Toyota ကတော့ Performance ကားအမျိုးအစား GR Yaris 2021 Model သစ်ကို ပရိသတ်တွေ ဆီ ဖန်တီးပို့‌ဆောင်‌ပေးလိုက်ပြန်ပါပြီ။ Celica GT- FOUR Model တွေထုတ်လုပ်မှုကို ရပ်လိုက် တဲ့ 1999 ခုနှစ်ကစပြီး GR Yaris Model ဟာ World Rally Championship ပြိုင်ပွဲ‌တွေအတွက် Toyota ကဖန်တီးတဲ့ ပထမဦးဆုံးသော All-wheel Drive Sport Car ဖြစ်လာခဲ့ပါတယ်။
World Rally Championship ပြိုင်ပွဲဝင်ကားဖြစ်တဲ့အတွက် ကြံ့ခိုင်မှုပိုင်းကတော့ ပြောစရာ တစ်ခုတလေ ရှိမ‌နေပါဘူး။ Three- inline Turbocharged engine ( 1.6-litre) တပ်ဆင် ထား ပြီး Horse Power က (268) ပါ။ New Four-Wheel Drive System လည်း ပါဝင်ထားပါတယ်။ ကားရဲ့အလေးချိန်က 2822 ပေါင် (1280 kg) ပဲရှိ‌နေလို့ Power-eight အချိုးကို Super Great အဆင့်လိုတောင်သတ်မှတ်ထားတာပါ။
ကားရဲ့ ဒီဇိုင်းပိုင်းကတော့ အတော်လေးကို ဆွဲဆောင်မှုရှိ‌တဲ့ပုံစံမျိုးထဲမှာနေပါတယ်။။ Frameless တံခါးသုံးပေါက်ပါကိုယ်ထည်၊ 91mm သာသာပဲမြင့်ပြီး အဖျော့ပေါ် အရင့်ရိပ်ပြေးအ‌ရောင်ရှိတဲ့ ခေါင်မိုးနဲ့ 18 လက်မ alloy wheels စတာ‌တွေကို လိုက်ဖက်ညီညီဖြစ်အောင် ဖွဲ့စည်းတည်‌ဆောက် ထားတာပါ။
GR Yaris 2021 Model ရဲ့ အခုလို သပ်ရပ်ကြွရွနေတဲ့သွင်ပြင်‌ပေါ်လာဖို့အတွက် Toyota က အမျိုးအစားကွဲ Platform နှစ်မျိုးကို အခြေခံအားဖြင့်တွဲစပ်ပြီး ဆန်းသစ်ဖန်တီးထားတာပါ။ “Gazoo Racing” ရဲ့ အတို‌ကောက်ဖြစ်”GR” ဆိုတဲ့စာလုံးတံဆိပ်‌လေးတွေကို‌ ကားရဲ့ နေရာအတော်များများမှာ တပ်ထားတာ‌ကိုတွေ့ရပါတယ်။ GR Yaris 2021 ရဲ့ နည်းပညာ ပိုင်းဆိုင်ရာ အချက်အလက်အသေးစိတ်ကိုတော့ အောက်မှာဆက်လက်ဖတ်ရှုကြည့်နိုင်ပါတယ်။
“Technical Specifications”
(ENGINE)
Type: 3 in line cylinders
Valve mechanism: DOHC 12-valve with VVTi
Fuel system: D4S – Direct & indirect injection
Supercharging: Turbo
Displacement: 1.618 cm3
Bore x stroke: 87.5 mm X 89.7 mm
Compression ratio: 10.5:1
Max. power: 261hp/192kW
Max. torque: 360Nm
Emissions level: Euro 6d Temp
(TRANSMISSION)
GR-FOUR 4WD system
Type: Manual 6
(PERFORMANCE)
Power to weight ratio: 6.7kg/kW (4.9kg/DIN hp)
Max. speed: 230km/h (electronically limited)
Ref: CNET “2021 Toyota GR Yaris is rally glory homologated”
(Zawgyi)
(ENGINE)
Supercharging: Turbo
Displacement: 1.618 cm3
Max. power: 261hp/192kW
Max. torque: 360Nm
(TRANSMISSION)
GR-FOUR 4WD system
Type: Manual 6
(PERFORMANCE)