Unicode version….
Toyota ၏ ဂျပန်ပြည်တွင်းသီးသန့်သာ အဓိကရောင်းချသည့် (Full Size Luxury Sedan) ဖြစ်သည့် (Century) ၏မျိုးဆက်သစ် (All – New Century) နှင့်သက်ဆိုင်သည့်အချက်အလက် များထွက်ရှိလာပြီဖြစ်ပြီး ၄င်းအားမကြာမီကျင်းပမည့် Tokyo Motor Show တွင် မိတ်ဆက်ပြသ မည် ဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း(၅၀)မှ စတင်မွေးဖွားခဲ့သည့် (Century)သည် (2017)ခုနှစ် အတွင်းအနည်းငယ်သာ ပြောင်းလဲ ခဲ့ပါသည်။အထူးအားဖြင့် ၄င်း၏ ဒုတိယမျိုးဆက် (1997-2017) ကာလ အတွင်း အနှစ်(20)ခန့်အကြာ ဒီဇိုင်းအားထိန်းသိမ်းထားနိုင်မှုမှာ ထူးခြား ပါသည်။ ထိုမျိုးဆက် (Century)တွင် (Toyota)၏ ပထမဆုံး (5.0 L V12 Engine) ၊ (230 hp) အင်ဂျင်အား ထည့်သွင်းနိုင်ခဲ့ပြီး ၄င်း (V12 Engine) အား (Century)၌သာ အသုံးပြုခဲ့ပါသည်။ သို့သော် ယခု အသစ်ထွက် ရှိလာသည့် (Century) တွင် ၄င်း၏အထင်ကရ (V12 Engine)အစား (Hybrid) နည်းပညာဖြင့် တွဲဖက်ထားသည့် (New V8 Engine) အား ပြောင်းလဲထည့်သွင်းထားမည်ဖြစ်ပါသည်။
အလားတူ ၄င်း၏ (Fashion)၊ (ဒီဇိုင်း)နှင့် ဂုဏ်ဝင့်ထည်မှုများကိုလည်း လက်ရှိ (Rolls – Royce) ကားများကဲ့သို့ ခမ်းခမ်းနားနားဖန်တီး ထားမည်ဖြစ်ပါသည်။ ၄င်း၏အတွင်းခန်းတွင် အထူး တန်ဖိုးမြင့်အဝတ်ဖြင့် ချုပ်လုပ်ထားသည့် (Cloth Seats) များအား အစဉ်အလာမပျက် ထည့်သွင်း ထားမည်ဖြစ်ပြီးနူးညံ့သည့် သားရေထိုင်ခုံများလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ ၄င်း၏အကျယ်အဝန်း သပ်ရပ်မှုစသည့်အချက်များသည်လည်း ယခင် ကားများကဲ့သို့ အကောင်းဆုံးဖန်တီးထားမည်ဖြစ်ပြီး ယခု (New Century) တွင် ခေတ်မှီနည်းပညာများစွာပါ၀င်လာမည်ဖြစ်ပါသည်။ အနောက်ဖက် ခရီးသည်မှ လိုအပ်သည့်ထိန်းချုပ်မှုများအား လက်တင်ပေါ်ရှိ(Touch Screen) မှတဆင့် ထိန်းချုပ် နိုင်မည်ဖြစ်ပါသည်။ (New Century) အား (2018)နှစ်လည်ပိုင်းခန့်တွင် ကျယ်ပြန့်စွာရောင်းချရန် (Toyota)မှ စီစဉ်ထားပါသည်။ (Japan) တွင် အစဉ်အလာအားဖြင့် နိုင်ငံရေးသမားများ၊ ကော်ပိုရေးရှင်းဥက္ကဋ္ဌများနှင့် သူကြွယ်ကြီးများသည် (Century) အား ပုံမှန်အားပေးလေ့ရှိပါသည်။ (New Century)တွင် (V12 Engine) အား (Custom – made Royal Edition)အတွက် ဆက်လက်ထည့်သွင်း အသုံးပြုမည် ဖြစ်ပါသည်။
Zawgyi version…