ဗြိတိန်တွင် 2021 အတွက် ရောင်းအားအကောင်းဆုံး Vauxhall Model ဖြစ်သည့် Corsa နှင့် Mokka တို့သည်ယခုအခါ Trim Level အသစ် (၃) မျိုးပါဝင်သည့် New 2022 Models များအနေဖြင့် ထွက်ရှိလာပါသည်။ SE Edition သည် Entry-Level ဖြစ်ကာ 7-inch Touchscreen ကဲ့သို့ Features များပါဝင်ပါမည်။ Mokka Design Trim တွင် Engine အသစ်ဖြစ်သည့် – ( 1.2 L Turbo I3 Engine) ၊ (128 hhp) အင်ဂျင်နှင့်  (8-Speed Auto gear) တို့ပါဝင်မည်ဖြစ်သည်။ Sri Line Trim အစားထိုးဖြစ်သည့် New GS Line Trim သည် Sporty ဆိုင်ရာ ဦးစားပေးသည့် Trim Level ဖြစ်ကာ Update Features များအနေဖြင့် – 12 –inch Touchscreen နှင့် 10-inch Digital Cluster တို့အဓိကပါဝင်မည်။ အဆိုပါ GS Line ၏အပြင်ဖက်ဒီဇိုင်းသည် ပုံမှန် Trim Level များနှင့် အနည်းငယ် ကွဲလွဲမည်ဖြစ်ကာ Star Style 5 Spoke Wheel အား Mokka တွင်တပ်ဆင်ခြင်းနှင့်အတူ Corsa Model တွင် Skit များပေါင်းစပ်ပေးမည်ဖြစ်သည်။

 

Top-Level Trim ဖြစ်သည့် Ultimate Trim တွင် Advance Features များစွာအဓိကပါဝင်မည်ဖြစ်ပြီး ယာဉ်ကြောပြောင်းလဲမှုကို ကူညီထောက်ပံ့ပေးသည့်စနစ်နှင့် ချိတ်ဆက်ထားသည့် Adaptive Cruise Control , Intellilux Adaptive LED Headlights , Rear Parking Camera အပူပေးစနစ် ပါဝင်သည့် Alcantara Seats, Heated Steering စသည်တို့ အဓိကပါဝင်ပါမည်။ 2022 Vauxhall Corsa နှင့် Mokka တို့တွင် Pure-EV Version များရှိပြီး ၎င်းတို့တွင် (222 Miles) အထိအသုံးပြုနိုင်သည့် EV Powertrain နှင့်အတူ အဆင့်မြှင့်တင်ထားသည့် ( Toggle-Shift Drive Selector) ကဲ့သို့ Function များပါဝင်ပါမည်။

#DriveMediaMyanmar