Honda သည် ၁၉၉၉ ကနေ – ၂၀၀၉ ခုနှစ်ထိ ထုပ်လုပ်ခဲ့သည့် S2000 ကို နှစ်(၂၀)ပြည့် အထူးအထိမ်းအမှတ်အနေဖြင့် ဆန်းသစ်စွာဖန်တီးထားကာ လာမည့် Tokyo Auto Salon 2020 တွင် ပြသသွားမည်ဖြစ်သည်။
၁၉၉၉ ခုနှစ်က စတင်ထုတ်လုပ်ခဲ့သည့် Honda S2000 သည် ဒီဇိုင်းပိုင်းအရ အလွန်ဆန်းသစ် ဆွဲဆောင်နိုင်သည့် Sport Car အမျိုးအစားဖြစ်သည့်အလျှောက် လူကြိုက်များခဲ့သည့် မော်ဒယ်ဖြစ်သည်။
Honda ၏ နှစ်(၂၀)ပြည့် S2000 သည် ဒီဇိုင်းပိုင်းတွင် ပိုမိုစွဲဆောင်လာနိုင်မည်ဖြစ်ကာ suspension နည်းပညာသစ်နှင့် အသံပိုင်းဆိုင်ရာနည်းပညာသစ်များ အဆင့်မြင့်တင်ထားသည်။
Honda S2000 ရဲ့ အင်ဂျင်စွမ်းဆောင်ရည်ပိုင်းကိုတော့ တရားဝင်မထုတ်ပြန်သေးပေမယ့် 2.-litre Hybrid အင်ဂျင်နှင့်အတူ double-clutch system Plus 8-10-velocity automated gearbox ကို အသုံးပြုထားနိုင်ကြောင်း ခန့်မှန်းထားသည်။
နှစ်(၂၀)ပြည့် Honda S2000 ကို မိတ်ဆက်ပြသသွားမည့် Tokyo Auto Salon Show 2020 ကို ဂျပန်နိုင်ငံ၊ ချီဘာမြို့တွင် ဇန်နဝါရီ (၁၀)ရက်မှ (၁၂)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Zawgyi Version….
Tribute Concept အဖြစ် Honda S2000 ကို Tokyo Auto Salon တွင် ပြသသွားမည်

Honda ၏ နှစ်(၂၀)ပြည့် S2000 မော်ဒယ်သည် ဒီဇိုင်းပိုင်းတွင် ပိုမိုစွဲဆောင်လာနိုင်မည်ဖြစ်ကာ suspension နည်းပညာသစ်နှင့် အသံပိုင်းဆိုင်ရာနည်းပညာသစ်များ အဆင့်မြင့်တင်ထားသည်။