Unicode version…
(Toyota)သည် အမေရိကန်စျေးကွက်ရှိ ၄င်း၏ (Scion Brand) အတွက် သေတ္တာပုံစံ ရှိသည့် (Scion X B) အား ထုတ်လုပ်ခဲ့သော်လည်း (2015)ခုနှစ်တွင် ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပါသည်။ ၄င်းအစား (Toyota) မှ အသစ်ပြန်လည်ဖန်တီးသည့်အနေဖြင့် (Toyota FT – 4 X) အမည်ဖြင့် (New York Auto Show) တွင် မိတ်ဆက်ခဲ့ပြီး ယခုအခါ (Tj Cruiser) အမည်ဖြင့် (Toyota Motor Show) တွင် ထုတ်ဖော်ပြသပါမည်။ (Toyota) ၏အဆိုအရ (Tj)တွင် (T)သည် (Toolbox -ပစ္စည်းသေတ္တာ)ဟု ဖွင့်ဆိုမည်ဖြစ်ပြီး (Tj Cruiser) တွင် များစွာဆန်းသစ်သည့် Toolbox ဒီဇိုင်းအား ဉာဏ်ကွန့်မြူးစွာ ဖန်တီးထားမည်ဖြစ်ပြီး ၄င်းတွင်များစွာသော ကရိယာတန်ဆာပလာများလည်း ပါ၀င်ပါမည်။(Tj Cruiser)၏ အပြင်ဖက်အားအလွန်ဆန်းသစ်လှပသည့် ပုံစံဖြင့် ဖန်တီးထားမည်ဖြစ်ပြီး ၄င်း၏နောက်ဘေးတံခါးလက်ကိုင်သည် ဒေါင်လိုက်ပုံစံဖြစ်ပါမည်။ (Tj Cruiser)သည် (Fj Crusier) ကားများ၏ (Successor Model)ဖြစ်၍ ဆန်းသစ်မှုနှင့် ခေတ်ရှေ့ပြေးမှုအား အဓိကဦးစားပေးထား မည်ဖြစ်ပါသည်။ ကိုယ်ထည်ကိုလည်း ကြံ့ခိုင်ကျစ်လစ်သည့်ပုံစံဖြင့် ဖန်တီးထားကာ အရှေ့ (Grill) အား (Diamond – Stamped) သံမဏိပလိပ်ပြားကြီးဖြင့် ၀ံ့ကြွားစွာပြုလုပ်ထားပါမည်။ ၄င်း၏ အတွင်းခန်းအား ကျယ်ဝန်း သပ်ရပ်ပြီး များစွာခေတ်ရှေ့ပြေးသည့် ဒီဇိုင်းကို ဖန်တီးထားပြီး Dashboard ပုံစံသည် လုံးဝအလွင့်ဖြစ်ပါသည်။ (Steering Wheel) သည် စတုရန်းပုံရှိကာ ထောင့်မှန်ကျကျဖြစ်ပါမည်။ အတွင်းခန်းနေရာအများစုအား ဖိုင်ကြိုးများဖြင့် လှပစွာ ရက်လုပ်ထား မည်ဖြစ်ပါသည်။ ထိုင်ခုံများအား သက်တောင့်သက်သာဖြစ်စေရန် စီစဉ်ထားပါမည်။ ၄င်း၏နောက် တံခါးတွင် စွယ်စုံအသုံးပြုနိုင်သည့် နောက်ဖုံးစနစ်တစ်မျိုးလည်း ပါ၀င်ပါမည်။
(Toyota)သည် ယခု (Tj Cruiser) အား (Prius) နှင့် (C- HR) တို့၏ (TNGA Platform) အခြေခံအုတ်မြစ်အတိုင်း ဖန်တီးထားပါသည်။ ၄င်းတွင် (ရှေ့ဘီးယက်) သို့ (AWD System) ဟူ၍ ပုံစံ(၂)မျိုးရရှိနိုင်ကာ အင်ဂျင်အနေဖြင့် (2.0L I4 Engine) နှင့် (Hybrid System) တို့အား ပေါင်းစပ်ထားမည်ဖြစ်ပါ သည်။ (Toyota)သည် (TJ Cruiser Concept) အား မပြသမီ အမေရိကန်တွင် ကုန်အမှတ်တံဆိပ် – Trademark ကို ဖန်တီးခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ စိတ်ဝင်စားဖွယ်ရာ များစွာပါ၀င်မည့် (Toyota TJ Cruiser Concept) အား မကြာမီကျင်းပမည့် Tokyo Auto Show တွင် တွေ့မြင်ခံစားရမည် ဖြစ်ပါသည်။
Zawgyi version..
(Toyota)သည္ အေမရိကန္ေစ်းကြက္႐ွိ ၄င္း၏ (Scion Brand) အတြက္ ေသတၱာပံုစံ ႐ွိသည့္ (Scion X B) အား ထုတ္လုပ္ခဲ့ေသာ္လည္း (2015)ခုႏွစ္တြင္ ထုတ္လုပ္မႈရပ္ဆိုင္းခဲ့ပါသည္။ ၄င္းအစား (Toyota) မွ အသစ္ျပန္လည္ဖန္တီးသည့္အေနျဖင့္ (Toyota FT – 4 X) အမည္ျဖင့္ (New York Auto Show) တြင္ မိတ္ဆက္ခဲ့ၿပီး ယခုအခါ (Tj Cruiser) အမည္ျဖင့္ (Toyota Motor Show) တြင္ ထုတ္ေဖာ္ျပသပါမည္။ (Toyota) ၏အဆိုအရ (Tj)တြင္ (T)သည္ (Toolbox -ပစၥည္းေသတၱာ)ဟု ဖြင့္ဆိုမည္ျဖစ္ၿပီး (Tj Cruiser) တြင္ မ်ားစြာဆန္းသစ္သည့္ Toolbox ဒီဇိုင္းအား ဥာဏ္ကြန္႕ျမဴးစြာ ဖန္တီးထားမည္ျဖစ္ၿပီး ၄င္းတြင္မ်ားစြာေသာ ကရိယာတန္ဆာပလာမ်ားလည္း ပါ၀င္ပါမည္။(Tj Cruiser)၏ အျပင္ဖက္အားအလြန္ဆန္းသစ္လွပသည့္ ပံုစံျဖင့္ ဖန္တီးထားမည္ျဖစ္ၿပီး ၄င္း၏ေနာက္ေဘးတံခါးလက္ကိုင္သည္ ေဒါင္လိုက္ပံုစံျဖစ္ပါမည္။ (Tj Cruiser)သည္ (Fj Crusier) ကားမ်ား၏ (Successor Model)ျဖစ္၍ ဆန္းသစ္မႈႏွင့္ ေခတ္ေ႐ွ႕ေျပးမႈအား အဓိကဦးစားေပးထား မည္ျဖစ္ပါသည္။ ကိုယ္ထည္ကိုလည္း ၾကံ့ခိုင္က်စ္လစ္သည့္ပံုစံျဖင့္ ဖန္တီးထားကာ အေ႐ွ႕ (Grill) အား (Diamond – Stamped) သံမဏိပလိပ္ျပားႀကီးျဖင့္ ၀ံ့ၾကြားစြာျပဳလုပ္ထားပါမည္။ ၄င္း၏ အတြင္းခန္းအား က်ယ္၀န္း သပ္ရပ္ၿပီး မ်ားစြာေခတ္ေ႐ွ႕ေျပးသည့္ ဒီဇိုင္းကို ဖန္တီးထားၿပီး Dashboard ပံုစံသည္ လံုး၀အလြင့္ျဖစ္ပါသည္။ (Steering Wheel) သည္ စတုရန္းပံု႐ွိကာ ေထာင့္မွန္က်က်ျဖစ္ပါမည္။ အတြင္းခန္းေနရာအမ်ားစုအား ဖိုင္ႀကိဳးမ်ားျဖင့္ လွပစြာ ရက္လုပ္ထား မည္ျဖစ္ပါသည္။ ထိုင္ခံုမ်ားအား သက္ေတာင့္သက္သာျဖစ္ေစရန္ စီစဥ္ထားပါမည္။ ၄င္း၏ေနာက္ တံခါးတြင္ စြယ္စံုအသံုးျပဳႏိုင္သည့္ ေနာက္ဖံုးစနစ္တစ္မ်ိဳးလည္း ပါ၀င္ပါမည္။
(Toyota)သည္ ယခု (Tj Cruiser) အား (Prius) ႏွင့္ (C- HR) တို႕၏ (TNGA Platform) အေျခခံအုတ္ျမစ္အတိုင္း ဖန္တီးထားပါသည္။ ၄င္းတြင္ (ေ႐ွ႕ဘီးယက္) သို႕ (AWD System) ဟူ၍ ပံုစံ(၂)မ်ိဳးရ႐ွိႏိုင္ကာ အင္ဂ်င္အေနျဖင့္ (2.0L I4 Engine) ႏွင့္ (Hybrid System) တို႕အား ေပါင္းစပ္ထားမည္ျဖစ္ပါ သည္။ (Toyota)သည္ (TJ Cruiser Concept) အား မျပသမီ အေမရိကန္တြင္ ကုန္အမွတ္တံဆိပ္ – Trademark ကို ဖန္တီးခဲ့ပါသည္။ မည္သို႔ပင္ျဖစ္ေစ စိတ္၀င္စားဖြယ္ရာ မ်ားစြာပါ၀င္မည့္ (Toyota TJ Cruiser Concept) အား မၾကာမီက်င္းပမည့္ Tokyo Auto Show တြင္ ေတြ႕ျမင္ခံစားရမည္ ျဖစ္ပါသည္။