Boldly Style ပုံစံရှိသည့် 2023 KIA Niro Crossover ၏ Global Version Model ကို KIA သည် 2021 တွင်မိတ်ဆက်ခဲ့ပါသည်။ ၎င်းအား U.S Version အနေဖြင့် April 13 တွင်ကျင်းပခဲ့သည့် New York ကားပြပွဲတွင် မိတ်ဆက် ပြသခဲ့ပြီးဖြစ်ပါသည်။ U.S Spec Niro နှင့် Global Spec Niro တို့သည်ကွဲလွဲမှု အနည်းငယ် ရှိနိုင်ပြီး New Niro သည် Haba Niro Concept Model ကို မှီငြမ်းဖန်တီးခြင်းဖြစ်ကာ ရှည်လျားသည့် Tailgate နှင့် Rear Pillar တို့သည် Concept ထံမှရယူထားခြင်း ဖြစ်သည်။ အရှေ့ဖက်ဒီဇိုင်းနှင့် Headlamp Design တို့သည် တမူထူးခြားသည့် ဒီဇိုင်းပုံစံများဖြစ်ပါသည်။ New Niro တွင် – Hybrid , PHEV , Battery-Electric ဟူ၍ Powertrain ( ၃ ) မျိုးပါဝင်ပါသည်။ Niro Hybrid Sport တွင် –   ( 1.6 L Engine ) နှင့်လျှပ်စစ်မော်တာ တွဲဖက်ထားကာ Niro PHEV တွင် ( 1.6 L Engine) နှင့်အတူ (62-kW Electric Motor ) တို့တွဲဖက်ထားပါသည်။

 

Niro EV Model တွင် ( Total Output-201 hp ) Powertrain ပါဝင်ပြီး လျှပ်စစ်သီးသန့် ဖြင့် (463 km) အထိအသုံးပြုနိုင်ပါသည်။ လှပသပ်ရပ်စွာ ခင်းကျင်းထားသည့် အတွင်းခန်းတွင် (Side-by-Side Touchscreen Design) အပါအဝင် ခေတ်မှီဆန်းသစ်သည့် Features များစွာ ပါဝင်မည်ဖြစ်သည်။ New Niro Model များတွင် (6-Speed Dual Clutch Automatic Gearbox) နှင့်ပါဝင်မည်ဖြစ်ပြီး Performance အနေဖြင့် – 0 to 62 MPH အား (7.8 Seconds) ဖြင့်အမြန်ဆုံး ရောက်ရှိနိုင်ပါသည်။ Battery အနေဖြင့် (64.8 kWh Lithium-ion polymer Battery Pack) ပါဝင်မည်ဖြစ်သည်။ 2023 KIA Niro အား U.S.A ဈေးကွက်သို့ ယခုနှစ်အကုန်ခန့်တွင် တင်ပို့ရောင်းချမည် ဖြစ်သည်။

#DriveMediaMyanmar