Toyota ၏ နာမည်ကျော် ( ဟိုက်ဒရိုဂျင်စွမ်းအင်) သုံး ကားဖြစ်သည့် Toyota Mirai ၏ ဒုတိယမျိုးဆက် New Miria အား Toyota မှ ပြသလိုက်သည်။ New Model သည် ယခင် Mirai Model ထက် သိသာစွာ ထူးခြားသည့် ပုံစံဖြစ်ပြီး အဆင့်မြှင့်တင်ထားသည့် Rear-Wheel Drive Layout နှင့်အတူ ဇိမ်ခံပါဝင်မှုမျိုးစုံကိုလည်း ထူးခြားစွာ ထည့်သွင်းထားသည်။ 2021 Toyota Mirai တွင် XLE နှင့် Limited ဟူ၍ Trim Level (၂)မျိုးပါဝင်မည်ဖြစ်ပြီး အပြင်ဆေးရောင်များ အနေဖြင့် – ( Supersonic Red ) ၊ ( Hydro Blue ) ကဲ့သို့ အရောင်ဆန်းဆန်းများပါဝင်လာသည်။ ( Oxygen White ) ၊ ( Heavy Metal Grey ) Color များကိုလည်း Optional အနေဖြင့် မှာယူနိုင်ပါသည်။ New Mirai ၏ Size သည် ယခင် Model ထက် အရွယ်ကြီးလာကာ လှပ ဆန်းသစ်သည့် Stylish Design ဖြင့် အဓိကဖန်တီးထားပါသည်။ ၎င်းတွင် နောက်ဆုံးပေါ် နည်းပညာနှင့် Features များစွာ ထည့်သွင်းထားပြီး – (12.3-inch Touchscreen Infotainment System ) ၊ အပူ / အအေးပေးနိုင်သည့် ထိုင်ခုံများ အပါအဝင် Features စုံလင်စွာပါရှိပါမည်။ အဓိက အရေးပါသည့် Hydrogen Fuel Cell ၏ Performance သည်လည်း ယခင် Model ထက် (30%) ပို၍ သာလွန်မည်ဖြစ်ပြီး ခရီးမိုင် ( မိုင်လေးရာ) ဝန်းကျင်အထိ အသုံးပြုနိုင်မည်ဖြစ်သည်။ 2021 Mirai ၏ဈေးနှုန်းကို Toyota မှ ပြောကြားခြင်း မရှိသော်လည်း လက်ရှိ Model ထက် ဈေးပိုများမည်။ Toyota သည် Mirai Model အတွက် Program တမျိုးဖြစ်သည့် – ( 3 Years of Free Hydrogen / or USD – 15,000 ) ဟူ၍ ထည့်သွင်းထားမှုအား 2021 Mirai တွင် ဆက်လက် ပေးအပ်မည်ဟု ကားချစ်သူများမှ မျှော်မှန်းထားသည်။ New Mirai အား ယခုနှစ် December တွင် စတင်ရောင်းချပါမည်။

12 Nov 2020
0