Toyota ၏ Motor sport Division ဖြစ်သည် GR ခေါ် Gazoo Racing သည် Toyota ၏ Model အချို့ ဖြစ်သည့် – GR 86 ၊ GR Supra ၊ စသည့် Sport Car များအပြင် GR Corolla ၊ GR Yaris ၊ စသည့် Model များအတွက် Performance ဦးစားပေးအနေဖြင့် ပေါင်းစပ်ပါဝင်ထားပါသည်။ ယခုအခါ GR သည် Toyota မှလက်ရှိမိတ်ဆက်ထားသည့် Toyota bZ4X EV Crossover တွင်လည်း GR Treatment အနေဖြင့် ပေါင်းစပ်ပါဝင်မည်ဖြစ်သည်။ Toyota bZ4X EV ၏ GR Sport Concept အား 2022 Tokyo Auto Show တွင်ပထမဆုံးမိတ်ဆက်ပြသခဲ့ပြီး အဆိုပါ Concept Model သည် Blacked – Out Version ဖြစ်ကာ – ( 214 hp Output ) ရရှိသည့် Dual – Motor Setup နှင့် AWD တို့ပါဝင်ပါသည်။ Toyota သည်အဆိုပါကားပြပွဲ၌ bZ4 X Sport Concept နှင့်အတူ Lexus RZ ကိုလည်းတွဲဖက်ပြသခဲ့ပြီး ၎င်းတို့အား e – TNGA Platform တွင် တူညီစွာဖန်တီးထားပါသည်။

 

Toyota သည် bZ4 X EV ၏ GR Version Model တွင် ( 380 hp Output ) ရရှိသည့် – Dual Motor Setup ကိုထည့်သွင်းမည်ဖြစ်ကာ Handling နှင့် Performance ဆိုင်ရာများကိုလည်း GR Standard အတိုင်းအထူးကောင်းမွန်စွာဖြင့် ဖန်တီးပေးပါမည်။ Toyota bZ4 X EV သည် Toyota ၏ GR Badge တပ်ဆင်ထားသည့်ပထမဆုံး EV နှင့်ပထမဆုံး Crossover Model ဖြစ်ပါသည်။ Toyota သည် GR Performance Portfolio အား Sport Car များနှင့် Hatchback Model များတွင်တပ်ဆင်ခဲ့ပြီး ယခုအခါ EV Crossover တွင်ဆက်လက်အသုံးပြုလာပါသည်။ ထို့အတူ Sedan Type ဖြစ်သည့် Camry တွင်လည်း GR Performance ကိုတိုးချဲရန် Toyota မှလျာထားသော်လည်း လက်တွေ့ဖန်တီးမှုအရ လက်ရှိအချိန်အထိ Sedan များတွင် GR Version မရှိထားပါ။

#DriveMediaMyanmar