Toyota Majesty launched in Myanmar

Zawgyi Version …..

တိုယိုတာ မွ ေမာ္ဒယ္သစ္ Toyota Majesty ကိုစတင္မိတ္ဆက္
—————————————————-
Toyota Myanmar မွ တန္ဖိုးျမင့္ ထိပ္တန္း ဇိမ္ခံကားသစ္တစ္စီးျဖစ္သည့္ TOYOTA MAJESTY ကားသစ္ကုိ စက္တင္ဘာလ ၁၆ ရက္ေန႔တြင္ စတင္မိတ္ဆက္ခဲ့ပါတယ္။
အဆိုပါ ထိပ္တန္းတန္ဖိုးႀကီး ေမာ္ေတာ္ယာဥ္ဟာ နည္းပညာျမင့္ ေမာ္ေတာ္ယာဥ္ေစ်းကြက္ကုိ ဦးေဆာင္သြားမွာ ျဖစ္ေၾကာင္း Toyota Motor က ထုတ္ျပန္ေၾကညာထားပါတယ္။
ဝယ္ယူသူေတြရဲ႕ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ တန္ဖိုးႀကီး ၿပီး ခန္႔ထည္မႈတစ္ရပ္ကို ကိုယ္စားျပဳတ့ဲ ဒီဇိုင္းအျဖစ္ ေရးဆဲြထုတ္လုပ္ခဲ့တာ လို႔လည္းဆိုပါတယ္။
Toyota Majesty မွာ အေကာင္းဆုံးပစၥည္းေတြ တပ္ဆင္အသုံးျပဳထားတ့ဲ အတြင္းခန္း ပါ႐ိွၿပီး
Captain Seats ၄ ခံုမွာ ယာဥ္စီးနင္းေနစဥ္အတြင္း သက္ေသာင့္သက္သာ႐ွိမႈနဲ႔
အသုံးတည့္မႈေတြကို ခံစားရမယ္လို႔ ညႊန္းထားပါတယ္။

ကားအတြင္း တိတ္ဆိတ္ၿငိမ္သက္မႈကို အဆံုးစြန္ထိ ေပးစြမ္းႏိုင္ရန္ Semi Bonnet
ေခါင္း႐ွည္ကိုယ္ထည္ပုံစံျဖင့္ ထုတ္လုပ္ထားၿပီး အသစ္တီထြင္ထားတ့ဲ ဆိုင္းထိန္းစနစ္ေတြက အမ်ဳိးမ်ဳိးေသာ လမ္းအေျခအေနေတြရဲ႕ မႏွစ္ၿမိဳ႕ဖြယ္ တုန္ခါမႈ၊ ၾကမ္းတမ္းမႈေတြကို ေလ်ာ့ခ်ေပးသြားမယ္လို႔လည္း ဆုိထားပါတယ္။

သူ႔ရဲ႕ ၂ဒသမ၈ လီတာ GD အင္ဂ်င္နဲ႔ အ႐ွိန္ႏႈန္း ၆ မ်ိဳးေျပာင္းလဲႏိုင္ေသာ အလိုအေလ်ာက္ ဂီယာစနစ္ပါဝင္ၿပီး လုံၿခဳံေရးအတြက္လည္း SRS ေလအိတ္ ၁၀ လုံးနဲ႔ တိုယိုတာ ေဘးကင္းလုံၿခံဳေရး
အာ႐ံုခံစနစ္ (Toyota Safety Sense) ေတြကို ထည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။

ကားကုိ တစ္ကိုယ္ရည္သုံးစြဲဖို႔သာမက မိသားစုသုံးအဆင္ေျပရယ္အတြက္ အတြင္းခန္း က်ယ္ၿပီး၊ သက္ေသာင့္သက္သာ႐ွိမႈ၊ ထိပ္တန္းေဘးကင္းလုံၿခံဳမႈေတြကုိ ေပးရတဲ့ေစ်းႏႈန္းထက္သာလြန္ေအာင္ ရရွိမယ္လို႔ ညႊန္းထားပါတယ္။

ALL-NEW TOYOTA MAJESTY ကို အျပင္ပိုင္း အေရာင္ ၅ ေရာင္နဲ႔ အတြင္းခုံ ၂ ေရာင္ရရွိမွာ ျဖစ္ၿပီး
ႀကိဳတင္မွာယူမယ့္သူမ်ားအတြက္ ၂၀၁၉ စက္တင္ဘာလ ၁၆ ရက္မွစတင္ၿပီး မွာယူႏိုင္မွာျဖစ္ကာ
Toyota ရဲ႕တရားဝင္အေရာင္းကိုယ္စားလွယ္အသီးသီးမွ အထူးစီစဥ္ေပးထားတ့ဲ အေရာင္းျပပြဲေတြ ကုိလည္း ဆက္တိုက္က်င္းပသြားမယ္လို႔ သိရပါတယ္။
တိုယိုတာမဂၤလာ၊ Junction City (ရန္ကုန္) မွာ စက္တင္ဘာ ၁၈ရက္မွ ၂၀ ရက္အထိ၊ တိုယိုတာ Aye & Sons ၊ Junction Square (ရန္ကုန္) တြင္ စက္တင္ဘာ ၂၀ရက္မွ ၂၂ ရက္အထိ တိုယိုတာ GW Lion Showroom (မႏၲေလး) တြင္ စက္တင္ဘာ ၂၀ ရက္မွ ၂၁ ရက္အထိျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

Unicode Version….

တိုယိုတာ မှ မော်ဒယ်သစ် Toyota Majesty ကိုစတင်မိတ်ဆက်
————————————————————————
Toyota Myanmar မှ တန်ဖိုးမြင့် ထိပ်တန်း ဇိမ်ခံကားသစ်တစ်စီးဖြစ်သည့် TOYOTA MAJESTY ကားသစ်ကို စက်တင်ဘာလ ၁၆ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပါတယ်။
အဆိုပါ ထိပ်တန်းတန်ဖိုးကြီး မော်တော်ယာဉ်ဟာ နည်းပညာမြင့် မော်တော်ယာဉ်ဈေးကွက်ကို ဦးဆောင်သွားမှာ ဖြစ်ကြောင်း Toyota Motor က ထုတ်ပြန်ကြေညာထားပါတယ်။
ဝယ်ယူသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တန်ဖိုးကြီး ပြီး ခန့်ထည်မှုတစ်ရပ်ကို ကိုယ်စားပြုတဲ့ ဒီဇိုင်းအဖြစ် ရေးဆွဲထုတ်လုပ်ခဲ့တာ လို့လည်းဆိုပါတယ်။
Toyota Majesty မှာ အကောင်းဆုံးပစ္စည်းတွေ တပ်ဆင်အသုံးပြုထားတဲ့ အတွင်းခန်း ပါရှိပြီး
Captain Seats ၄ ခုံမှာ ယာဉ်စီးနင်းနေစဉ်အတွင်း သက်သောင့်သက်သာရှိမှုနဲ့
အသုံးတည့်မှုတွေကို ခံစားရမယ်လို့ ညွှန်းထားပါတယ်။

ကားအတွင်း တိတ်ဆိတ်ငြိမ်သက်မှုကို အဆုံးစွန်ထိ ပေးစွမ်းနိုင်ရန် Semi Bonnet
ခေါင်းရှည်ကိုယ်ထည်ပုံစံဖြင့် ထုတ်လုပ်ထားပြီး အသစ်တီထွင်ထားတဲ့ ဆိုင်းထိန်းစနစ်တွေက အမျိုးမျိုးသော လမ်းအခြေအနေတွေရဲ့ မနှစ်မြို့ဖွယ် တုန်ခါမှု၊ ကြမ်းတမ်းမှုတွေကို လျော့ချပေးသွားမယ်လို့လည်း ဆိုထားပါတယ်။

သူ့ရဲ့ ၂ဒသမ၈ လီတာ GD အင်ဂျင်နဲ့ အရှိန်နှုန်း ၆ မျိုးပြောင်းလဲနိုင်သော အလိုအလျောက် ဂီယာစနစ်ပါဝင်ပြီး လုံခြုံရေးအတွက်လည်း SRS လေအိတ် ၁၀ လုံးနဲ့ တိုယိုတာ ဘေးကင်းလုံခြုံရေး
အာရုံခံစနစ် (Toyota Safety Sense) တွေကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

ကားကို တစ်ကိုယ်ရည်သုံးစွဲဖို့သာမက မိသားစုသုံးအဆင်ပြေရယ်အတွက် အတွင်းခန်း ကျယ်ပြီး၊ သက်သောင့်သက်သာရှိမှု၊ ထိပ်တန်းဘေးကင်းလုံခြုံမှုတွေကို ပေးရတဲ့ဈေးနှုန်းထက်သာလွန်အောင် ရရှိမယ်လို့ ညွှန်းထားပါတယ်။

ALL-NEW TOYOTA MAJESTY ကို အပြင်ပိုင်း အရောင် ၅ ရောင်နဲ့ အတွင်းခုံ ၂ ရောင်ရရှိမှာ ဖြစ်ပြီး
ကြိုတင်မှာယူမယ့်သူများအတွက် ၂၀၁၉ စက်တင်ဘာလ ၁၆ ရက်မှစတင်ပြီး မှာယူနိုင်မှာဖြစ်ကာ
Toyota ရဲ့တရားဝင်အရောင်းကိုယ်စားလှယ်အသီးသီးမှ အထူးစီစဉ်ပေးထားတဲ့ အရောင်းပြပွဲတွေ ကိုလည်း ဆက်တိုက်ကျင်းပသွားမယ်လို့ သိရပါတယ်။
တိုယိုတာမင်္ဂလာ၊ Junction City (ရန်ကုန်) မှာ စက်တင်ဘာ ၁၈ရက်မှ ၂၀ ရက်အထိ၊ တိုယိုတာ Aye & Sons ၊ Junction Square (ရန်ကုန်) တွင် စက်တင်ဘာ ၂၀ရက်မှ ၂၂ ရက်အထိ တိုယိုတာ GW Lion Showroom (မန္တလေး) တွင် စက်တင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိပြုလုပ်သွားမယ်လို့ သိရပါတယ်။

Toyota Myanmar / Toyota Aye and Sons – TTAS Co., Ltd. Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here