Twisted Automotive သည် ဗြိတိန်အခြေစိုက် Land Rover Defender – making Company ဖြစ်ပြီး ယခုအခါ U.S.A သို့ ဝင်ရောက်လာပါသည်။ Twisted သည် ၎င်း၏ Defender Model များအား Yorkshire ဒေသတွင် ထုတ်လုပ်ပြီး ကမ္ဘာအနှံ့သို့ တင်ပို့ပါသည်။ U.S.A တွင် ရောင်းချမည့် Defender Model များတွင်( 90 Soft – Top ) ၊ ( 90 Station Wagon ) ၊ ( 110 Double Cab ) ၊ ( 130 Pickup ) တို့ပါဝင်ပြီး EV Model ကိုလည်း မကြာခင် ရောင်းချမည် ဖြစ်သည်။ အဆိုပါ ( ပုံမှန် ) Model များတွင် American V8 Engine များကို တပ်ဆင်မည်ဖြစ်ကာ GM ၏ LT 1 နှင့် LT 4 V8 Engine များဖြစ်သည့် NA – V8 Lineup များ တပ်ဆင်ထားပါသည်။ LT 1 Engine တွင် ( 5 – Speed Manual ) (သို့) ( 8 – Speed Auto ) Gear များရရှိနိုင်ကာ LT2 တွင် Autogear တမျိုးသာ ရရှိနိုင်မည်။ Engine များ၏ Output များကိုလည်း အဆင့်မြှင့်တင်ထားမည်ဖြစ်သည်။ Twisted ၏ NA-V8 Defender များတွင် ခရီးဝေးသွားလာရန် အထူးအဆင်ပြေမည့် Off-Road Suspension Setup ၊ ကြီးမားသည့် Performance Brakes များ ၊ Dual-mode Exhaust ၊ အဆင့်မြှင့် တင်ထားသည့် Differential စနစ်များ စသည်တို့ကို ပါဝင်မည်ဖြစ်ကာ ကားအတွင်းခန်းတွင်လည်း ခေတ်မှီနည်းပညာသုံး ပါဝင်မှုများစွာ ပါရှိမည်။ Twisted သည် အဆိုပါ Defender များအား U.S.A မှ Buyer များစမ်းသပ်မောင်းနှင်မှုကို July တွင် စတင်စီစဉ်ထားပါသည်။ ကားများ၏ အစိတ်အပိုင်းများကို England တွင် ထုတ်လုပ် တပ်ဆင်ပါသည်။ ကား၏ဈေးနှုန်းသည် ( ဒေါ်လာနှစ်သိန်းငါးသောင်း) မှစတင်မည်ဖြစ်ကာ အစင်းရေ (၂၀၀)ခန့်အား ( 2020 – 2025 ) အတွင်းထုတ်လုပ်ပါမည်။