Zawgyi Version…




Unicode Version…
နောက်ဆုံးပေါ် architecture ဖြင့်တည်ဆောက်ထားသော Toyota Kluger ကို 2019 New York motor show တွင်စတင်မိတ်ဆက်မည်
Toyota ၏နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်သော Toyota New Global Architecture (TNGA) သုံး ၇ ယောက်စီး SUV Toyota Kluger(Toyota Highlander ) ကိုလာမည့် 2019 New York motor show စတင်ပွဲထုတ် မိတ်ဆက်သွားမည်ဟုသိရသည်။ အဆိုပါနည်းပညာကို Toyota မှ Camry နှင့် Avalon တို့တွင်စတင်ထည့်သွင်းအသုံးပြုခဲ့ပြီးလည်းဖြစ်သည်။ အဆိုပါကားတွင် 3.5-litre V6 အင်ဂျင်ကိုသုံးထားမည်ဖြစ်ပြီး မြင်းကောင်ရေ ၃၀၀ နှင့် ရုန်းအား 362Nm ရှိမည်ဖြစ်ကာ eight-speed automatic transmission နှင့် AWD စနစ်ကိုသုံးထားသည်ဟုလည်း သိရသည်။ Hybrid Version ကိုမူ အမေရိကန်သို့သာတင်ပို့ရောင်းချမည်ဖြစ်သည်။ မျိုးဆက် ၄ ခုမြောက်အဖြစ်ထုတ်လုပ် လိုက်သော Toyota Kluger(Toyota Highlander ) မှာ အသစ်ထွက်ပေါ်လာသော Plat form ပေါ်တွင်အခြေံထားခြင်းကြောင့် ယခင်မော်ဒယ်များထက် ပိုမိုပေါ့ပါးခြင်း၊မောင်းနှင်မှု ကောင်းမွန်ခြင်းနှင့် ပိုပြီးမာကျောမှုမြင့်မားမည်ဟုလည်း သိရသည်။