2022 Model Year အတွက် ထွက်ရှိလာသည့် Maserati ၏ Model ( ၃ ) မျိုးတွင် Trim Level အသစ်များပေါင်းစပ်ထည့်သွင်းမည်ဖြစ်သည်။ Ghibli Model တွင် (3.0 L Twin turbo V6 Engine ) ( 345 hp ) ပါဝင်သည့် GT Trim ပါဝင်မည်ဖြစ်ကာ 18 – inch Alloy ၊ ကားအပြင်ဖက်တွင် Chrome Accent များ ပေါင်းစပ်ထားခြင်း | Leather Comfort Seat ၊ စသည့် Features များပါဝင်မည်။ Ghibli Trofeo Trim တွင်မူ – Carbon – Fiber Exterior Trim Red / Brake Calipers စသည့်တို့ ပါဝင်ပါမည်။ Quattroporte GT Trim တွင်မူ Ghibli GT နှင့် တူညီသည့် အင်ဂျင်စနစ်ပါဝင်ပြီး ကားအတွင်းခန်းအတွက် ( Radica Trim ) ကို ပေါင်းစပ်ထားပါမည်။ Quattroporte Modena တွင်မူ – 20 – inch Wheel ၊ Piano Black Interior Accents ၊ တို့ ပါဝင်ပါမည်။ Quattroporte Trofeo Trim ၏ Features များသည် Ghibli Trofeo နှင့် တူညီပါမည်။ Levente GT SUV သည်လည်း အခြား GT Trims များနှင့် ပါဝင်မှုများတူညီမည်ဖြစ်သည်။ Levente Modena S Model တွင် ( Turbo V8 Engine ) ၊ ( 550 hp ) နှင့် အတူ Black Accent များစွာပါဝင်သည့် Nerrissimo Package ၊ Red Brake Calipers စသည်တို့ပါဝင်မည်။ Levante Trofeo Trim တွင်မူ ( 580 hp V8 Engine ) နှင့်အတူ ( 22 – inch Alloy Wheel ) ၊ ( Carbon – Fiber Exterior Trim ) ကို အဓိကပါဝင်ပါမည်။ Maserati သည် အဆိုပါ Model ( ၃ ) မျိုးအား ယခုနှစ် July မှ စတင်ရောင်းချမည်ဖြစ်သည်။ Maserati သည် တန်ဖိုးဖြင့် ကားများကို ထုတ်လုပ်သည့် နာမည်ကျော် Italian Brand ဖြစ်ပါသည်။