Unicode version….
Comparison by Brand New Medium Car
Drive ရဲ့Comparison ကဏ္ဍ ကနေကြိုဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ issue မှာမှစပါခဲ့တဲ့ Comparison က ဒီတစ်ခေါက်တော့ Medium ကားတွေအကြောင်းဖြစ်ပါတယ်။ ဒီကားတွေက ဆလွန်းနဲ့ဆီဒင်တွေဖြစ်သွားပြီး Small ကားတွေထက်ပိုပြီး သက်တောင့်သက်သာရှိမှာဖြစ်သလို စွမ်းဆောင်ရည်မြင့်မားမှု၊ပါဝင် ပစ္စည်းတွေ၊ ဝန်တင်ဆောင်နိုင်မှုအပိုင်းတွေမှာ ပိုသာသွားပါလိမ့်မယ်။ ဒီ Issue မှာလည်း Medium car တွေဖြစ်တဲ့ Toyota Corolla, Chevrolet Cruze နဲ့ Suzuki Ciaz တို့အကြောင်းဖော်ပြပေးသွားမှာဖြစ်ပြီး ဒီလိုပြောတဲ့ အထဲမှာလည်း အမြင့်ဆုံးဂရိတ်တွေကိုပဲ ပြောပြပေးမှာဖြစ်ပါတယ်။
အပြင်ဘက်ပိုင်း …
Toyota Corolla – အလိုအလျောက်ချိန်ညှိပေးနိုင်ပြီး တောင့်တင်းကျော့ရှင်းတဲ့ LED ရှေ့မီးများ၊ Day Lamps၊ Fog Lampsများ လေခွင်းအားကောင်းသော ကိုယ်ထည်နဲ့အတူ ရှေ့ရှဲဒီဇိုင်းတွေက Corolla ကို ကားကောင်းတစ်စီးဆိုတာကို ဖော်ညွှန်းပြသနေပါတယ်။ မိုးကို အလိုအလျောက်အာရုံခံနိုင်တဲ့ဝိုက်ပါ ၊ လက်ရာ မြောက်တဲ့ အနားရေးကြောင်းတွေ၊ Sport ပုံစံပိုဆန်လာတာတွေကို တွေ့ရပါတယ်။
Chevrolet Cruze – ရှေ့ရှဲနှစ်ထပ်ကို အသုံးပြုထားပြီး ခရိုမီယမ်သတ္တုတွေနဲ့အနားကွပ်ထားတဲ့ Cruze ရဲ့ရုပ်သွင်က စွဲဆောင်မှုရှိစေရုံသာမကဘဲ လေခွင်းအားကောင်းအောင်လည်း aerodynamic စနစ်နဲ့တည် ဆောက်ထားပါတယ်။ ကားကပေါ့ပါး၊ ကြ့ံခိုင်မှုပိုရှိလာသလို sporty compact ပုံစံမျိုးပေါက်နေပါတယ်။ Auto Headlamp ၊ daytime running lights နဲ့ fog lamp တို့ကလည်း Cruze ရဲ့တင့်တယ်မှုကို ပိုမို ထည်ဝါစေပါတယ်။ ပြီးတော့ နောက်ဘက်ပုံစံကလည်း အမေရိကန်ရဲ့နာမည်ကျော် Muscle car Chevrolet Camaro အသွင်ယူထားလို့ လှပမှုအပြင် မာကျောမှုကိုပါပြသ သယောင်ဖြစ်သွားပါတယ်။
Suzuki Ciaz – Sportဆန်တဲ့ ရုပ်ထွက်မျိုး ဖန်တီးထားပြီး အိမ်စီးမော်ဒယ်တစ်ခုအတွက် လက်ခံနှစ်သက် နိုင်လောက်တဲ့ ရုပ်ထွက်နဲ့ အချိုးအဆစ်ကိုတွေ့ရပါတယ်။ ဒီဇိုင်းပို်င်းရိုးရှင်းမှုကို အခြေခံထားပြီး မြေပြင် ကင်းလွတ်ပမာဏကလည်း ဆီဒင်တွေထဲမှာ ထူးထူးခြားခြားကောင်းမွန်သလို ဘော်ဒီအနားရေးကြောင်းချိုး ဆစ်ပုံတွေ၊ Sport ဆန်တဲ့ဘီးပုံစံတွေကြောင့် Ciaz ကလက်ရှိပြည်တွင်းမှာရောင်းအားအကောင်းဆုံး ဆီဒင်တစ်စီးဖြစ်နေပါတယ်။
အတွင်းခန်း
Toyota Corolla – ကားအတွင်းပိုင်းမှာ သားရေထိုင်ခုံများ၊ အလိုအလျောက်လေအေးပေးစနစ်၊ လက်ဟန်ခြေဟန်ဖြင့် ထိန်းချုပ်နိုင်တဲ့ အသံစနစ်တို့အပြင် ပါဝါနဲ့ပုံစံ ၈ မျိုးချိန်ညှိနိုင်တဲ့ ယာဉ်မောင်းထိုင်ခုံ၊ audio စနစ်၊ နောက်ကြည့်ကင်မရာ၊ သတင်းအချက်အလက်အစုံအင်သိရှိနိုင်မယ့် Touch Screen ၊ ထိန်းချူပ် မောင်းနှင်ဖို့ရာလွယ်ကူစေမယ့် Control တွေပါတဲ့ စတီယာရင်စနစ်၊ ကျယ်ဝန်းတဲ့အတွင်းခန်းအပြင်အဆင်တွေ ပါရှိပါတယ်။
Chevrolet Cruze- ရလက်မ diagonal colour touch-screen ပါဝင်ပြီး Audioနဲ့ Chevrolet MyLink နဲ့ ချိတ်ဆက်ထားတဲ့ နောက်ဆုံးပေါ် Apple CarPlay စနစ်ပါဝင်တဲ့အပြင် Android ဖုန်းတွေနဲ့ပါ Map ၊ Audio ၊ voice commands တွေကို ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် 3 Spokes ပါ စတီယာရင်ပါဝင်ပြီး အဲဒီစတီယာရင်မှာ Radio & Phone တွေကို Control လုပ်နိုင်ပါတယ်။ အဲဒီအပြင် စပီကာ ၄ လုံးပါပြီး HAVC System Air Conditioner ကအလိုအလျောက်အပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ အဲဒီအပြင် Teen Driver technology ကလည်းယာဉ်မောင်းသူရဲ့Speedကို touch-screen ဖော်ပြသတိပေးနိုင်ပါတယ်။
Suzuki Ciaz – နောက်ဖက်ခန်း တော်တော်လေးကို ကျယ်ပါတယ်။ ဒါဆိုရင်တော့ ခရီးဝေအတွက်ရော မြို့တွင်း မှာပါ လိုက်ပါ စီးနင်းမှုအတွက် အဆင်ပြေကောင်းမွန်မယ့် အချက်တစ်ချက်ပါ။ နောက်ဖက် ထို်င်ခုံတန်းမှာ လက်တင်နဲ့ ခွက်ထည့်စရာ ဆင်ထားပါတယ်။ ခရီးသည် ၅ယောက် လိုက်ပါမယ် ဆိုရင်လည်း အဲဒီ လက် တင်ကို ခေါက်သိမ်းနိုင်အောင် ဖန်တီးထားပါတယ်။ အတွင်းခန်း လေအေးပေးစနစ်ကပတ်လည် ဖြစ်လို့ သ ဘောကျစရာပါ။ အလင်းအားကောင်းပြီး အချက်အလက်စုံလင်တဲ့ Driver ဒိုင်ခွက်၊ စပီကာ ၄လုံးပါပြီး Navigation ပါချိတ်ဆက်နိုင်တဲ့ Audio Touch Screen စနစ်၊ Back Mirror မှာ နောက်ကြည့် ကင်မရာပါဝင်မှုတွေက Ciaz ရဲ့နည်းပညာပစွမ်းတွေပါပဲ။
စွမ်းဆောင်ရည်
Toyota Corolla – 1.6LDOHC 16 valve VVTI & DOHC အင်ဂျင်ကို အသုံးပြုထားပြီး 4 Speed CVTအော်တို Transmission စနစ်နဲ့လာတဲ့ ဓာတ်ဆီအင်ဂျင်သုံးကားလည်းဖြစ်ကာ ပါဝါထွက်ရှိမှုက 90 KW ဖြစ်ပါတယ်။ အင်ဂျင်ပါဝါက သင့်တော်မှုရှိသလို မြင်းကောင်ရေအား ၁၂၀ ကျော်ထွက်ရှိနိုင်တာကလည်း Corolla ကို ဟိုင်းဝေးအတွက်ပါ အသုံးခံအောင်ပြုလုပ်ထားတာဖြစ်ပါလိမ့်မယ်။
Chevrolet Cruze – ဒီကားမှာ Standard အနေနဲ့1.4L turbocharged engine ကို direct injection နဲ့အသုံးပြုထားပြီး ပါဝါထွက်ရှိမှုက 153 ps ဖြစ်သလို transmission က six-speed automatic ဖြစ်ပါတယ်။ ဆီစားနှုန်းက မြို့ပြင်ပျမ်းမျှ 15.5 km ကို 1 လီ တာ ဖြစ်ပြီး The all-new 2017 Cruze ကိုအင်ဂျင်ပုံစံအသစ်နဲ့ တည်ဆောက်ထားလို့ အမြန်နှုန်း စွမ်းဆောင်ရည်က 0-100 km ကို ၈ စက္ကန့် အောက်နဲ့ရောက်ရှိနိုင်ပါတယ်။
Suzuki Ciaz – ဒီကားလေးက 1.4L DOHC 16 Value with VVT ဓာတ်ဆီအင်ဂျင်သုံးဖြစ်ပြီး မြင်းကောင်ရေက 92hp @ 6000 rpm ထွက်ရှိကာ 4 Speed Auto Transmission နဲ့လာပါတယ်။ ဆီစား နှုန်းသက်သာအောင်ပြုလုပ်ထားပြီး ဟိုင်းဝေးခရီးစဉ်တွေအတွက်တော့ နည်းနည်းအားနည်းချင်ပါတယ်။
လုံခြုံရေး
Toyota Corolla – Corolla မှာဘီးချော်ခြင်းအားတားဆီးရန် ယာဉ်တည်ငြိမ်မှု ထိန်းချုပ်ခြင်းစနစ်၊ ဘရိတ်ဖမ်းခြင်းကို ပိုမိုကောင်းမွန်စေရန် ABSစနစ်၊ ယာဉ်မောင်းနဲ့အရှေ့ဘက် ခရီးသည်ထိုင်ခုံလေ အိတ်တွေအပြင် ယာဉ်မောင်းထိုင်ခုံရဲ့ ဒူးနေရာရှိလေအိတ်၊ ဘေးဖက်နဲ့ ပြတင်းကာလေအိတ်တွေပါ ထည့်သွင်းထားလို့ Corolla က လုံခြံုရေးစနစ်မှာလည်း ကောင်းမွန်တယ်လို့ဆိုနိုင်ပါတယ်။ အဲဒီအပြင် ပါကင်ထိုးရာမှာ ကူညီပေးမယ့် အာရုံခံကိရိယာလည်းပါဝင်ပါတယ်။
Chevrolet Cruze – Safety ကိုဦးစားပေးတဲ့ Chevrolet ရဲ့ထုံးစံအတိုင်း ရှေ့ဘက်နဲ့ဒူးတွေကို ကာကွယ် ပေးဖို့ Airbags 4 လုံးပါဝင်မှာပါ။ နောက်ပြီးယာဉ်တိုက်မှုဖြစ်ရင် ကာကွယ်ပေးနိုင်ဖို့ စွမ်းရည်မြင့် စတီးတွေကိုလည်းထည့်သွင်းထားပါသေးတယ်။Electronic Cruise Control , Driver & Passenger Seat Belt Reminder, Rear Park Assist, Engine Immobilizer, Tire Pressure Indicator, Electronic Stability Control တို့လည်းပါဝင်လို့ လက်ခံနိုင်လောက်တဲ့ Safety စနစ်လို့ဆိုရမှာပါ။
Suzuki Ciaz – သူကတော့ Safety ပိုင်းမှာ ရှေ့ ၂ စီးထက်အနည်းငယ်အားနည်းချင်ပါတယ်။ ဒါကလည်း စျေးနှုန်းကြောင့် ဖြစ်မှာပါ။ Ciaz မှာ ရှေ့လေအိတ် ၂ လုံး၊ EBD စနစ်နဲ့တွဲဖကိပေးထားတဲ့ ABS စနစ်၊ Keyless Entry System ၊ Engine Immobilizer တို့ပါဝင်ပါတယ်။ အဲဒီအပြင် ပါကင်ထိုးရာမှာ ကူညီပေးမယ့် အာရုံခံကိရိယာလည်းပါဝင်ပါတယ်။
စျေးနှုန်းနဲ့သုံးသပ်ချက်
Toyota Corolla – စျေးကတော့ USD 33,500 ဖြစ်ပါတယ်။ဒါကကားတန်ဖိုးချည်းပဲပါ။ မြို့တွင်းအတွက် အရမ်းကိုအဆင်ပြေစေမယ့်အပြင် ရုပ်ထွက်ပိုင်း၊ကျယ်ဝန်းတဲ့အတွင်းခန်း၊ ပါဝင်ပစ္စည်း၊ Safety စနစ်တွေ သာမက စွမ်းအင်ထွက်ရှိနှုန်းတွေကြောင့် ပေးရတဲ့ငွေနဲ့ထိုက်တန်မှုရရှိနိုင်မှာပါ။ Corolla က ကမ္ဘာအနှံ့အပြား မှာ အစီးရေ (၄၄) သန်းကျော်ရောင်းချထားခဲ့ပြီးတဲ့ကားပါ။
Chevrolet Cruze – နောက်ပိုင်းနှစ်တွေမှာ ကမ္ဘာအနှ့ံရောင်းအားအကောင်းဆုံးဆီဒင် ဖြစ်လာတဲ့ Cruze က USD 36,000 ကျသင့်ပြီး အခု ၃ စီးထဲမှာစျေးအများဆုံးပါ။ဒါပေမယ့်လည်း ပါဝင်တဲ့နည်းပညာ၊သုံးထားတဲ့ ပစ္စည်းတွေကတော့ အံ့မခန်းပါပဲ။ Safety ပိုင်းကောင်းတယ်။ စွမ်းအင်ထွက်ရှိမှု ၊ မောင်းနှင်မှုတွေမှာ အပြစ် အနာအဆာမရှိသလောက်နည်းတယ်။ တန်းမြင့်ဆီဒင်တစ်စီးဖြစ်ပါတယ်။
Suzuki Ciaz – လက်ရှိစျေးကွက်မှာ ရောင်းအားအကောင်းဆုံးဆီဒင်ဖြစ်နေတဲ့ Ciaz က မြို့တွင်းအတွက် တော့သင့်တော်မှုရှိတဲ့ကားမျိုးပါ။လုံလောက်တဲ့မြေပြင်ကင်းလွတ်ပမာဏရှိသလို ဆီစားနှုန်း လည်းသက်သာပါ တယ်။ စျေးကလည်း မြန်မာငွေ သိန်း ၂၅၀ နီးပါးပဲရှိသလို SKD ဖြစ်လို့ရန်ကုန်လိုင်စင်ရရှိနိုင်မှာပါ။ ငွေကို လည်း ချွေတာချင်တယ်၊ ပွဲတက်အတွက်ရော၊ကျယ်ဝန်းတဲ့ ဆီဒင်တစ်စီးလည်းလိုချင်တယ်ဆိုရင် Ciaz ကအသင့်တော်ဆုံးမော်ဒယ်တစ်ခုဖြစ်လာပါလိမ့်မယ်။
Zawgyi version…
Comparison by Brand New Medium Car
အပြင်ဘက်ပိုင်း …
အတွင်းခန်း
စွမ်းဆောင်ရည်
လုံခြုံရေး
ဈေးနှုန်းနဲ့သုံးသပ်ချက်