Toyota မှ Avanza ကားအသစ်ကို မြန်မာပြည်တွင် တရားဝင် မိတ်ဆက်ခြင်းကိုပြုလုပ်ခဲ့ပြီး ယခုမော်ဒယ်မှာ MPV ထိုင်ခုံ (၇)ခုံ ထည့်သွင်း ထားသောကြောင့်မိသားစုများသူများအတွက် အဆင်ပြေစေရန်ရည်ရွယ်ခြင်း ဖြစ်ကြောင်း Toyota မှဆိုသည်။ အာရှတွင် ပထမဦးဆုံး စတင်မိတ်ဆက်ရောင်းချ ကတည်းက ကားအစီးရေ ၂ သန်းနီးပါး ရောင်းချနိုင်ခဲ့ပြီး အဆိုပါ MPV ကားသစ်သည် မြန်မာပြည်၏ လမ်းအချိုးအကွေ့များနှင့် ကိုက် ညီသော ပိုမိုကောင်းမွန်သည့် လုပ်ဆောင်မှုကိုပေးစွမ်းနိုင်ရန်အတွက် class leading minimum turning radius of 4.7m နှင့်အတူ 1.3 Liter engine တွင် လုံလောက်သော စွမ်းအင်ပါဝင်ခြင်းကိုလည်း Toyota မှ အာမခံထားပါသည်။ 4-speed automatic transmission စနစ်သုံးစွဲထားကာ စွမ်းအင်ထွက်ရှိမှုအနေဖြင့် 71kW/6000rpm ထွက်ရှိမည်ဖြစ်သည်။ Projector Headlamps ရှေ့မီးကြီးများ၊ USB / DC (12 V) ချိတ်ဆက်လို့ရသော ပါဝါ outlet ၊ ဒုတိယအတန်းနှင့် တတိယအတန်းခုံများကို ၅၀း၅၀ ခေါက်သိမ်းနိုင်ခြင်း စသည့်အရာများလည်းထည့်သွင်းထားပါသည်။

ထို့အပြင်လုံခြုံရေးကို ဦးစားပေးသည့်အနေဖြင့်လည်း Anti-lock Braking System (ABS) with Electronic Brake-force Distribution (EBD) ကို ထည့်သွင်းထားသည့်အပြင် Child Restraint System (ISOFIX and tether anchor) လည်းပါဝင်ပါသည်။

Toyota Myanmar မှ Avanza ကားသစ်ကို 3-year/100,000 km အာမခံဖြင့် ရောင်းချပေးနေပြီး  Toyota ၏ တရားဝင်အရောင်းကိုယ်စားလှယ်များမှ တစ်ဆင့် aftersales support ကိုလည်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Avanza ကားသစ်၏ ဈေးနှုန်းသည် USD 19,500 ကျသင့်မှာဖြစ်ပြီး ကားအပြင်ဘက်ပိုင်း အရောင်အားဖြင့် ရွေးချယ်စရာ အရောင် ၆ မျိုး ရှိပါသည်။