Unicode version…

Global Fleet CO2 Emission အား အနည်းဆုံး (18 %)အထိ လျော့ချနိုင်ပြီး အဆင့်မြှင့် တင်ထားသည့် Power Train ပေါင်းစပ်မှုများ ပါ၀င်သည့် အင်ဂျင်စနစ်အသစ်အား ကမ္ဘာကျော် Toyota ၏ R and D Dept မှ တီထွင် ဖန်တီးလိုက်ပါသည်။ အဆိုပါ အင်ဂျင်သည် Dynamic Force Engine DEF အမျိုးအစားဖြစ်ပြီး (2.0 L I4 Engine)ဖြစ်ကာ ၎င်း၏ အပူဓာတ်အား လုံလောက်စေမှု မှာ (၄၀%)ခန့်သာဖြစ်၍ ၎င်း၏ Displacement နှင့် တွက်ချက်ပါက ကမ္ဘာပေါ်တွင် အကောင်းဆုံးသော (အပူဓာတ်ကောင်းစွာ အကျိုးဖြစ်ထွန်းစေမည့် အင်ဂျင်)ဖြစ်ပါသည်။ အဆိုပါ အင်ဂျင်အား Hybrid System သုံးကားတွင် ထည့်သွင်းမည်ဖြစ်ပြီး လက်ရှိ Toyota Prius ၏ 1.8 L I4 Engine ၏ (41 %) ဖြစ်သည့် အပူဓာတ်လုံးပေါက်မှုနှင့် တူညီမည်ဖြစ်သော်လည်း အင်ဂျင်အသစ်သည် စွမ်းဆောင်ရည်ပို၍ သာလွန်ပါမည်။ အဆိုပါ အင်ဂျင်စနစ်နှင့် တွဲစပ်ထားမည့် CVT Gearbox စနစ်ကိုလည်း ကမ္ဘာ့ ပထမဆုံးဖြစ်သည့် Direct Shift CVT System ကို ဖန်တီးထားမည် ဖြစ်ပြီး ၎င်း၏ ဂီယာ စွမ်းဆောင် ရည်သည် Belt ထက်သာလွန်မှု ရှိမည်ဖြစ်ပြီး ပို၍ စွမ်းအားမြှင့်သည့် အရှိန်အား ရရှိစေပါမည်။ အဆိုပါ ဂီယာစနစ်တွင် ပူလီကြိုးနှင့် Belt များသည် သေးငယ်မည်ဖြစ်ပြီး Belt ၏ ထောင့်ချိုးသည်လည်း ကျဉ်းမည်ဖြစ်၍ အချိုးအားဖြင့် (၁၅%)ခန့်ပို၍ ကျယ်ကာ၊ ဂီယာအသုံးပြုရာတွင် သာမန်ထက် (၂၀%) ခန့်ပို၍ မြန်ဆန်ပါမည်။ ထို့အပြင် ပုံမှန် CVT Gear များထက် ဆီစားနှုန်း (၆%)ခန့်ပို၍ သက်သာစေ ပါမည်။ အလားတူ Toyota ၏ AWD Hybrid များ၌ New E-Four System ကို တပ်ဆင်ထားမည် ဖြစ်ပြီး ၎င်းစနစ်သည် ယာဉ်၏ လျှပ်စစ်မော်တာကို အသုံးပြု၍ ပုံမှန်ထက် (၃၀%) ခန့်ပိုသည့် Torque အား ယာဉ်၏ နောက်ဘီးများဆီိသို့ ပိုလွှတ်ပေးမည် ဖြစ်ပါသည်။

Zawgyi version…

Global Fleet CO2 Emission အား အနည္းဆံုး (18 %)အထိ ေလ်ာ့ခ်ႏိုင္ၿပီး အဆင့္ျမွင့္ တင္ထားသည့္ Power Train ေပါင္းစပ္မႈမ်ား ပါ၀င္သည့္ အင္ဂ်င္စနစ္အသစ္အား ကမၻာေက်ာ္ Toyota ၏ R and D Dept မွ တီထြင္ ဖန္တီးလိုက္ပါသည္။ အဆိုပါ အင္ဂ်င္သည္ Dynamic Force Engine DEF အမ်ိဳးအစားျဖစ္ၿပီး (2.0 L I4 Engine)ျဖစ္ကာ ၎၏ အပူဓာတ္အား လံုေလာက္ေစမႈ မွာ (၄၀%)ခန္႔သာျဖစ္၍ ၎၏ Displacement ႏွင့္ တြက္ခ်က္ပါက ကမၻာေပၚတြင္ အေကာင္းဆံုးေသာ (အပူဓာတ္ေကာင္းစြာ အက်ိဳးျဖစ္ထြန္းေစမည့္ အင္ဂ်င္)ျဖစ္ပါသည္။ အဆိုပါ အင္ဂ်င္အား Hybrid System သံုးကားတြင္ ထည့္သြင္းမည္ျဖစ္ၿပီး လက္ရွိ Toyota Prius ၏ 1.8 L I4 Engine ၏ (41 %) ျဖစ္သည့္ အပူဓာတ္လံုးေပါက္မႈႏွင့္ တူညီမည္ျဖစ္ေသာ္လည္း အင္ဂ်င္အသစ္သည္ စြမ္းေဆာင္ရည္ပို၍ သာလြန္ပါမည္။ အဆိုပါ အင္ဂ်င္စနစ္ႏွင့္ တြဲစပ္ထားမည့္ CVT Gearbox စနစ္ကိုလည္း ကမၻာ့ ပထမဆံုးျဖစ္သည့္ Direct Shift CVT System ကုိ ဖန္တီးထားမည္ ျဖစ္ၿပီး ၎၏ ဂီယာ စြမ္းေဆာင္ ရည္သည္ Belt ထက္သာလြန္မႈ ရွိမည္ျဖစ္ၿပီး ပို၍ စြမ္းအားျမွင့္သည့္ အရွိန္အား ရရွိေစပါမည္။ အဆိုပါ ဂီယာစနစ္တြင္ ပူလီႀကိဳးႏွင့္ Belt မ်ားသည္ ေသးငယ္မည္ျဖစ္ၿပီး Belt ၏ ေထာင့္ခ်ိဳးသည္လည္း က်ဥ္းမည္ျဖစ္၍ အခ်ိဳးအားျဖင့္ (၁၅%)ခန္႔ပို၍ က်ယ္ကာ၊ ဂီယာအသံုးျပဳရာတြင္ သာမန္ထက္ (၂၀%) ခန္႔ပို၍ ျမန္ဆန္ပါမည္။ ထို႔အျပင္ ပံုမွန္ CVT Gear မ်ားထက္ ဆီစားႏႈန္း (၆%)ခန္႔ပို၍ သက္သာေစ ပါမည္။ အလားတူ Toyota ၏ AWD Hybrid မ်ား၌ New E-Four System ကို တပ္ဆင္ထားမည္ ျဖစ္ၿပီး ၎စနစ္သည္ ယာဥ္၏ လွ်ပ္စစ္ေမာ္တာကို အသံုးျပဳ၍ ပံုမွန္ထက္ (၃၀%) ခန္႔ပိုသည့္ Torque အား ယာဥ္၏ ေနာက္ဘီးမ်ားဆီိသို႔ ပိုလႊတ္ေပးမည္ ျဖစ္ပါသည္။