Zawgyi Version…
Toyota Motor Corporation (Toyota) သည္ “တိုယိုတာ စိတ္ကူးအိပ္မက္ကားအႏုပညာၿပိဳင္ပြဲ – ႏိုင္ငံအဆင့္ၿပိဳင္ပြဲ” မွ ဆုရရွိသူမ်ားအား ဆုခ်ီးျမွင့္ပြဲအခမ္းအနားကို ဆီဒိုးနားဟိုတယ္တြင္ က်င္းပျပဳလုပ္သြားခဲ့သည္။
(၂၀၁၈) ခုႏွစ္၊ ဒီဇင္ဘာလ (၁) ရက္ေန႔မွ (၂၀၁၉) ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၀) ရက္ေန႔အထိ က်င္းပျပဳလုပ္ခဲ့သည့္ အဆုိပါႏိုင္ငံအဆင့္ၿပိဳင္ပြဲတြင္ ပါဝင္ဆင္ႏႊဲသူေပါင္း (၁၉၇၉) အထိရွိခဲ့ပါသည္။ ၿပိဳင္ပြဲဝင္စာရင္းမ်ားထဲတြင္ ၿပိဳင္ပြဲဝင္စာရင္း အမ်ဳိးအစားတစ္ခုစီမွ ပါဝင္ယွဥ္ၿပိဳင္သူသုံးဦးမွာ ဆုရရွိသူမ်ားအျဖစ္ ေရြးခ်ယ္ခံခဲ့ရၿပီး၊ ဂ်ပန္ႏိုင္ငံတြင္ က်င္းပမည့္ ကမာၻ႕အဆင့္ၿပိဳင္ပြဲတြင္ ျမန္မာႏုိင္ငံကိုယ္စားျပဳယွဥ္ၿပိဳင္သူမ်ားအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ရမည္ျဖစ္သည္။
ကေလးငယ္မ်ားမွ ၎တို႔၏စိတ္ကူးအိပ္မက္ကားမ်ားကို ႐ုပ္ပုံေရးဆြဲျခင္းျဖင့္ အနာဂတ္ေ႐ြ႕လ်ားသြားလာမႈႏွင့္ ပတ္သက္သည့္ ၎တို႔၏ အေတြးအျမင္မ်ားကို မွ်ေဝႏိုင္ရန္ ကမာၻအရပ္ရပ္မွကေလးငယ္မ်ားအား ဖိတ္ၾကား ထားပါသည္။ ႀကီးက်ယ္ခမ္းနားသည့္ အေတြးအေခၚတိုင္းသည္ စိတ္ကူးအိပ္မက္တစ္ခု၏ ခပ္ေရးေရး အလင္းေရာင္မွ ေပါက္ဖြားလာျခင္းျဖစ္ၿပီး၊ တိုယိုတာတြင္ ယခုလႈပ္ရွားေဆာင္႐ြက္မႈသည္ ႀကီးက်ယ္ ခမ္းနားသည့္ တီထြင္သူမ်ား၊ အေတြးအေခၚပညာရွင္မ်ား၊ စိတ္ကူးႀကံဆသူမ်ား၏ ေနာက္ထပ္မ်ိဳးဆက္အတြက္ ဖန္တီးႏိုင္စြမ္းကို ျပဳစုပ်ဳိးေထာင္ ေပးရာတြင္ အကူအညီျဖစ္လိမ့္မည္ဟု Toyota မွယုံၾကည္ေနသည္။
(၂၀၀၄) ခုႏွစ္မွစ၍ တိုယိုတာ စိတ္ကူးအိပ္မက္ကားအႏုပညာၿပိဳင္ပြဲအား တိုယိုတာ၏ လူမႈအက်ိဳးျပဳ ကနဦး ေဆာင္ရြက္မႈမ်ား၏ တစ္စိတ္တစ္ပိုင္းအျဖစ္ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ပါသည္။ ထုိျပိဳင္ပဲြကုိ(၂၀၁၈) ခုႏွစ္ တစ္ႏွစ္တည္းတြင္ ႏိုင္ငံေပါင္း (၇၆) ႏိုင္ငံႏွင့္ ကမာၻ႔အႏွံ႔အျပားရွိေဒသမ်ားမွ ပါဝင္ဆင္ႏႊဲသူမ်ား၏ စုစုေပါင္းစာရင္းမွာ (၆၅၀၀၀၀) ဦး ျဖစ္ပါသည္။





Unicode Version…
၂၀၁၉ခုနှစ် တိုယိုတာ စိတ်ကူးအိပ်မက်ကားအနုပညာပြိုင်ပွဲ
ဆုချီးမြှင့်ပွဲအခမ်းအနား
Toyota Motor Corporation (Toyota) သည် “တိုယိုတာ စိတ်ကူးအိပ်မက်ကားအနုပညာပြိုင်ပွဲ – နိုင်ငံအဆင့်ပြိုင်ပွဲ” မှ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်သွားခဲ့သည်။
(၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှ (၂၀၁၉) ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါနိုင်ငံအဆင့်ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲသူပေါင်း (၁၉၇၉) အထိရှိခဲ့ပါသည်။ ပြိုင်ပွဲဝင်စာရင်းများထဲတွင် ပြိုင်ပွဲဝင်စာရင်း အမျိုးအစားတစ်ခုစီမှ ပါဝင်ယှဉ်ပြိုင်သူသုံးဦးမှာ ဆုရရှိသူများအဖြစ် ရွေးချယ်ခံခဲ့ရပြီး၊ ဂျပန်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့အဆင့်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်သူများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ကလေးငယ်များမှ ၎င်းတို့၏စိတ်ကူးအိပ်မက်ကားများကို ရုပ်ပုံရေးဆွဲခြင်းဖြင့် အနာဂတ်ရွေ့လျားသွားလာမှုနှင့် ပတ်သက်သည့် ၎င်းတို့၏ အတွေးအမြင်များကို မျှဝေနိုင်ရန် ကမ္ဘာအရပ်ရပ်မှကလေးငယ်များအား ဖိတ်ကြား ထားပါသည်။ ကြီးကျယ်ခမ်းနားသည့် အတွေးအခေါ်တိုင်းသည် စိတ်ကူးအိပ်မက်တစ်ခု၏ ခပ်ရေးရေး အလင်းရောင်မှ ပေါက်ဖွားလာခြင်းဖြစ်ပြီး၊ တိုယိုတာတွင် ယခုလှုပ်ရှားဆောင်ရွက်မှုသည် ကြီးကျယ် ခမ်းနားသည့် တီထွင်သူများ၊ အတွေးအခေါ်ပညာရှင်များ၊ စိတ်ကူးကြံဆသူများ၏ နောက်ထပ်မျိုးဆက်အတွက် ဖန်တီးနိုင်စွမ်းကို ပြုစုပျိုးထောင် ပေးရာတွင် အကူအညီဖြစ်လိမ့်မည်ဟု Toyota မှယုံကြည်နေသည်။
(၂၀၀၄) ခုနှစ်မှစ၍ တိုယိုတာ စိတ်ကူးအိပ်မက်ကားအနုပညာပြိုင်ပွဲအား တိုယိုတာ၏ လူမှုအကျိုးပြု ကနဦး ဆောင်ရွက်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုပြိုင်ပွဲကို(၂၀၁၈) ခုနှစ် တစ်နှစ်တည်းတွင် နိုင်ငံပေါင်း (၇၆) နိုင်ငံနှင့် ကမ္ဘာ့အနှံ့အပြားရှိဒေသများမှ ပါဝင်ဆင်နွှဲသူများ၏ စုစုပေါင်းစာရင်းမှာ (၆၅၀၀၀၀) ဦး ဖြစ်ပါသည်။