COVID-19 ကြောင့် ပုံမှန်ကျင်းပနေကျ Automotive Event ကြီးတွေမကျင်းပနိုင်တာကေတာ့ အတော်ေလးကြာမြင့်ခဲ့ပါပြီ။ အခုတော့ Toyota ကြောင့် Online Event တစ်ခုကို ပြန်မြင်ေတွ့ရေတာ့မှာပါ။ နာမည်ကျော် Automaker ကြီး Toyota က သူတို့ရဲ့ All-new Hybrid ကားသစ်တွေကို May 18 ရက်၊ 11:00 AM EDT အချိန်မှာ Live Stream နဲ့ မိတ်ဆက်ပြသသွားမယ်လို့ကြေညာထားလို့ဖြစ်ပါတယ်။
ဒီ Live Stream Event မှာ 2021 Toyota Prius 2020 Edition ကားသစ်ကိုလည်း ထည့်သွင်းပြသသွားဖို့ရှိပါတယ်။ Toyota ဟာ ဒီကားသစ်တွေနဲ့ပတ်သက်လို့ အမြည်းသဘောမျိုးတောင် ထုတ်မပြထားေသးပါဘူး။ ဒါပေမဲ့ 2021 Sienna က Hybrid Version နဲ့ထွက်မှာဖြစ်ပြီး ဆောင်းဦးပေါက်ကာလလောက်မှာ စတင်ရောင်းချမယ်ဆိုတဲ့သတင်းေတွတော့ ထွက်လာခဲ့ပါတယ်။
Toyota က Venza Crossover Model သစ်ကို Hybrid Powertrain နဲ့ ပြန်ထုတ်လုပ်ေတာ့မယ်ဆိုတာကလည်း မကြာခဏဆိုသလို ကြားရတဲ့ကောလာဟလပါ။ တကယ်တမ်း ဒီကားရဲ့ ထုတ်လုပ်ေရးပိုင်းကိုစတင်ဖို့က 2021 September ရောက်ချိန်ေလာက်ထိ ဖြစ်လာနိုင်ချေမရှိတဲ့အတွက် 2022 model စာရင်းထဲကိုပဲ ထည့်ထားတာကေကာင်းမှာပါ။
Next-generation Toyota Tundra ကိုလည်း Hybrid Version နဲ့ပဲထုတ်လုပ်မှာဖြစ်ပြီး 354 HP ထုတ်ေပးနိုငိတဲ့ Electrified twin-turbo 3.5-liter V6 အင်ဂျင်ကို အသုံးပြုမယ်လို့သိရပါတယ်။ ဒါပေမဲ့ 2021 December မှာပွဲထွက်လာဖို့ရှိနေတဲ့ ဒီ Truck ကားသစ်ကိုေတာ့ May 18 ရက်နေ့ livestream Event ထဲမှာ မြင်ရနိုင်ေချမရှိပါဘူး။
အစီးရေ 2020 ပဲကန့်သတ်ထုတ်လုပ်သွားမယ့် 2021 Toyota Prius 2020 Edition ရဲ့ Specification တွေကိုလည်း Toyota က ထုတ်ပြန်ပေးထားပါပြီ။ Supersonic Red ၊ Wind Chill Pearl စတဲ့အရောင်တွေကို Black Trim နဲ့ တွဲဖက်ထားမှုေကြာင့် ဒီကားက ခန့်ညားသေသပ်တဲ့ဒီဇိုင်းမျိုးရှိမှာေသချာပါတယ်။ Driver Assistance Technology ပိုင်းအတွက်အဆင့်မြှင့်တင်မှုလုပ်ပေးထားပြီး ရောင်းဈေးကိုေတာ့ Toyota က အခုထိ တရားဝင် မေကြညာလာေသးပါဘူး။
Ref: Motor1
Thiha