Toyota သည် Next – Generation Platform 3.0 (အလိုအလျောက် မောင်းနှင်နိုင်သည့် မော်တော်ယာဉ်)အား CES ပြပွဲတွင် ထည့်သွင်းပြသမည်ဟု Toyota ၏ သုတေသနအဖွဲ့မှ ပြောကြားပါ သည်။ ၄င်းတွင် သိသာထင်ရှားသည့် ပေါင်းစပ်မှုဖြစ်သည့်ကင်မရာနှင့် အာရုံခံ ကိရိယာများအား ကားကိုယ်ထည်တွင် ပါရှိမည်ဖြစ်ပြီး Autonomous ယာဉ်များတွင် ပါလေ့ရှိသည့် (လည်ပတ်သော LIDAR rooftop sensor) အစားချောမွတ်ပြေပြစ်သည့် အာရုံခံ ကိရိယာများ ပြောင်းလဲထည့်သွင်းထားပါ မည်။ အဆိုပါ (Platform 3.0) အား Lexus LS 600 hl အား အခြေခံဖန်တီးမည်ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ မီချီဂန်ပြည်နယ်ရှိ Ann Arbor ၏ CALTY Design Rearch ၏ ကိုအကူအညီရယူခဲ့ခြင်းဖြစ်သည်ဟု Toyota မှ ပြောကြားခဲ့ပါသည်။၎င်း၏ roofline တစ်လျောက်လုံးအား Chrome Trim ဖြင့် တန်ဆာဆင် ထားမည်ဖြစ်ပြီး ကားအနောက် ဘေးဖက်ဒီဇိုင်းအား LS ၏ Counter Line များအတိုင်း တူညီစွာ ဖန်တီးထားပါမည်။ အလားတူ ကွန်ပျူတာ အီလက်ထရောနစ်စနစ်နှင့် Wiring များကိုလည်း နောက်ဖုံးရှိ (သေတ္တာ)အောက်တွင် ပေါင်းစပ်ထည့်သွင်းထားပါသည်။ Platform 3.0 သည် လမ်းပေါ်တွင် စမ်းသပ်မောင်းနှင်နိုင်မှုအတွက် အကောင်းဆုံးစိတ်ကူးစိတ်သန်းဖြစ်ပြီး ၄င်းတွင်ထည့်သွင်းထားသည့် (Luminor LIDAR) စနစ်သည် မီတာ ၂၀၀ အတွင်း (၃၆၀ ဒီဂရီ )ပတ်လည်မြင်နိုင်ပြီး LIDAR (၄)ခုမှ ညအခါတွင်လည်း ကောင်းစွာမြင်နိုင်ရန် ကူညီပေးပါမည်။ ထို့အပြင် ကား၏ မြင်ကွင်း(၄)နေရာ၌ အာရုံခံ ကိရိယာများတပ်ဆင်ထား၍ ကားပတ်ဝန်းကျင်ရှိ အရာဝတ္တုများ၊ လမ်းအခြေအနေများအား တိကျ မှန်ကန်စွာ ထောက်လှမ်းပေးမည်ဖြစ်ပါသည်။ Platform 3.0 အား ယခုနှစ် နွေဦးပေါက်ရာသီတွင် အရေအတွက် အနည်းငယ်ဖြင့် စတင်ထုတ်လုပ်မည်ဖြစ်ပြီး (Toyota Motor North America R and D) မှ ထုတ်လုပ်မည်ဖြစ်ပြီး အဆိုပါယာဉ်တွင် Toyota ၏ Guardian Dual- Cockpit Control အပြင်အဆင် လည်း ပါဝင်မည်ဖြစ်ပြီး ၄င်းစနစ်သည် လူသားယာဉ်မောင်းနှင့် အလိုအလျောက်မောင်းနှင်မှုစနစ်အကြား ပြောင်းလဲခြင်းအား ထိန်းချုပ်စေမည်ဖြစ်ပြီး ယာဉ်မောင်းအတွက် Backup တစ်မျိုးအနေဖြင့် ကူညီပေးမည်ဖြစ်ပါသည်။

19 Jan 2018
0