Unicode version…
(TOYOTA) သည် (Automotive) ဆိုင်ရာ နည်းပညာအသစ်များနှင့် (Self – Driving) နည်းပညာများအား သိုမှီး ရှာဖွေနိုင်ရန် အသင်းစုများဖြင့် ဖွဲ့စည်းဆောင်ရွက်မည်ဟု ၄င်း၏ဥက္ကဋ္ဌဖြစ်သူမှ မကြာမီက ပြောကြားခဲ့ပါသည်။ အထူး သဖြင့် ၄င်း၏ ပြိုင်ဖက်(Brands)များထက် နည်းပညာအပိုင်းတွင် သာလွန်မှု ရှိစေရန် အားထုတ်ခြင်းတစ်ရပ်ဟု ဆိုရ မည်ဖြစ်ပါသည်။
မကြာမီကကျင်းပခဲ့သည့် (Toyota) ၏ပုံမှန် (Shareholders Meeting) ၌ ဥက္ကဋ္ဌဖြစ်သူ (Mr. Akio-Toyota) မှ ကမ္ဘာ့ဒုတိယအကြီးဆုံး Brand ဖြစ်သည့် Toyota အနေဖြင့် အနာဂတ်တွင် Self- driving Car / EVs Car များအား အရှိန်အဟုန်မြင့် ဖန်တီးနိုင်ရန် ရည်ရွယ်ထားကြောင်းနှင့် ပြောင်းလဲမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေသည့် Auto Industry ၌ အကျိုးသက်ရောက်မှုများစွာ ရှိသည့်နည်းပညာဆိုင်ရာ ဖွ့ံဖြိုးတိုးတက်မှုများအား ကျယ်ပြန့်စွာတီ ထွင်ကြံဆ ဖန်တီးခြင်းဖြင့် Toyota အားအောင်မြင်မှုများ ဆက်လက် တည်တံ့စေမည်ဟု ပြောကြားခဲ့ပါသည်။
(Self – Driving Cars ) ဆိုင်ရာနည်းပညာများ ဖွ့ံဖြိုးတိုးတက်လာမှုအရ (Automakers)များသည် ၄င်းတို့၏ အနာ ဂတ်ပို့ဆောင်ရေး ၀န်ဆောင်မှုများအတွက် နည်းပညာအသစ်အဆန်းများစွာအား သုတေသနနှင့် ဖွ့ံဖြိုးတိုးတက်ရေး အ တွက် (နည်းပညာဆိုင်ရာကုမ္ပဏီ)များတွင် ကြီးစွာသောပမာဏများ ဖြင့် ရင်းနှီးမြှုပ်နှံလာကြပါသည်။ (Toyota) သည် လည်း (A.I) ဆိုင်ရာ နည်းပညာသုတေသနအတွက် (Microsoft) နှင့် (Uber)တို့ဖြင့် ပူးပေါင်းဆောင်ရွက်ရန် (US $ 1 Billion)ခန့်မြှုပ်နှံထားပါသည်။ (2020) ကာလတွင် အလိုအလျောက်ထိန်းချုပ်နိုင်သည့် ယာဉ်များအား အပြည့်အဝ အသုံးပြုနိုင်ရန် (Automakers) များမှရည်မှန်းထားပါသည်။ (Nissan) အနေဖြင့် ထိုကာလများတွင် (Autonomous Drive) စနစ်သုံး ကားများအား မြို့တွင်းလမ်းမများပေါ်တွင် အသုံးပြုနိုင်ရန် ရည်မှန်းထားပြီး (GM ) အနေဖြင့် (Self –driving) ကားများအား (2020)တွင် (Mass – Product) ထုတ်လုပ်နိုင်ရန် ရည်မှန်းထားပါသည်။ (Ford) အနေဖြင့်လည်း (Ride – sharing) ၀န်ဆောင်မှုကုမ္ပဏီ (Chariot) နှင့် အကျိုးတူပူးပေါင်းမှုများ ပြုလုပ်ထားပါသည်။
Zawgyi version…
မကြာမီကကျင်းပခဲ့သည့် (Toyota) ၏ပုံမှန် (Shareholders   Meeting) ၌ ဥက္ကဋ္ဌဖြစ်သူ   (Mr. Akio-Toyota) မှ ကမ္ဘာ့ဒုတိယအကြီးဆုံး Brand ဖြစ်သည့် Toyota အနေဖြင့် အနာဂတ်တွင် Self- driving Car / EVs Car များအား အရှိန်အဟုန်မြင့် ဖန်တီးနိုင်ရန် ရည်ရွယ်ထားကြောင်းနှင့် ပြောင်းလဲမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေသည့် Auto Industry ၌ အကျိုးသက်ေ၇ာက်မှုများစွာ ရှိသည့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအား ကျယ်ပြန့်စွာတီ ထွင်ကြံဆ ဖန်တီးခြင်းဖြင့် Toyota အားအောင်မြင်မှုများ ဆက်လက် တည်တံ့စေမည်ဟု ပြောကြားခဲ့ပါသည်။