Unicode version…
Toyota ၏ Icon Car ဟုတင်စားကြသည့် Corolla ၏ 2019 Corolla Hatchback Model သည် (စိတ်ဝင်စားဖွယ်ရာ) များနှင့် (စိတ်လှုပ်ရှုားဖွယ်ရာ)များဖြင့် ထွက်ရှိ၍ လာပါသည်။ အထူးအားဖြင့် ၎င်း၏ ယခင် Model များထပ်ပို၍ ၀ံ့ကြွားသည့် ပုံစံအသစ်ဖြင့် ဖန်တီးထားကာ Fun-to-Drive အဖြင့် ရည်ရွယ်ထုတ်လုပ်ခြင်းလည်း ဖြစ်ပါသည်။ ၎င်းအား Manual Gear ဖြင့် ထုတ်လုပ်ထား ၍ ပေါ့ပါးစွာ မောင်းနှင်နိုင်ပါမည်။ အခြားသော ထူးခြားချက်မှာ New Corolla Hatchback အား Toyota ၏ နာမည်ကျော် TNGA Modular Platform ကို အခြေခံကာ ကိုယ်ထည်အတွက် အကောင်းဆုံး အဖြေလည်း ဖြစ်ပါသည်။ New Corolla iM Hatchback ထက် (၆၀)% ခန့်ပို၍ မာကျောပြီး (Center of Gravity) သည်လည်း (2.0 cm)ခန့်ပို၍ နိမ့်မည်ဖြစ်၍ ကြာရှည်အသုံးခံနိုင်ပြီး ကောင်းစွာ ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ယခင်က Aluminum ဖြင့် ပြုလုပ်ခဲ့သည့် Hatch အား ယခု New Corolla ၌ Plastic ဖြင့် ပြောင်းလဲထားခြင်းနှင့် Chrome Accents များအား အနောက်ဖက်၌ ဖန်တီးထားမှုမှာ ထူးခြားမှုများ ဖြစ်ပြီး ပို၍လည်း Sporty ဆန်မည့် ဒီဇိုင်း ဖြစ်ပါသည်။
2019 Corolla Hatchback ၏ ဥရောပသို့ တင်ပို့သည့် Auris အမျိုးစား၌မှု Hybrid စနစ်ကို ထည့်သွင်းထားမည် ဖြစ်ပြီး (မြောက်အမေရိက)နှင့် အခြားဒေသများသို့ ရောင်းချမည့် Corolla Hatchback တွင် မပါ၀င်ပါ။ အလားတူ အချို့သော TRD Performance Upgrade များကိုလည်း ယခု New Corolla တွင် ထည့်သွင်းထားမည်ဖြစ်ပြီး Corolla Sedan တွင်ပါရှိမည့် (စပရိန်)နှင့် (Anti-Roll Bar)များကိုလည်း ထည့်သွင်းထားမည်ဖြစ်၍ Toyota ချစ်သူများအကြိုက်တွေ့မည် ဖြစ်ပါသည်။
Zawgyi version…
Toyota ၏ Icon Car ဟုတင္စားၾကသည့္ Corolla ၏ 2019 Corolla Hatchback Model သည္ (စိတ္၀င္စားဖြယ္ရာ) မ်ားႏွင့္ (စိတ္လႈပ္ရႈားဖြယ္ရာ)မ်ားျဖင့္ ထြက္ရွိ၍ လာပါသည္။ အထူးအားျဖင့္ ၎၏ ယခင္ Model မ်ားထပ္ပို၍ ၀ံ့ၾကြားသည့္ ပံုစံအသစ္ျဖင့္ ဖန္တီးထားကာ Fun-to-Drive အျဖင့္ ရည္ရြယ္ထုတ္လုပ္ျခင္းလည္း ျဖစ္ပါသည္။ ၎အား Manual Gear ျဖင့္ ထုတ္လုပ္ထား ၍ ေပါ့ပါးစြာ ေမာင္းႏွင္ႏိုင္ပါမည္။ အျခားေသာ ထူးျခားခ်က္မွာ New Corolla Hatchback အား Toyota ၏ နာမည္ေက်ာ္ TNGA Modular Platform ကို အေျခခံကာ ကိုယ္ထည္အတြက္ အေကာင္းဆံုး အေျဖလည္း ျဖစ္ပါသည္။ New Corolla iM Hatchback ထက္ (၆၀)% ခန္႔ပို၍ မာေက်ာၿပီး (Center of Gravity) သည္လည္း (2.0 cm)ခန္႔ပို၍ နိမ့္မည္ျဖစ္၍ ၾကာရွည္အသံုးခံႏိုင္ၿပီး ေကာင္းစြာ ထိန္းခ်ဳပ္ႏိုင္မည္ ျဖစ္ပါသည္။ ထို႔အျပင္ ယခင္က Aluminum ျဖင့္ ျပဳလုပ္ခဲ့သည့္ Hatch အား ယခု New Corolla ၌ Plastic ျဖင့္ ေျပာင္းလဲထားျခင္းႏွင့္ Chrome Accents မ်ားအား အေနာက္ဖက္၌ ဖန္တီးထားမႈမွာ ထူးျခားမႈမ်ား ျဖစ္ၿပီး ပို၍လည္း Sporty ဆန္မည့္ ဒီဇိုင္း ျဖစ္ပါသည္။
2019 Corolla Hatchback ၏ ဥေရာပသို႔ တင္ပို႔သည့္ Auris အမ်ိဳးစား၌မႈ Hybrid စနစ္ကို ထည့္သြင္းထားမည္ ျဖစ္ၿပီး (ေျမာက္အေမရိက)ႏွင့္ အျခားေဒသမ်ားသို႔ ေရာင္းခ်မည့္ Corolla Hatchback တြင္ မပါ၀င္ပါ။ အလားတူ အခ်ိဳ႕ေသာ TRD Performance Upgrade မ်ားကိုလည္း ယခု New Corolla တြင္ ထည့္သြင္းထားမည္ျဖစ္ၿပီး Corolla Sedan တြင္ပါရွိမည့္ (စပရိန္)ႏွင့္ (Anti-Roll Bar)မ်ားကိုလည္း ထည့္သြင္းထားမည္ျဖစ္၍ Toyota ခ်စ္သူမ်ားအႀကိဳက္ေတြ႕မည္ ျဖစ္ပါသည္။