Zawgyi Version…
UK အေျခစိုက္ေမာ္ေတာ္ဆုိင္ကယ္ ကုမၸဏီျဖစ္သည့္ Triumph သည္ အသစ္ထုတ္လုပ္မည့္ Rocket 3 TFC ဆိုင္ကယ္တြင္ စံခ်ိန္တင္ အႀကီးမားဆုံး အင္ဂ်င္ပါဝါကို တပ္ဆင္ကာ ထုတ္လုပ္သြားမည္ဟု သိရသည္။
Triumph သည္ Rocket 3 TFC ၏ အေလးခ်ိန္ကို မေဖာ္ျပခဲ့ေပမယ့္ ဆိုင္ကယ္တစ္စီးအတြက္ အႀကီးမားဆံုးျဖစ္သည့္ 2.5-liter inline-three အင္ဂ်င္ကို တပ္ဆင္သြားမည္ျဖစ္ကာ ႐ုန္းအား 163 lb-ft ထိ ထုတ္လုပ္ေပးႏုိင္မည္။ ထုိပမာဏမွာ Sport Sedan တစ္စီး၏ Performance ႏွင့္တူညီေနေၾကာင္း သိရျပီး 0 to 60mph ကုိ 6.6 sec ထဲႏွင့္အေရာက္သြားႏိုင္မည္ဟု သိရသည္။
အဆင့္ျမင့္ နည္းပညာသံုး ဆိုင္ကယ္ျဖစ္သည္ႏွင့္အညီ Rocket 3 TFC သည္ riding modes မ်ားပါဝင္လာမည္ ျဖစ္ၿပီး anti-lock brakes၊ plus Brembo Stylemas brakes နည္းပညာမ်ား ပံ့ပိုးေပးထားသည္။ Electronic နည္းပညာပိုင္းတြင္ ခ်ိတ္ဆက္မႈျမန္ဆန္သည့္ Digital Dash၊ Go Pro ခ်ိတ္ဆက္ႏုိင္မႈ၊ ေသာ့မဲ့စက္ႏုိး ႏုိင္မႈ၊ LED ေရွ႕မီး၊ အရိွန္ႏႈန္းထိန္းခ်ဳပ္ႏုိင္မႈ(cruise control)ႏွင့္ အားသြင္းႏုိင္သည့္ USB Port တုိ႔ပါဝင္သည္။
Triumph သည္ အင္ဂ်င္ပါဝါ အႀကီးစားတပ္ဆင္ထားသည့္ Rocket 3 မ်ိဳးဆက္ကို ၂၀၀၄ ခုႏွစ္က စတင္ထုတ္လုပ္ခဲ့ျခင္းျဖစ္ၿပီး Rocket 3 TFC ကို အင္ဂ်င္ပါဝါအၾကီးဆံုးဆုိင္ကယ္အျဖစ္ $ 29,000 လာမယ့္ီဇင္ဘာမွစျပီး ဝယ္ယူႏုိင္မည္ျဖစ္သည္။




Unicode Version…
2.5-liter အင်ဂျင်သုံး စံချိန်တင်ပါဝါအကြီးမားဆုံးဆိုင်ကယ် Triumph Rocket 3 TFC
UK အခြေစိုက်မော်တော်ဆိုင်ကယ် ကုမ္ပဏီဖြစ်သည့် Triumph သည် အသစ်ထုတ်လုပ်မည့် Rocket 3 TFC ဆိုင်ကယ်တွင် စံချိန်တင် အကြီးမားဆုံး အင်ဂျင်ပါဝါကို တပ်ဆင်ကာ ထုတ်လုပ်သွားမည်ဟု သိရသည်။
Triumph သည် Rocket 3 TFC ၏ အလေးချိန်ကို မဖော်ပြခဲ့ပေမယ့် ဆိုင်ကယ်တစ်စီးအတွက် အကြီးမားဆုံးဖြစ်သည့် 2.5-liter inline-three အင်ဂျင်ကို တပ်ဆင်သွားမည်ဖြစ်ကာ ရုန်းအား 163 lb-ft ထိ ထုတ်လုပ်ပေးနိုင်မည်။ ထိုပမာဏမှာ Sport Sedan တစ်စီး၏ Performance နှင့်တူညီနေကြောင်း သိရပြီး 0 to 60mph ကို 6.6 sec ထဲနှင့်အရောက်သွားနိုင်မည်ဟု သိရသည်။
အဆင့်မြင့် နည်းပညာသုံး ဆိုင်ကယ်ဖြစ်သည်နှင့်အညီ Rocket 3 TFC သည် riding modes များပါဝင်လာမည် ဖြစ်ပြီး anti-lock brakes၊ plus Brembo Stylemas brakes နည်းပညာများ ပံ့ပိုးပေးထားသည်။ Electronic နည်းပညာပိုင်းတွင် ချိတ်ဆက်မှုမြန်ဆန်သည့် Digital Dash၊ Go Pro ချိတ်ဆက်နိုင်မှု၊ သော့မဲ့စက်နိုး နိုင်မှု၊ LED ရှေ့မီး၊ အရှိန်နှုန်းထိန်းချုပ်နိုင်မှု(cruise control)နှင့် အားသွင်းနိုင်သည့် USB Port တို့ပါဝင်သည်။
Triumph သည် အင်ဂျင်ပါဝါ အကြီးစားတပ်ဆင်ထားသည့် Rocket 3 မျိုးဆက်ကို ၂၀၀၄ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Rocket 3 TFC ကို အင်ဂျင်ပါဝါအကြီးဆုံးဆိုင်ကယ်အဖြစ် $ 29,000 လာမယ့်ီဇင်ဘာမှစပြီး ဝယ်ယူနိုင်မည်ဖြစ်သည်။