Lexus သည် New Baby SUV အသစ်တမျိုးအား 2023 May တွင် မိတ်ဆက်မည်ဖြစ်ပြီး အဆိုပါ Model သည် လက်ရှိ Lexus UX ထက် အရွယ်ငယ်သည့် smallest SUV ဖြစ်ပါမည်။ ၎င်းတွင် Toyota Yaris Cross တွင် အသုံးပြုသည့် – 1.5 L Hybrid Powertrain ( Combined Output 85 kW ) ကို အသုံးပြုမည် ဖြစ်ကာ အင်ဂျင်နှင့် လျှပ်စစ်မော်တာ (၂) ခု ပေါင်းစပ်သည့် ပုံစံဖြစ်ပါသည်။
AWD Yaris Cross Hybrid တွင် လျှပ်စစ်မော်တာ (၃) ခု ပေါင်းစပ်ထားကာ လက်ရှိထုတ်လုပ် ထားသည့် Yaris Cross တွင် Toyota ၏ New Global Architecture Platform တွင် အခြေခံ ဖန်တီးထားပြီး အဆိုပါ GA-B Platform အား Prius C , Aygo , Sienta MPV စသည့် Model များတွင်လည်း အသုံးပြုထားပါသည်။ Lexus သည် Small Car အသစ်အား CT အစားထိုး အနေဖြင့် 2024 တွင် မိတ်ဆက်မည်ဖြစ်ပြီး ၎င်းတွင် Petrol , Hybrid နှင့် EV Powertrain တို့ ပါဝင်ပါမည်။ အဆိုပါ New Model သည် Hatchback-Like Styling ပုံစံရှိမည်ဖြစ်ပြီး အသစ်ထွက်ရှိမည့် Baby SUV အား Lexus ကဲ့သို့ Premium Quality အတိုင်း ဖန်တီးမည်ဖြစ်သည်။
လက်ရှိ Lexus SUV Lineup များတွင် Lexus UX သည် အရွယ်အငယ်ဆုံးဖြစ်ပြီး ၎င်းသည် – BMW X 1 , Mercedes – Benz GLA , Volvo XC 40 , Audi Q2 စသည့် Model တို့နှင့် ပြိုင်ဖက်ဖြစ်သည့် Lexus သည် အဆိုပါ New Model LBX ဟု သတ်မှတ်ရန် လျာထားပါသည်။ ထို့အတူ 3- Rows SUV Model များတွင် TX အမည်ကို ပေါင်းစပ်ရန်လည်း Lexus မှ စီစဉ်ထားပါသည်။ Lexus RX တွင် 3-Rows Version အား RXL ဟုခေါ်ဆိုပါသည်။
#DriveMediaMyanmar








