂရီစောင်းပြီးမောင်းနှင်မှုစတဲ့အပိုင်းတွေပါဝင်ပါတယ်။ အရမ်းကိုကောင်းမွန်တဲ့ Service တစ်ခုဖြစ်ပါတယ်။ အဲဒီညပိုင်းမှာတော့ Toyota ရဲ့တာဝန်ရှိသူတွေနဲ့ပျော်စရာ Dinner လေးဆင်နွှဲ ခဲ့ပါသေးတယ်။
၃၀ရက်နေ့ကတော့ ဒီခရီးစဉ်ရဲ့အသက်လို့တောင်ပြောလို့ရနိုင်ပါတယ်။ မနက်ပိုင်းမှာ Toyotaရဲ့ ထိုင်း အခြေစိုက်ကားကုမ္ပဏီ 3 ခုထဲမှာ အရေးပါတဲ့ကားထုတ်လုပ်ရေးစက်ရုံတစ်ခုလို့ဆိုရမယ့် Ban Pho စက်ရုံကိုသွားရောက်လည်ပတ်ခွင့်ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာမရှိတဲ့အပြင် စာရေးသူဘဝမှာ ပထမဆုံး ကားစက်ရုံလေ့လာရေးဖြစ်လို့ အရမ်းကိုပြီးပြည့်စုံတဲ့ခံစားမှုမျိုးရရှိခဲ့ပါတယ်။ဒီစက်ရုံကနေ Commercial Vehicle တွေဖြစ်တဲ့ Hilux Revo, SUV Fortuner လိုကားတွေကို ၅၆ စက္ကန့်ကို တစ်စီးနှုန်းနဲ့ ထုတ် လုပ်ပေးနိုင်ပါတယ်။ ပျှမ်းမျှတစ်ရက်ကို အစီး ရ၀၀ လောက်ဒီစက်ရုံကနေထုတ်လုပ်ပါတယ်။ ဒီစက်ရုံရဲ့ ကားထုတ်လုပ်ရေးကဏ္ဍတွေဖြစ်တဲ့ Welding shop၊ Paint Hospital နဲ့Assemblyပိုင်းတွေ ကိုလေ့ လာခဲ့ရပါတယ်။ဒီအပိုင်းတွေမှာ Robots တွေသာမကဘဲ လူအင်အားကိုပါအသုံးပြုထားပြီး ဝန်ထမ်းအင်အား ရ၀၀၀ခန့်နဲ့လည်ပတ်နေတယ်လို့သိရပါတယ်။ ကားတစ်စီးလုံးရုပ်လုံးပေါ်လာအောင်ပြုလုပ်ခြင်း၊QCစစ်ဆေး ခြင်းတွေက တကယ့်ကိုစည်းစနစ်ကျနပြီး မြန်ဆန်မှုလည်းရှိပါတယ်။နောက်ထပ်ထူးခြားတာကတော့ ဒီစက်ရုံက အပိုထုတ်လုပ်ခြင်းမျိုးတွေမရှိဘဲ offer အတိုင်းသာအတိအကျထုတ်တဲ့အတွက် Ware House ထားခြင်းမရှိ Supplier တွေဆီက ပစ္စည်းတွေကိုလည်း ၄ နာရီသာ ထားရှိပြီးထုတ်လုပ်ပြီးကားတွေကိုလည်း ဝန်းအ တွင်းကနေ ၄ နာရီအတွင်း Dealer တွေဆီအရောက်ပို့တဲ့စနစ်ကို စနစ်တကျဖော်ဆောင်ထားခြင်းဖြစ် ပါတယ်။ ကောင်းမွန်တဲ့ Management မျိုးကိုတွေ့ရှိခဲ့ရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် BIOTOPE ခေါ်သဘာဝပတ် ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့သစ်တောတစ်ခုကိုလည်းတည်ဆောက်ပေးထားပြီး သစ်ပင်၊ပန်းမန် နဲ့အင်းဆက်တွေကိုလည်းမွေးမြူပြီး စက်ရုံကြောင့်သဘာဝပတ်ဝန်းကျင်ထိခိုက်တာကို တစ်ဖက်တစ်လမ်းက နေပြန်ပြီးအကျိုးပြုတဲ့စနစ်ကိုလည်း ပြုလုပ်ပေးထားပါတယ်။
ဒီခရီးစဉ်ရဲ့နောက်ဆုံးလေ့လာရမယ့်နေရာဖြစ်တဲ့ Toyota Daihatsu Engineering & Manufacturing Co., Ltd(TDEM) ကိုနေ့လည်စာမစားမီလောက်ရောက်အောင်သွားခဲ့ကြပါတယ်။ အဲဒီမှာတော့ Toyota (Thailand) ရဲ့ လုပ်ငန်းတွေ၊ထိုင်းနိုင်ငံရဲ့Auto mobile နဲ့ပတ်သက်တဲ့ဗဟုသုတရစရာတွေကို တာဝန်ရှိသူတွေက ရှင်း လင်းပြောကြားခဲ့ပါတယ်။ သိရှိလိုတာတွေကိုလည်း Q&A ပုံစံမျိုးနဲ့ပြန်လည်ဖြေကြားခဲ့ပါသေးတယ်။ ထိုင်း ရဲ့Policy က ကားထုတ်လုပ်သူတွေအတွက် အရမ်းကိုပုံစံကျနပြီး မြန်မာနိုင်ငံနဲ့အများကြီးကွာခြားနေတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ အဲဒီကနေတစ်ဆင့် မီဒီယာအဖွဲ့သားတွေအားလုံး သူဝဏ္ဏဘူမိလေဆိပ်ဆီတန်း သွားခဲ့ကြပြီး TG flight နဲ့ရန်ကုန်ကိုပြန်ခဲ့ကြပါတော့တယ်။အပြန်လမ်းမှာတော့ တွေ့ကြုံခဲ့ရတဲ့ ဗဟုသုတ တွေအပေါ် Analysis လုပ်ကြည့်တော့ ကိုယ့်အတွက်သာမကဘဲ မြန်မာပြည်ရဲ့Auto Industry အတွက်ပါအဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေကိုရရှိခဲ့တဲ့အတွက် Toyota Myanmar Corporation ကို အထူး တလည်ကျေးဇူးတင်ရှိရင်း နောက်ထပ်အတွေ့အကြုံများရှာမီးဖို့ကိုလည်း စိတ်အားထန်သန်မိပါကြောင်း…
ကျော်သူဟိန်း
Zawgyi version….
ကျော်သူဟိန်း