Unicode version..
အဆင့်မြင့်ဒီဇိုင်းတည်ဆောက်ပြုပြင်ထားခြင်းနှင့်အတူလောင်စာဆီစားနှုန်း၁၅ရာခိုင်နှုန်းအထိပိုမိုသက်သာလာ ကာ အမြင့်မားဆုံးTorqueသည်လည်း ၂၅ရာခိုင်နှုန်း အထိတိုးမြင့်လာသည်။ ပါဝါထရိန်းအသစ်များကိုလည်း ယာဉ်တည်ငြိမ်မှုထိန်းချုပ်ခြင်းစနစ်(VSC)၊ဆွဲအားထိန်းချုပ်မှုစနစ်(A-TRC)၊နောက်တွဲယာဉ်လှုပ်ယမ်းခြင်း ထိန်းချုပ်မှုစနစ်(TSC)၊ကုန်းတက်ကုန်းဆင်းများတွင်ကူညီထိန်းချုပ်သောစနစ်(HAC)နှင့်ကုန်းဆင်းတွင် ကူညီ ထိန်းချုပ်မှုစနစ် (DAC) ကဲ့သို့သော ထပ်လောင်းအဆင့်မြင့် ဘေးကင်းလုံခြုံရေးဆိုင်ရာနည်းပညာများနှင့် အင်္ဂါရပ်များဖြင့်ပံ့ပိုးပေးထားပါသည်။
Toyota ပိုင်ရှင်သစ်များသာခံစားနိုင်မည့် မြင့်မားသော စွမ်းဆောင်ရည်၊ အရည်အသွေးနှင့် ဝန်ဆောင်မှုဆိုင်ရာ အံ့အားသင့်ဖွယ်အတွေ့အကြုံများအား Hilux Revo အသစ်နှင့် Fortuner အသစ် တို့မှ နောက်တစ်ကြိမ်ထပ်မံ ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း Toyota Myanmar မှယုံကြည်နေသည်ဟု ဆိုသည်။
Hilux Revo အသစ်နှင့် Fortuner အသစ် တို့အား တရားဝင်ခွင့်ပြုထားသည့် Toyota အရောင်းကိုယ်စားလှယ်ဆိုင်များအားလုံးတွင် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှစတင်၍ ကြိုတင်မှာယူနိုင်နေပြီဖြစ်သည်။
Hilux Revo သည် Myanmar Car Of TheYear (MCOTY) Awards 2017 ၏ ပထမအကြိမ် ထုတ်ပြန်မှုအတွင်း “The Car Of The Year (People’s Choice)”ဆုကို ဆွတ်ခူးရရှိခဲ့သည်။ Hilux Revo အသစ်တွင် ရွေးချယ်ရန် မူကွ ဲ ရ မျိုးနှင့် ကားအပြင်ပိုင်းအရောင် ၈ မျိုးအထိရှိပြီး Single Cab၊ ExtraCab နှင့် Double Cab ဟူ၍ ကိုယ်ထည်အမျိုးအစား ၃ မျိုးရှိသည်။ စျေးနှုန်းမှာ USD 19,000 မှ USD 47,100 အတွင်းဖြစ်သည်။Fortuner အသစ်သည်လည်း ရွေးချယ်စရာအဖြစ် ကားအပြင်ပိုင်းအရောင် ၈ ရောင်၊ ကားအတွင်းပိုင်းအရောင် ၂ရောင်ရှိပြီး စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ USD 63,800 ဖြစ်သည်။
Zawgyi version…