Unicode version…
ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က အမေရိကန်နိုင်ငံ၊အရီဇိုးနားတွင် Uber ၏ Volvo XC90 မောင်းသူမဲ့ယာဉ်စမ်းသပ်မှု၌ စက်ဘီးဖြင့် လမ်းဖြတ်ကူးသူ အမျိုးသမီးယာဉ်တိုက်ခံရပြီး သေဆုံးသွားခဲ့ခြင်းကြောင့် Toyota မှ၎င်းတို့အနေဖြင့်လည်း မောင်းသူမဲ့ ယာဉ်စမ်းသပ်ခြင်းကို ခေတ္တဆိုင်းငံ့ထားဦးမည်ဖြစ်ကြောင်း သိရသည်။ Toyota သည် အနာဂတ်အတွက် ရည်ရွယ်ထုတ် လုပ်ထားသော ‘Chauffeur’ အမည်ရှိမောင်းသူမဲ့ယာဉ်ကို အမေရိ ကန်နိုင်ငံရှိ public roads များတွင် စမ်းသပ်မောင်းနှင် ရန်စီစဉ်ထားသော်လည်း အရီဇိုးနားမှဖြစ်ရပ်ကြောင့် ၎င်းတို့၏ test driver များမှာ စိတ်ခံစားမှုများရရှိစေနို်င်သဖြင့် ရပ်နားထားရခြင်းဟု ဆိုသည်။
Uber အနေဖြင့် ကိုယ်တိုင်မောင်းနှင်နိုင်သော hardware ၊ software တပ်ဆင်ထားသော Volvo XC90 ကို autonomous mode နှိပ်ပြီးစမ်းသပ်ခဲ့ရာတွင် လမ်းအသုံးပြုသူတစ်ဦးကိုမတော်တဆထိခိုက်မှုဖြစ်ပေါ်ခဲ့ပြီး သေဆုံးမှုဖြစ်ပေါ်ခဲ့သဖြင့် အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုကိုခံနေရကာ အဆိုပါမောင်းသူမဲ့ယာဉ်စမ်းသပ်မှုကို ခေတ္တရပ်နားထားရန် ဖိအားပေးခံနေရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက Uber နှင့် Toyota တို့သည် self-driving software အသုံးပြုခြင်းကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန်ညှိနှိုင်းဆွေးနွေးထားကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း ယခုဖြစ်ရပ်ကြောင့် Toyota နှင့် Uber တို့၏ပူးပေါင်းဆောင်ရွက်မှုမှာ မရှင်းလင်းသည့်အခြေအနေသို့ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
အမေရိကန်၏နာမည်ကြီးကားကုမ္ပဏီ General Motors သည်အမေရိကန်တွင် မောင်းသူမဲ့ယာဉ် program တိုးတက်လာ စေရန်ကြိုးပမ်းလျက်ရှိနေပြီး San Francisco ဧရိယာတစ်လျှောက်တွင် လျှပ်စစ်ကားများကိုအခြေခံ၍ Cruise Automation စနစ်ကို စမ်းသပ်မှု အမြောက်အများပြုလုပ်ထားသည်။
Zawgyi version…
ျပီးခဲ့သည့္ မတ္လ ၁၈ ရက္ေန႔က အေမရိကန္ႏိုင္ငံ၊အရီဇုိးနားတြင္ Uber ၏ Volvo XC90 ေမာင္းသူမဲ့ယာဥ္စမ္းသပ္မွဳ၌ စက္ဘီးျဖင့္ လမ္းျဖတ္ကူးသူ အမ်ိဳးသမီးယာဥ္တုိက္ခံရျပီး ေသဆုံးသြားခဲ့ျခင္းေၾကာင့္ Toyota မွ၎တုိ႔အေနျဖင့္လည္း ေမာင္းသူမဲ့ ယာဥ္စမ္းသပ္ျခင္းကုိ ေခတၱဆုိင္းငံ့ထားဦးမည္ျဖစ္ေၾကာင္း သိရသည္။ Toyota သည္ အနာဂတ္အတြက္ ရည္ရြယ္ထုတ္ လုပ္ထားေသာ ‘Chauffeur’ အမည္ရွိေမာင္းသူမဲ့ယာဥ္ကုိ အေမရိ ကန္ႏိုင္ငံရွိ public roads မ်ားတြင္ စမ္းသပ္ေမာင္းႏွင္ ရန္စီစဥ္ထားေသာ္လည္း အရီဇုိးနားမွျဖစ္ရပ္ေၾကာင့္ ၎တုိ႔၏ test driver မ်ားမွာ စိတ္ခံစားမွဳမ်ားရရွိေစႏို္င္သျဖင့္ ရပ္နားထားရျခင္းဟု ဆုိသည္။
Uber အေနျဖင့္ ကိုယ္တုိင္ေမာင္းႏွင္ႏိုင္ေသာ hardware ၊ software တပ္ဆင္ထားေသာ Volvo XC90 ကုိ autonomous mode ႏွိပ္ျပီးစမ္းသပ္ခဲ့ရာတြင္ လမ္းအသုံးျပဳသူတစ္ဦးကုိမေတာ္တဆထိခုိက္မွဳျဖစ္ေပၚခဲ့ျပီး ေသဆုံးမွဳျဖစ္ေပၚခဲ့သျဖင့္ အာဏာပုိင္မ်ား၏ စုံစမ္းစစ္ေဆးမွဳကုိခံေနရကာ အဆုိပါေမာင္းသူမဲ့ယာဥ္စမ္းသပ္မွဳကုိ ေခတၱရပ္နားထားရန္ ဖိအားေပးခံေနရသည္။
ျပီးခဲ့သည့္ ေဖေဖာ္ဝါရီလအတြင္းက Uber ႏွင့္ Toyota တုိ႕သည္ self-driving software အသုံးျပဳျခင္းကုိ အတူတကြ ပူးေပါင္းေဆာင္ရြက္ရန္ညွိႏွဳိင္းေဆြးေႏြးထားေၾကာင္း သတင္းထြက္ေပၚခဲ့ေသာ္လည္း ယခုျဖစ္ရပ္ေၾကာင့္ Toyota ႏွင့္ Uber တုိ႔၏ပူးေပါင္းေဆာင္ရြက္မွဳမွာ မရွင္းလင္းသည့္အေျခအေနသုိ႔ေရာက္ရွိသြားခဲ့ျပီျဖစ္သည္။
အေမရိကန္၏နာမည္ၾကီးကားကုမၸဏီ General Motors သည္အေမရိကန္တြင္ ေမာင္းသူမဲ့ယာဥ္ program တုိးတက္လာ ေစရန္ၾကိဳးပမ္းလ်က္ရွိေနျပီး San Francisco ဧရိယာတစ္ေလွ်ာက္တြင္ လွ်ပ္စစ္ကားမ်ားကုိအေျခခံ၍ Cruise Automation စနစ္ကုိ စမ္းသပ္မွဳ အေျမာက္အမ်ားျပဳလုပ္ထားသည္။