Unicode version..

Toyota မှဦးဆောင်ပြီးပြုလုပ်မည့် ‘တိုယိုတာ လမ်းအန္တရာယ်ကင်းရှင်းရေး ကျောင်းမှာပညာပေး’အစီအစဉ် တွင်ပါဝင်မည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)နှင့် ကမ္ဘာလုံးဆိုင်ရာ လမ်းအန္တရာယ်ကင်းရှင်းရေး မိတ်ဖက်အဖွဲ့(GRSP) တို့နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးမှုအခမ်းအနားကို Novotel Hotel တွင်နို ဝင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ကျင်းပသွားခဲ့သည်။ ထိုအစီအစဉ်မှာ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိအမြင်များပိုမိုပွင့်လင်းလာစေရန်ရည်ရွယ်ပြီး မြန်မာနို်င်ငံတွင် ကနဦးစမ်းသပ်လုပ်ဆောင်သည့် Toyota ၏ပညာပေးလုပ်ငန်းတစ်ခုဖြစ်ကာ လှိုင်သာယာမြို့နယ် အမှတ် ၈ အထက်တန်းကျောင်းမှ Grade 3 နှင့် Grade 4 မူလတန်းကလေးများကို ဦးတည်အုပ်စုအဖြစ်သတ်မှတ်ထားပါသည်။ ကျောင်းပတ်ဝန်းကျင်တွင် ယာဉ်အမြန် နှုန်းမြင့်မားခြင်း၊လမ်းဖြတ်ကူးခြင်းနှင့်ထိုင်ခုံခါးပတ် အသုံးပြုခြင်းဆိုင်ရာ အစရှိသော ပြဿနာ၊အခက်အခဲ များကို ဖြေရှင်းရန်အတွက် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု သိရသည်။
ထိုအစီအစဉ်သည် မြန်မာနိုင်ငံရှိလမ်းများနှင့် ယာဉ်အသွားအလာ အခြေအနေများကို ထည့်သွင်းစဉ်းစားပြီး မြန်မာကျောင်း သူ၊ကျောင်းသားများအတွက် သီးသန့်ရည်ရွယ်ကာ ရေးဆွဲထားခြင်းလည်းဖြစ်ပြီး ၂၀၁၈ တွင် ရန်ကုန်နှင့်မန္တလေးမြို့ရှိကျောင်းများ၊၂၀၁၉ တွင် ရှမ်း၊ကရင်၊မွန်၊နေပြည်တော်၊ဧရာဝတီနှင့်ပဲခူး၊၂၀၂၀ တွင်မူ မြန်မာတစ်နိုင်ငံလုံး၌ ပညာပေးအစီအစဉ်များ ပြုလုပ်ပေးသွားမည်ဟုသိရသည်။

Zawgyi version…
Toyota မွဦးေဆာင္ျပီးျပဳလုပ္မည့္ ‘တုိယုိတာ လမ္းအႏၱရာယ္ကင္းရွင္းေရး ေက်ာင္းမွာပညာေပး’အစီအစဥ္ တြင္ပါဝင္မည့္ ျမန္မာႏုိင္ငံၾကက္ေျခနီအသင္း (MRCS)ႏွင့္ ကမာၻလုံးဆုိင္ရာ လမ္းအႏၱရာယ္ကင္းရွင္းေရး မိတ္ဖက္အဖြဲ႕(GRSP) တုိ႕နားလည္မွဳစာခ်ြန္လႊာလက္မွတ္ေရးထုိးမွဳအခမ္းအနားကုိ Novotel Hotel တြင္ႏုိ ဝင္ဘာလ ၂၇ ရက္ေန႕က ျပဳလုပ္က်င္းပသြားခဲ့သည္။ ထုိအစီအစဥ္မွာ လမ္းအႏၱရာယ္ကင္းရွင္းေရးဆုိင္ရာ အသိအျမင္မ်ားပုိမုိပြင့္လင္းလာေစရန္ရည္ရြယ္ျပီး ျမန္မာႏုိ္င္ငံတြင္ ကနဦးစမ္းသပ္လုပ္ေဆာင္သည့္ Toyota ၏ပညာေပးလုပ္ငန္းတစ္ခုျဖစ္ကာ လွိဳင္သာယာျမိဳ႕နယ္ အမွတ္ ၈ အထက္တန္းေက်ာင္းမွ Grade 3 ႏွင့္ Grade 4 မူလတန္းကေလးမ်ားကုိ ဦးတည္အုပ္စုအျဖစ္သတ္မွတ္ထားပါသည္။ ေက်ာင္းပတ္ဝန္းက်င္တြင္ ယာဥ္အျမန္ ႏွဳန္းျမင့္မားျခင္း၊လမ္းျဖတ္ကူးျခင္းႏွင့္ထုိင္ခုံခါးပတ္ အသုံးျပဳျခင္းဆုိင္ရာ အစရွိေသာ ျပႆနာ၊အခက္အခဲ မ်ားကုိ ေျဖရွင္းရန္အတြက္ ၾကိဳးပမ္းလုပ္ေဆာင္သြားမည္ဟု သိရသည္။
ထုိအစီအစဥ္သည္ ျမန္မာႏုိင္ငံရွိလမ္းမ်ားႏွင့္ ယာဥ္အသြားအလာ အေျခအေနမ်ားကုိ ထည့္သြင္းစဥ္းစားျပီး ျမန္မာေက်ာင္း သူ၊ေက်ာင္းသားမ်ားအတြက္ သီးသန္႕ရည္ရြယ္ကာ ေရးဆြဲထားျခင္းလည္းျဖစ္ျပီး ၂၀၁၈ တြင္ ရန္ကုန္ႏွင့္မႏၱေလးျမိဳ႕ရွိေက်ာင္းမ်ား၊၂၀၁၉ တြင္ ရွမ္း၊ကရင္၊မြန္၊ေနျပည္ေတာ္၊ဧရာဝတီႏွင့္ပဲခူး၊၂၀၂၀ တြင္မူ ျမန္မာတစ္ႏုိင္ငံလုံး၌ ပညာေပးအစီအစဥ္မ်ား ျပဳလုပ္ေပးသြားမည္ဟုသိရသည္။