Unicode version..
လွန်ခဲ့တဲ့ နှစ်ပေါင်း(၅ဝ)ကျော်က ထုတ်လုပ်ခဲ့တဲ့ နာမည်ကြီး ကုမ္ပဏီတွေရဲ့ ရှေးဟောင်း classic ကားအစီးရေ (၂၂) စီးကို စုစည်းပြီး အရှေ့တောင် အာရှ သုံးနိုင်ငံကို ဖြတ်ကျော် မောင်းနှင်ခဲ့ကြပါတယ်။ ရည်ရွယ် ချက်ကတော့ ကမ္ဘောဒီးယား ၊ ထို်င်း နဲ့ မြန်မာနို်င်ငံတွေမှာ ရှိတဲ့ စိတ်လှုပ်ရှားဖွယ်ရာ သဘာဝ ရေမြေတောတောင် ရှုခင်း လှပမှုတွေ နဲ့ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အဦး နဲ့ မြို့တည်ရှိရာ နေရာတွေကို သွားရောက်လေ့လာ ကြည့်ရှုလိုတဲ့အတွက် ဖြစ်ပါတယ်။ Spice Road Classic 2016 အသင်းမှာ ပါဝင်တဲ့ ကားတွေကတော့ Vauxhall 1924, Bentley Speed Six 1927, Rolls Royce Phantom II 1930 နဲ့ 1971 ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ Mercedes ကားတွေပါ။ သုံးနိုင်ငံခရီးစဉ်အတွင်းမှာ ရင်သပ်ရှုမောဖွယ်ရာ နေရာ တွေဖြစ်တဲ့ Angkor, Pre Vihear, Sukhothai, Chiang Mai, Kentung, Intel Lake, Bagan နဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ မထင်ရှားတဲ့ အဖိုးတန်နေရာ တွေကို သွားရောက်လေ့လာပြီး လည်ပတ်ကြမှာ ဖြစ် ပါတယ်။
မိုးနှောင်းပိုင်းကာလမှာ ခရီးစဉ်ကို စတင်ခဲ့ကြတာဖြစ်ပြီး Kampot Pepper စိုက်ခင်းကို ဖြတ်ကျော်မောင်းနှင်ချိန် လမ်းကြမ်းခဲ့လို့ အမှတ်ရစရာ ဖြစ်ခဲ့ပါတယ်။ ခရီးစဉ်ကို နိုင်ငံရေးတည်ငြိမ်ပြီး သမိုင်းကြောင်း ကောင်းမွန်ခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံက စတင်ခဲ့တာပါ။ ခရီးစဉ်ရဲ့ တစ်နေ့တာအချိန်ကို ကျော်ဖြတ်ပြီးချိန်မှာ အဖွဲ့ဝင်တွေရဲ့ ကားတွေမှာ အင်ဂျင်အပူလွန်ကဲခြင်းနဲ့ ဂီယာပိုင်းဆိုင်ရာ ချီု့ယွင်းမှုပြဿနာတွေကို စတင်တွေ့ကြုံခဲ့ကြရပါတယ်။ Bentley ကားရဲ့ Axle နဲ့ Wheel ကကျွတ်ထွက်ခဲ့လို့ ပြန်လည်ပြင်ဆင်ခဲ့ရတာပါ။
ကမ္ဘောဒီးယားနိုင်ငံရဲ့ အထိမ်းအမှတ်ဖြစ်သလို သာယာ လှပပြီး စိတ်ကြည်နှုးဖွယ်ရာ အဆောက်အဦးဖြစ်တဲ့ Angkor ဘုရားကျောင်းကို သွားရောက်ခဲ့ကြပါတယ်။ အလွန်ကောင်းမွန်တဲ့ ညနေစာကို ဘုရားကျောင်းရဲ့ လူသိနည်းတဲ့ Pre Vihearမှာ စားခဲ့ကြပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ (၉) ရက်တာ နေထိုင်လည်ပတ်ပြီးတဲ့ နောက်မှာ ဒေသဆိုင်ရာ ကူညီထောက်ပံ့ရေးအသင်းကို နှုတ်ဆက်ပြီး နယ်နိမိတ်စည်းကို ကျော်ဖြတ်ကာ ထိုင်းနိုင်ငံ အတွင်းကို စတင်ဝင်ရောက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံကို ခရီးစတင်ချိန်မှာ ထိုင်းပြည်သူတွေ လေးစား တန်ဖိုးထားတဲ့ ထိုင်းဘုရင်မင်းမြတ် ကွယ်လွန်တဲ့ သတင်းကို ကြားသိခဲ့ရပါတယ်။ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယား နိုင်ငံရဲ့ ဖွဲ့စည်းပုံနဲ့ လူမှုစီးပွားရေးအခြေအနေက အတော် အသင့်ကွာခြားတာကို တွေ့ရှိခဲ့ရကြပါတယ်။ ထိုင်းနိုင်ငံက ၂၁ ရာစုမှာဖွံ့ဖြိုးလာတဲ့ နိုင်ငံဖြစ်ပြီး အဝေးပြေးလမ်းမတွေနဲ့ shopping centers တွေက နိုင်ငံရဲ့ နေရာ အနှံ့အပြားမှာ ခမ်းနားစွာရှိနေတာကို တွေ့ရှိနိုင်ပါတယ်။
အဖွဲဝင်တွေရဲ့ ကားတွေက မဲခေါင်မြစ်နဲ့ လာအိုနိုင်ငံ ရဲ့ နယ်စပ်စည်းရိုး လမ်းကြောင်းဖြစ်တဲ့ လမ်းကျဉ်းလေး တစ်လျှောက်ကို မောင်းနှင့်လာခဲ့ကြပြီး သဘာဝပတ်ဝန်း ကျင်နဲ့ ရှုမျှော်ခင်းအလှအပတွေကို ကြည့်ရှုလေ့လာခဲ့ ကြပါတယ်။ ရေတံခွန်မှာ ပျော်ပွဲစားထွက်ပြီး နေ့လည်စာကို စားခဲ့ပြီးတဲ့နောက် Dansai နဲ့ နာမည်ကြီး Sukhothai မှာ ရှိနေတဲ့ ထင်ရှားတဲ့ ပြတိုက်တွေကိုလည်း ဝင်ရောက်လေ့ လာခဲ့ပါတယ်။
Spice Road Calassic အဖွဲဝင်တွေရဲ့ ကားက အကောင်းဆုံး ခရီးစဉ် တစ်ခုကို မောင်းနှင်သွားဖို့ အစီအစဉ် ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ကြားတဲ့ Mae Sot ကနေ Mae Hong Son နဲ့ Chiang Mai ကို ရောက်နိုင်တဲ့ လမ်းက ၁၈၆၄ ခုနှစ်ကတည်းက ဖောက်လုပ်ခဲ့တာဖြစ်ပြီး လုံးဝပြီးမြောက်ခဲ့တဲ့ အတွက် ယာဉ်မောင်းတွေ အဆင်ပြေ စွာမောင်းနှင်နိုင်တဲ့ မြန်မာနိုင်ငံကို ဝင်ရောက်မယ့် နယ်နိ မိတ် လမ်းကြောင်းဖြစ်ပါတယ်။ ဒီနယ်နိမိတ်လမ်းကြောင်း ကို ကျော်ဖြတ်ပြီး မြန်မာနိုင်ငံ အတွင်းကို Spice အဖွဲ့ရဲ့ကားတွေက မောင်းနှင်လာမှာပါ။ Rolls Roce ကားကိုတော့ မီးစနစ်မှာ ချို့ယွင်းမှု ရှိနေလို့ Chaing Mai ကို တိုက်ရိုက်ရောက်တဲ့ လမ်းကြောင်းကနေ သွားရောက် စေခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဝင်ဖို့လာတဲ့ နယ်စပ်စည်းရိုး လမ်းမှာ Accident တစ်ခုနဲ့ တွေ့ခဲ့လို့ ကားတွေကို ခေတ္တရပ်နားပြီး အဖွဲ့ရဲ့ ဆရာဝန်က အကူအညီပေးခဲ့ရ ပါတယ်။ Truck နဲ့ Motorcycle တို့ မတော်တဆ ဝင်ရောက်တိုက်မိခဲ့ရာမှာ အဖွဲ့ဝင်တွေ အားလုံး ထိခိုက်မှု မရှိပဲ အဖွဲ့ရဲ့ ဆေးဖက်ဆိုင်ရာ အဖွဲ့က ဒုက္ခရောက်နေတဲ့ Canadian လူမျိုး လူနာကို အနီးဆုံး ဆေးရုံကို ကားမောင်းပြီး ချက်ချင်းပို့ပေးခဲ့ပါတယ်။
Chiang Mai မြို့ Dham Dhevi မှာရှိတဲ့Thai-Burmese Palace မှာ နှစ်သက်ဖွယ်ရာလှပတဲ့ ဥယျာဉ်လေးရှိနေ ပါတယ်။ အဖွဲ့ဝင်တွေ အတွက် အဆင့်မြင့်စွာ အနားယူနိုင် တဲ့ နေရာဖြစ်ပြီး အကောင်းဆုံး ဓါတ်ပုံတွေကို ရိုက်ယူနိုင် ခဲ့တဲ့ အခွင့်အရေးကိုလည်းရရှိခဲ့ပါတယ်။ Chiang Mai ကနေ Chiang Rai ကို သွားရောက်ကြမှာဖြစ်ပြီး မြန်မာနိုင်ငံ ကို ဝင်ရောက်မယ့် နယ်နိမိတ်လမ်းကြောင်း ရဲ့ နောက်ဆုံးမြို့လည်းဖြစ်ပါတယ်။
၂၁ ရာစုမှာ လွန်ခဲ့တဲ့ နှစ် (၅ဝ) လောက်က မြန်မာနိုင်ငံကို ပထမဆုံး အကြိမ်လာရောက်ခဲ့စဉ်မှာ ကျဉ်းမြောင်းတဲ့ လမ်းတွေနဲ့ ရွာငယ်လေးတွေကို သဘာဝအတိုင်း တွေ့မြင်ခဲ့ရတာပါ။ ပလောင်လူမျိုးတွေ နေထိုင်တဲ့ တောင်ပေါ်ဒေသတွေကို ဖြတ်ကျော်မောင်းနှင် လာခဲ့ရာမှာ အင်းလေးကန် မှာရှိတဲ့ Inle Princess Hotel ကို နေ့လည်စာ စားချိန်မှာ ရောက်ရှိခဲ့ကြပါတယ်။ အင်းလေးမှာ နှစ်ရက် နားပြီး ကားတွေကို စက်ပိုင်းဆိုင်ရာ ပြုပြင်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ Porsche ကားက ဟွန်းသံ မမြည်တဲ့ အတွက် ပြန်ပြင်ရပါသေးတယ်။ကားတွေကို ပြပြင်ထိန်းသိမ်းတဲ့ အလုပ် ကိစ္စပြီးစီးချိန်မှာ နာမည်ကြီးပြီး လှပတင့်တယ်မှုနဲ့ ကျော်ကြားနေတဲ့ အင်းလေးကန် အတွင်း မော်တော်ဘုတ်စီးပြီးလျှောက်လည်ခဲ့ကြပါတယ်။ မိဘမဲ့ ဂေဟာ ကိုလည်းသွားရောက်ပြီး အဖွဲ့ဝင်တစ်ချို့က အလှူ ငွေတွေ ပေးအပ် လှူဒါန်းခဲ့ကြပါတယ်။
နောက်တစ်နေ့မှာတော့ ပင်းတယလှိုင်ဂူ မှာရှိတဲ့ ဗုဒ္ဓဘုရား ၈,ဝဝဝ တည်ထား ကိုးကွယ်မှုကို သွားရောက် လေ့လာခဲ့ကြပြီး ဗြိတိသျှကိုလိုနီမြို့ဟောင်း ဖြစ်ခဲ့တဲ့ ကလောမြို့ကို ခရီးနှင်ခဲ့ ကြပါတယ်။ ကလောမြို့ရဲ့ New Lodge မှာ ခေတ္တတည်းခိုပြီး မီးပုံးပွဲပြုလုပ်ထားတဲ့ နေရာမှာ ညနေစာ ကို စားခဲ့ကြပါတယ်။ ပတ်ဝန်းကျင်က အတော် လေး ချမ်းအေးလာတဲ့အတွက်ကြောင့်ပါ။ နောက်တစ် နေ့မှာတော့ ဆင်းရဲတဲ့ကျောင်းလေး တွေမှာ အလှူပစ္စည်းလေးတွေကို သွားရောက် လှူဒါန်းခဲ့ကြပြီး ကျောင်းသားလေးတွေက ကျွန်တော်တို့အဖွဲ့ဝင်တွေကို သီချင်း သီဆိုမှုနဲ့ အတူ အကများပါတွဲဖက်ပြီး ပြန်လည် ဖျော်ဖြေဧည့်ခံခဲ့ကြပါတယ်။
ကလောမြို့က ပြန်လည်ထွက်ခွာ ပြီးတဲ့နောက် ဆင်စခန်း ကိုဝင်ရောက် လေ့လာခဲ့ကြပါတယ်။ အဖွဲ့ဝင်အမျိုးသမီး တွေက ဆင်တွေကို မြစ်အတွင်းမှာ ရေချိုးပေးနေတာကို မြင်တွေ့ရတော့ အလွန်ပျော်စရာကောင်း ပါတယ်။ ဆင်စခန်း ကနေ ခြောက်သွေ့တဲ့ မြေပြန့်လွင်ပြင်ကို ဖြတ်ပြီး ကျော်ကြားတဲ့ပုပ္ပားတောင်ကို သွားရောက်ခဲ့ကြ ပါတယ်။ ဘုန်းတော်ကြီးကျောင်း တွေပေါ်ကနေ ဖြတ်ပြီး နေဝင်သွားတာကို ကြည့်ရတဲ့ ရှုခင်းဟာ လှပတင့်တယ်မှုနဲ့ ပြည့်စုံနေပါတယ်။ Rolls Royce ကား ကိုနောက်ဆုံး ကီလိုမီတာ-၃၀ ခရီးရောက်ဖို့ အစောင့် အကြပ်ကားနဲ့ မောင်းနှင်စေခဲ့ရာမှာ နေဝင်ပြီးချိန်မှာ ရောက်ရှိ လာခဲ့ပါတယ်။
ပုပ္ပါး ကတစ်ဆင့် ပုံဂံကို အချိန်တို အတွင်း မောင်းနှင် ရောက်ရှိခဲ့ပြီး ပုဂံရဲ့ ထင်ပေါ်ကျော်ကြားတဲ့ Aureum Hotel မှာတည်းခိုရင်း ထန်းရည် သောက်ခဲ့ကြပါသေးတယ်။ ဘုရား အဆူပေါင်း ၂,၅ဝဝ လောက်ရှိတဲ့ ပုဂံဘုရားတွေကို လှည့်လည် လေ့လာပြီး နှစ်ရက်လောက်တည်းခိုခဲ့ပါတယ်။ ပုဂံမှာရှိနေစဉ် အချိန်အတွင်း ရှင်ပြုပွဲ အခမ်းအနား တစ်ခုမှာ ကလေးငယ် (၉) ယောက်ကို အဖွဲ့ဝင်တွေက အလှူငွေ ထည့်ဝင်လှူဒါန်းပြီး ရှင်ပြုပေးခဲ့ကြပါသေးတယ်။ Bagan မှာရှိနေစဉ် အချိန်အတွင်း ထောင်ပေါင်များစွာသော အရေ အတွေက် ရှိတဲ့ စေတီပုထိုးတွေကို အပေါ်စီးကနေ တွေ့မြင်နိုင်ဖို့ မီးပုံးပျံကို စီးခဲ့ကြပါတယ်။ မီးပုံးပျံစီးရင်း ပုဂံနေဝင်ချိန် အလှရှုခင်းကို ကြည့်ရှုရတာ အသက်ရှု ဖို့တောင် မေ့နေသလားထင်ရပါတယ်။ဒါဟာ မမေ့နိုင်တဲ့ အမှတ်တရတစ်ခုပါပဲ။
နောက်တစ်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ ကျော်ကြားတဲ့ ဧရာဝတီ မြစ်ကမ်းဘေး တစ်လျှောက် မောင်းနှင်ခဲ့ပြီး မြန်မာနိုင်ငံ ရဲ့ မြို့တော်အသစ်ဖြစ်တဲ့ နေပြည်တော် ကို သွားရောက်ခဲ့ကြရာမှာ လမ်းကျယ်ကြီးကို ဖြတ်သန်းမောင်း နှင်ခဲ့ကြပါတယ်။ လမ်းဘေးတစ်ဖက် တစ်ချက်မှာ သစ်ပင်တွေ အစီအရိီရှိနေပြီ နေပြည်တော် ရောက်ချိန်မှာ အဖွဲ့ဝင်တွေ အတွက် အစောင့်အရှောက် ယာဉ်တန်းက လိုက်ပါ စောင့်ရှောက်ပေးခဲ့ပါတယ်။ ဆိုင်ကယ်စီးရဲတွေက လွှတ်တော် အဆောက်အဦးထဲကို ဝင်ရောက်လေ့လာဖို့ ခွင့်ပြချက် ပေးခဲ့လို့ ခမ်းနားတဲ့လွှတ်တော်ကြီးကို ဓါတ်ပုံတွေ ရိုက်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့် ဟိုတယ်နဲ့ခရိးသွားလာရေး ပြည်ထောင်စုဝန်ကြီးကို ကျေးဇူးတင်ခဲ့ကြပါတယ်။
နောက်ဆုံးရက်မှာ နေပြည်တော်နဲ့ ရန်ကုန်ကို ဆက်သွယ်ထားတဲ့ အမြန််လမ်းမကြီး ပေါ်ကနေ (၅) နာရီ ကြာ ဖြတ်သန်းမောင်းနှင်လာခဲ့ချိန် အတွင်း ကားပြဿနာ တစ်စုံ တစ်ရာ မရှိခဲ့ပဲ မြန်မာနိုင်ငံရဲ့ ထင်ရှားကျော် ကြားလှတဲ့ ရွှေတိဂုံဘုရား ကို သွားရောက်နိုင်ခဲ့ပါတယ်။ ရန်ကုန်မြို့မှာ အဖွဲ့ဝင်တွေက အစိုးရ ဧည့်ရိပ်သာမှာ ခေတ္တတည်းခိုခဲ့ပါတယ်။ နောက်ဆုံးရက်မှာ Last nights Dinner ညစာစားပွဲ ကို လက်ရှိ မြန်မာနိုင်ငံ ရဲ့ ဟိုတယ် နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး က ဟိုတယ်ရဲ့ လှပတဲ့ ဥယျာဉ်ထဲမှာ တည်ခင်း ဧည့်ခံ ပေးခဲ့ပါတယ်။ ရန်ကုန်က ပြန်လည်ထွက်ခွာမယ့် ဒီဇင်ဘာလ (၁) ရက်နေ့မှာ ရဲအစောင့်အရှောက် Convoy ယာဉ်တန်းနဲ့ အတူ ရန်ကုန်ဆိပ်ကမ်းကို ပစ္စည်းတင်ဖို့ ရောက်ခဲ့ ပါတယ်။ ယူဆောင်မောင်းနှင်လာ ခဲ့တဲ့ ရှေးဟောင်း ကားတွေကို ရန်ကုန် ဆိပ်ကမ်းကတစ်ဆင့် သဘောင်္တွေနဲ့ ပြန်လည်ယူဆောင် သွားမှာဖြစ်ပါတယ်။
ခက်ခဲတဲ့ မောင်းနှင်မှု နဲ့ လွယ်ကူတဲ့ မောင်းနှင်မှုတွေကို ဖြတ်ကျော်ပြီး အရောက်လာခဲ့ကြရာမှာ လှပတဲ့ သဘာဝ ရှုမျှော်ခင်းတွေနဲ့ အံအားသင့်စရာ ယဉ်ကျေးမှုဓလေ့ ထုံးထမ်းတွေကို တွေ့မြင်ရလို့ စိတ်ကြည်နှုးမှုတွေ ပြည့်ဝခဲ့ သလိုပဲ Local Myanmar Logistic Team ကိုလည်း ကျေးဇူးတင်ကြောင်း Spice Road Classic 2016 Car Rally ခရီးစဉ်ရဲ့ အဖွဲ့အဝင်တွေက ပြောကြားခဲ့ပါတယ်။
Bruno Leunen
Zawgyi version..
လြန္ခဲ့တဲ့ ႏွစ္ေပါင္း(၅ဝ)ေက်ာ္က ထုတ္လုပ္ခဲ့တဲ့ နာမည္ႀကီး ကုမၸဏီေတြရဲ႕ ေရွးေဟာင္း classic ကားအစီးေရ (၂၂) စီးကို စုစည္းၿပီး အေရွ႕ေတာင္ အာရွ သံုးႏိုင္ငံကို ျဖတ္ေက်ာ္ ေမာင္းႏွင္ခဲ့ၾကပါတယ္။ ရည္ရြယ္ ခ်က္ကေတာ့ ကေမၻာဒီးယား ၊ ထို္င္း နဲ႔ ျမန္မာႏို္င္ငံေတြမွာ ရွိတဲ့ စိတ္လႈပ္ရွားဖြယ္ရာ သဘာဝ ေရေျမေတာေတာင္ ရႈခင္း လွပမႈေတြ နဲ႔ ထူးဆန္းအံ့ႀသဖြယ္ေကာင္းတဲ့ ေရွးေဟာင္း ယဥ္ေက်းမႈ အေဆာက္အဦး နဲ႔ ၿမိဳ႕တည္ရွိရာ ေနရာေတြကို သြားေရာက္ေလ့လာ ၾကည့္ရႈလိုတဲ့အတြက္ ျဖစ္ပါတယ္။ Spice Road Classic 2016 အသင္းမွာ ပါဝင္တဲ့ ကားေတြကေတာ့ Vauxhall 1924, Bentley Speed Six 1927, Rolls Royce Phantom II 1930 နဲ႔ 1971 ခုႏွစ္ကထုတ္လုပ္ခဲ့တဲ့ Mercedes ကားေတြပါ။ သံုးႏိုင္ငံခရီးစဥ္အတြင္းမွာ ရင္သပ္ရႈေမာဖြယ္ရာ ေနရာ ေတြျဖစ္တဲ့ Angkor, Pre Vihear, Sukhothai, Chiang Mai, Kentung, Intel Lake, Bagan နဲ႔ လမ္းတစ္ေလွ်ာက္မွာရွိတဲ့ မထင္ရွားတဲ့ အဖိုးတန္ေနရာ ေတြကို သြားေရာက္ေလ့လာၿပီး လည္ပတ္ၾကမွာ ျဖစ္ ပါတယ္။
မိုးေႏွာင္းပိုင္းကာလမွာ ခရီးစဥ္ကို စတင္ခဲ့ၾကတာျဖစ္ၿပီး Kampot Pepper စိုက္ခင္းကို ျဖတ္ေက်ာ္ေမာင္းႏွင္ခ်ိန္ လမ္းႀကမ္းခဲ့လို႔ အမွတ္ရစရာ ျဖစ္ခဲ့ပါတယ္။ ခရီးစဥ္ကို ႏိုင္ငံေရးတည္ၿငိမ္ၿပီး သမိုင္းေၾကာင္း ေကာင္းမြန္ခဲ့တဲ့ ကေမၻာဒီးယားႏုိင္ငံက စတင္ခဲ့တာပါ။ ခရီးစဥ္ရဲ႕ တစ္ေန႔တာအခ်ိန္ကုိ ေက်ာ္ျဖတ္ၿပီးခ်ိန္မွာ အဖဲြ႕ဝင္ေတြရဲ႕ ကားေတြမွာ အင္ဂ်င္အပူလြန္ကဲျခင္းနဲ႔ ဂီယာပိုင္းဆိုင္ရာ ခ်ဳီ႕ယြင္းမႈျပႆနာေတြကို စတင္ေတြ႕ႀကံဳခဲ့ၾကရပါတယ္။ Bentley ကားရဲ႕ Axle နဲ႔ Wheel ကကြၽတ္ထြက္ခဲ့လို႔ ျပန္လည္ျပင္ဆင္ခဲ႔ရတာပါ။
ကေမၻာဒီးယားႏုိင္ငံရဲ႕ အထိမ္းအမွတ္ျဖစ္သလို သာယာ လွပၿပီး စိတ္ၾကည္ႏႈးဖြယ္ရာ အေဆာက္အဦးျဖစ္တဲ့ Angkor ဘုရားေက်ာင္းကို သြားေရာက္ခဲ့ၾကပါတယ္။ အလြန္ေကာင္းမြန္တဲ့ ညေနစာကို ဘုရားေက်ာင္းရဲ႕ လူသိနည္းတဲ့ Pre Vihearမွာ စားခဲ့ၾကပါတယ္။ ကေမၻာဒီးယားႏိုင္ငံမွာ (၉) ရက္တာ ေနထိုင္လည္ပတ္ၿပီးတဲ့ ေနာက္မွာ ေဒသဆိုင္ရာ ကူညီေထာက္ပံ့ေရးအသင္းကို ႏႈတ္ဆက္ၿပီး နယ္နိမိတ္စည္းကို ေက်ာ္ျဖတ္ကာ ထုိင္းႏုိင္ငံ အတြင္းကို စတင္ဝင္ေရာက္ခဲ့ပါတယ္။
ထိုင္းႏုိင္ငံကို ခရီးစတင္ခ်ိန္မွာ ထုိင္းျပည္သူေတြ ေလးစား တန္ဖိုးထားတဲ့ ထိုင္းဘုရင္မင္းျမတ္ ကြယ္လြန္တဲ့ သတင္းကို ၾကားသိခဲ့ရပါတယ္။ ထိုင္းႏိုင္ငံနဲ႔ ကေမၻာဒီးယား ႏိုင္ငံရဲ႕ ဖဲြ႕စည္းပံုနဲ႔ လူမႈစီးပြားေရးအေျခအေနက အေတာ္ အသင့္ကြာျခားတာကို ေတြ႕ရွိခဲ႔ရၾကပါတယ္။ ထုိင္းႏုိင္ငံက ၂၁ ရာစုမွာဖြံ႕ၿဖိဳးလာတဲ့ ႏိုင္ငံျဖစ္ၿပီး အေဝးေျပးလမ္းမေတြနဲ႔ shopping centers ေတြက ႏိုင္ငံရဲ႕ ေနရာ အႏွံ႕အျပားမွာ ခမ္းနားစြာရွိေနတာကို ေတြ႕ရွိႏိုင္ပါတယ္။
အဖဲြဝင္ေတြရဲ႕ ကားေတြက မဲေခါင္ျမစ္နဲ႔ လာအိုႏိုင္ငံ ရဲ႕ နယ္စပ္စည္းရိုး လမ္းေၾကာင္းျဖစ္တဲ့ လမ္းက်ဥ္းေလး တစ္ေလွ်ာက္ကို ေမာင္းႏွင့္လာခဲ့ၾကၿပီး သဘာဝပတ္ဝန္း က်င္နဲ႔ ရႈေမွ်ာ္ခင္းအလွအပေတြကို ၾကည့္ရွဳေလ့လာခဲ့ ၾကပါတယ္။ ေရတံခြန္မွာ ေပ်ာ္ပဲြစားထြက္ၿပီး ေန႔လည္စာကို စားခဲ့ၿပီးတဲ့ေနာက္ Dansai နဲ႔ နာမည္ႀကီး Sukhothai မွာ ရွိေနတဲ့ ထင္ရွားတဲ့ ျပတိုက္ေတြကိုလည္း ဝင္ေရာက္ေလ့ လာခဲ့ပါတယ္။
Spice Road Calassic အဖဲြဝင္ေတြရဲ႕ ကားက အေကာင္းဆံုး ခရီးစဥ္ တစ္ခုကို ေမာင္းႏွင္သြားဖို႔ အစီအစဥ္ ရွိခဲ့ပါတယ္။ ထိုင္းႏိုင္ငံရဲ႕ နာမည္ေက်ာ္ၾကားတဲ့ Mae Sot ကေန Mae Hong Son နဲ႔ Chiang Mai ကို ေရာက္ႏိုင္တဲ့ လမ္းက ၁၈၆၄ ခုႏွစ္ကတည္းက ေဖာက္လုပ္ခဲ့တာျဖစ္ၿပီး လံုးဝၿပီးေျမာက္ခဲ့တဲ့ အတြက္ ယာဥ္ေမာင္းေတြ အဆင္ေျပ စြာေမာင္းႏွင္ႏိုင္တဲ့ ျမန္မာႏိုင္ငံကို ဝင္ေရာက္မယ့္ နယ္နိ မိတ္ လမ္းေၾကာင္းျဖစ္ပါတယ္။ ဒီနယ္နိမိတ္လမ္းေၾကာင္း ကို ေက်ာ္ျဖတ္ၿပီး ျမန္မာႏိုင္ငံ အတြင္းကို Spice အဖြဲ႔ရဲ႕ကားေတြက ေမာင္းႏွင္လာမွာပါ။ Rolls Roce ကားကိုေတာ့ မီးစနစ္မွာ ခ်ိဳ႕ယြင္းမႈ ရွိေနလို႔ Chaing Mai ကို တိုက္ရုိက္ေရာက္တဲ့ လမ္းေၾကာင္းကေန သြားေရာက္ ေစခဲ့ပါတယ္။ ျမန္မာႏိုင္ငံကို ဝင္ဖုိ႔လာတဲ့ နယ္စပ္စည္းရိုး လမ္းမွာ Accident တစ္ခုနဲ႔ ေတြ႕ခဲ့လို႔ ကားေတြကို ေခတၱရပ္နားျပီး အဖဲြ႕ရဲ႕ ဆရာဝန္က အကူအညီေပးခဲ့ရ ပါတယ္။ Truck နဲ႔ Motorcycle တို႔ မေတာ္တဆ ဝင္ေရာက္တိုက္မိခဲ့ရာမွာ အဖဲြ႕ဝင္ေတြ အားလံုး ထိခိုက္မႈ မရွိပဲ အဖဲြ႕ရဲ႕ ေဆးဖက္ဆိုင္ရာ အဖဲြ႕က ဒုကၡေရာက္ေနတဲ့ Canadian လူမ်ဳိး လူနာကို အနီးဆံုး ေဆးရုံကို ကားေမာင္းၿပီး ခ်က္ခ်င္းပို႔ေပးခဲ့ပါတယ္။
Chiang Mai ၿမိဳ႕ Dham Dhevi မွာရွိတဲ႕Thai-Burmese Palace မွာ ႏွစ္သက္ဖြယ္ရာလွပတဲ့ ဥယ်ာဥ္ေလးရွိေန ပါတယ္။ အဖဲြ႕ဝင္ေတြ အတြက္ အဆင့္ျမင့္စြာ အနားယူႏိုင္ တဲ့ ေနရာျဖစ္ၿပီး အေကာင္းဆံုး ဓါတ္ပံုေတြကို ရိုက္ယူႏိုင္ ခဲ့တဲ့ အခြင့္အေရးကိုလည္းရရွိခဲ့ပါတယ္။ Chiang Mai ကေန Chiang Rai ကို သြားေရာက္ၾကမွာျဖစ္ၿပီး ျမန္မာႏိုင္ငံ ကို ဝင္ေရာက္မယ့္ နယ္နိမိတ္လမ္းေၾကာင္း ရဲ႕ ေနာက္ဆံုးၿမိဳ႕လည္းျဖစ္ပါတယ္။
၂၁ ရာစုမွာ လြန္ခဲ့တဲ့ ႏွစ္ (၅ဝ) ေလာက္က ျမန္မာႏိုင္ငံကို ပထမဆံုး အႀကိမ္လာေရာက္ခဲ့စဥ္မွာ က်ဥ္းေျမာင္းတဲ့ လမ္းေတြနဲ႔ ရြာငယ္ေလးေတြကို သဘာဝအတိုင္း ေတြ႕ျမင္ခဲ့ရတာပါ။ ပေလာင္လူမိ်ဳးေတြ ေနထိုင္တဲ့ ေတာင္ေပၚေဒသေတြကို ျဖတ္ေက်ာ္ေမာင္းႏွင္ လာခဲ့ရာမွာ အင္းေလးကန္ မွာရွိတဲ့ Inle Princess Hotel ကို ေန႔လည္စာ စားခ်ိန္မွာ ေရာက္ရွိခဲ့ၾကပါတယ္။ အင္းေလးမွာ ႏွစ္ရက္ နားၿပီး ကားေတြကို စက္ပိုင္းဆိုင္ရာ ျပဳျပင္မႈေတြ လုပ္ေဆာင္ခဲ့ၾကပါတယ္။ Porsche ကားက ဟြန္းသံ မျမည္တဲ့ အတြက္ ျပန္ျပင္ရပါေသးတယ္။ကားေတြကို ျပျပင္ထိန္းသိမ္းတဲ့ အလုပ္ ကိစၥၿပီးစီးခ်ိန္မွာ နာမည္ႀကီးၿပီး လွပတင့္တယ္မႈနဲ႔ ေက်ာ္ၾကားေနတဲ့ အင္းေလးကန္ အတြင္း ေမာ္ေတာ္ဘုတ္စီးၿပီးေလွ်ာက္လည္ခဲ့ၾကပါတယ္။ မိဘမဲ့ ေဂဟာ ကိုလည္းသြားေရာက္ၿပီး အဖဲြ႕ဝင္တစ္ခ်ိဳ႕က အလွဴ ေငြေတြ ေပးအပ္ လွဴဒါန္းခဲ့ၾကပါတယ္။
ေနာက္တစ္ေန႔မွာေတာ့ ပင္းတယလိႈင္ဂူ မွာရွိတဲ့ ဗုဒၶဘုရား ၈,ဝဝဝ တည္ထား ကိုးကြယ္မႈကို သြားေရာက္ ေလ့လာခဲ့ၾကၿပီး ျဗိတိသွ်ကိုလိုနီျမိဳ႕ေဟာင္း ျဖစ္ခဲ့တဲ့ ကေလာၿမိဳ႕ကို ခရီးႏွင္ခဲ့ ၾကပါတယ္။ ကေလာၿမိဳ႕ရဲ႕ New Lodge မွာ ေခတၱတည္းခိုၿပီး မီးပံုးပြဲျပဳလုပ္ထားတဲ့ ေနရာမွာ ညေနစာ ကို စားခဲ့ၾကပါတယ္။ ပတ္ဝန္းက်င္က အေတာ္ ေလး ခ်မ္းေအးလာတဲ့အတြက္ေၾကာင့္ပါ။ ေနာက္တစ္ ေန႔မွာေတာ့ ဆင္းရဲတဲ့ေက်ာင္းေလး ေတြမွာ အလွဴပစၥည္းေလးေတြကို သြားေရာက္ လွဴဒါန္းခဲ့ၾကၿပီး ေက်ာင္းသားေလးေတြက ကြၽန္ေတာ္တို႕အဖဲြ႕ဝင္ေတြကို သီခ်င္း သီဆိုမႈနဲ႔ အတူ အကမ်ားပါတဲြဖက္ၿပီး ျပန္လည္ ေဖ်ာ္ေျဖဧည့္ခံခဲ့ၾကပါတယ္။
ကေလာၿမိဳ႕က ျပန္လည္ထြက္ခြာ ၿပီးတဲ့ေနာက္ ဆင္စခန္း ကိုဝင္ေရာက္ ေလ့လာခဲ့ၾကပါတယ္။ အဖဲြ႕ဝင္အမ်ိဳးသမီး ေတြက ဆင္ေတြကို ျမစ္အတြင္းမွာ ေရခ်ိဳးေပးေနတာကို ျမင္ေတြ႕ရေတာ့ အလြန္ေပ်ာ္စရာေကာင္း ပါတယ္။ ဆင္စခန္း ကေန ေျခာက္ေသြ႕တဲ့ ေျမျပန္႕လြင္ျပင္ကို ျဖတ္ၿပီး ေက်ာ္ၾကားတဲ့ပုပၸားေတာင္ကို သြားေရာက္ခဲ့ၾက ပါတယ္။ ဘုန္းေတာ္ႀကီးေက်ာင္း ေတြေပၚကေန ျဖတ္ၿပီး ေနဝင္သြားတာကို ၾကည့္ရတဲ့ ရႈခင္းဟာ လွပတင့္တယ္မႈနဲ႔ ျပည့္စံုေနပါတယ္။ Rolls Royce ကား ကိုေနာက္ဆံုး ကီလိုမီတာ-၃၀ ခရီးေရာက္ဖို႔ အေစာင့္ အၾကပ္ကားနဲ႔ ေမာင္းႏွင္ေစခဲ့ရာမွာ ေနဝင္ၿပီးခ်ိန္မွာ ေရာက္ရွိ လာခဲ့ပါတယ္။
ပုပၸါး ကတစ္ဆင့္ ပံုဂံကို အခ်ိန္တို အတြင္း ေမာင္းႏွင္ ေရာက္ရွိခဲ့ၿပီး ပုဂံရဲ႕ ထင္ေပၚေက်ာ္ၾကားတဲ့ Aureum Hotel မွာတည္းခိုရင္း ထန္းရည္ ေသာက္ခဲ့ၾကပါေသးတယ္။ ဘုရား အဆူေပါင္း ၂,၅ဝဝ ေလာက္ရွိတဲ့ ပုဂံဘုရားေတြကို လွည့္လည္ ေလ့လာၿပီး ႏွစ္ရက္ေလာက္တည္းခိုခဲ့ပါတယ္။ ပုဂံမွာရွိေနစဥ္ အခ်ိန္အတြင္း ရွင္ျပဳပဲြ အခမ္းအနား တစ္ခုမွာ ကေလးငယ္ (၉) ေယာက္ကို အဖဲြ႕ဝင္ေတြက အလွဴေငြ ထည့္ဝင္လွဴဒါန္းၿပီး ရွင္ျပဳေပးခဲ့ၾကပါေသးတယ္။ Bagan မွာရွိေနစဥ္ အခ်ိန္အတြင္း ေထာင္ေပါင္မ်ားစြာေသာ အေရ အေတြက္ ရွိတဲ့ ေစတီပုထိုးေတြကို အေပၚစီးကေန ေတြ႕ျမင္ႏိုင္ဖုိ႔ မီးပံုးပ်ံကို စီးခဲ့ၾကပါတယ္။ မီးပံုးပ်ံစီးရင္း ပုဂံေနဝင္ခ်ိန္ အလွရႈခင္းကို ၾကည့္ရႈရတာ အသက္ရႈ ဖုိ႔ေတာင္ ေမ့ေနသလားထင္ရပါတယ္။ဒါဟာ မေမ့နိုင္တဲ့ အမွတ္တရတစ္ခုပါပဲ။
ေနာက္တစ္ေန႔မွာေတာ့ ျမန္မာႏိုင္ငံရဲ႕ ေက်ာ္ၾကားတဲ့ ဧရာဝတီ ျမစ္ကမ္းေဘး တစ္ေလွ်ာက္ ေမာင္းႏွင္ခဲ့ၿပီး ျမန္မာႏိုင္ငံ ရဲ႕ ၿမိဳ႕ေတာ္အသစ္ျဖစ္တဲ့ ေနျပည္ေတာ္ ကို သြားေရာက္ခဲ့ၾကရာမွာ လမ္းက်ယ္ႀကီးကို ျဖတ္သန္းေမာင္း ႏွင္ခဲ့ၾကပါတယ္။ လမ္းေဘးတစ္ဖက္ တစ္ခ်က္မွာ သစ္ပင္ေတြ အစီအရိီရွိေနၿပီ ေနျပည္ေတာ္ ေရာက္ခ်ိန္မွာ အဖဲြ႕ဝင္ေတြ အတြက္ အေစာင့္အေရွာက္ ယာဥ္တန္းက လိုက္ပါ ေစာင့္ေရွာက္ေပးခဲ့ပါတယ္။ ဆိုင္ကယ္စီးရဲေတြက လႊတ္ေတာ္ အေဆာက္အဦးထဲကို ဝင္ေရာက္ေလ့လာဖို႔ ခြင့္ျပခ်က္ ေပးခဲ့လို႔ ခမ္းနားတဲ့လႊတ္ေတာ္ၾကီးကို ဓါတ္ပံုေတြ ရိုက္ခြင့္ရခဲ့ပါတယ္။ ဒါေၾကာင့္ ဟိုတယ္နဲ႔ခရိးသြားလာေရး ျပည္ေထာင္စုဝန္ႀကီးကို ေက်းဇူးတင္ခဲ့ၾကပါတယ္။
ေနာက္ဆံုးရက္မွာ ေနျပည္ေတာ္နဲ႔ ရန္ကုန္ကို ဆက္သြယ္ထားတဲ့ အျမန္္လမ္းမႀကီး ေပၚကေန (၅) နာရီ ၾကာ ျဖတ္သန္းေမာင္းႏွင္လာခဲ့ခ်ိန္ အတြင္း ကားျပႆနာ တစ္စံု တစ္ရာ မရွိခဲ့ပဲ ျမန္မာႏိုင္ငံရဲ႕ ထင္ရွားေက်ာ္ ၾကားလွတဲ့ ေရႊတိဂံုဘုရား ကို သြားေရာက္ႏိုင္ခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕မွာ အဖဲြ႕ဝင္ေတြက အစိုးရ ဧည့္ရိပ္သာမွာ ေခတၱတည္းခိုခဲ့ပါတယ္။ ေနာက္ဆံုးရက္မွာ Last nights Dinner ညစာစားပဲြ ကို လက္ရွိ ျမန္မာႏိုင္ငံ ရဲ႕ ဟုိတယ္ နဲ႔ ခရီးသြားလာေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး က ဟုိတယ္ရဲ႕ လွပတဲ့ ဥယ်ာဥ္ထဲမွာ တည္ခင္း ဧည့္ခံ ေပးခဲ့ပါတယ္။ ရန္ကုန္က ျပန္လည္ထြက္ခြာမယ့္ ဒီဇင္ဘာလ (၁) ရက္ေန႔မွာ ရဲအေစာင့္အေရွာက္ Convoy ယာဥ္တန္းနဲ႔ အတူ ရန္ကုန္ဆိပ္ကမ္းကို ပစၥည္းတင္ဖို႕ ေရာက္ခဲ့ ပါတယ္။ ယူေဆာင္ေမာင္းႏွင္လာ ခဲ့တဲ့ ေရွးေဟာင္း ကားေတြကို ရန္ကုန္ ဆိပ္ကမ္းကတစ္ဆင့္ သေဘာၤေတြနဲ႔ ျပန္လည္ယူေဆာင္ သြားမွာျဖစ္ပါတယ္။
ခက္ခဲတဲ့ ေမာင္းႏွင္မႈ နဲ႔ လြယ္ကူတဲ့ ေမာင္းႏွင္မႈေတြကို ျဖတ္ေက်ာ္ၿပီး အေရာက္လာခဲ့ၾကရာမွာ လွပတဲ့ သဘာဝ ရႈေမွ်ာ္ခင္းေတြနဲ႔ အံအားသင့္စရာ ယဥ္ေက်းမႈဓေလ့ ထုံးထမ္းေတြကို ေတြ႕ျမင္ရလို႔ စိတ္ၾကည္ႏႈးမႈေတြ ျပည့္ဝခဲ့ သလုိပဲ Local Myanmar Logistic Team ကိုလည္း ေက်းဇူးတင္ေၾကာင္း Spice Road Classic 2016 Car Rally ခရီးစဥ္ရဲ႕ အဖဲြ႕အဝင္ေတြက ေျပာၾကားခဲ့ပါတယ္။
Bruno Leunen