နာမည်ကျော် Japan ကားထုတ်လုပ်ရေးကုမ္ပဏီ Toyota ကတော့ သူတို့ရဲ့ Harrier Model သစ်ကို 2021 June လလောက်မှာ စတင်မိတ်ဆက်‌ေပးမယ်လို့ အတည်ပြုလိုက်ပါပြီ။

 

 

Third-gen Lexus RX ရဲ့ modified version လို့ဆိုနိုင်တဲ့ အခု New Harrier Model ကို modification နှစ်မျိုးနဲ့ ထုတ်လုပ်သွားမယ်လို့ဆိုထားပါတယ်။ Hybrid model အတွက် 2.5-liter Inline-four Direct-injection Engine တပ်ဆင်အသုံးပြုမှာပါ။ FWD Version ရဲ့ output က 218 Horsepower (160 kilowatts)ရှိပြီး AWD Version မှာတော့ 222 hp (163 kW) ရှိမှာဖြစ်ပါတယ်။

2.0-liter Engine ပါ Gasoline-powered Model က Power Output 171 hp (126 kW) 153 pound-feet (207 Nm) ထုတ်ပေးနိုင်မှာဖြစ်ကာ Hybrid နဲ့ Standard Gas-powered Model နှစ်မျိုးလုံးကို FWD နဲ့ AWD configuration တွေနဲ့ ရနိုင်မှာပါ။ 19-inch wheel တွေတပ်ဆင်အသုံးပြုထားပြီး ရွေးချယ်စရာ အတွင်းခန်းအရောင် ၇ မျိုး ရှိမှာဖြစ်ပါတယ်။

Pre-collision Safety System ပါဝင်ဖွဲ့စည်းထားတဲ့ Toyota’s Safety Sense Family of Technology တွေထည့်သွင်းပေးထားပါတယ်။ ထူးခြားချက်အနေနဲ့က 2021 Harrier ဟာ Toyota ရဲ့ ပထမဆုံးသော Digital Cabin Mirror ပါဝင်တဲ့ Model ဖြစ်လာမှာပါ။ ဒီ new SUV ကို June 2020 လောက်ကျရင် Japan ဈေးကွက်အတွင်း စတင်ရောင်းချသွားမယ်လို့လည်း Toyota ကဆိုထားပါတယ်။

Ref: motor1
Thiha