BMW သည် 330 e PHEV 3 Series Model အား ဥရောပ၌ 2019 တွင် စတင်မိတ်ဆက်ခဲ့ ပါသည်။ ယခုနှစ်တွင် U.S.A အတွက် 3 Series PHEV အား U.S – Spec ဖြင့် တင်ပို့ထားပြီး 2021 BMW 330 e အဖြင့် ရောင်းချပါသည်။ ၎င်း၏ Powertrain သည် ဥရောပဈေးကွက်ရှိ Model နှင့် တူညီသော်လည်း အခေါ်အဝေါ်ကွဲလွဲပါသည်။ ( 2.0 L I 4 Engine ) ၊ Turbocharged ( 288 hp ) အင်ဂျင်ကို တပ်ဆင်ထားပြီး Standard 330 i ၏ ( 2.0 L Engine ) သည် ( 255 hp ) သာရှိပါမည်။ 330 e တွင် All – Season Tire ကို တပ်ဆင်ထားပြီး Top Speed သည် 130 mph ဖြစ်ပါသည်။ BMW သည် 330 e Version အား ယခင်မျိုးဆက် 3 – Series များတွင်လည်း ရရှိနိုင်ရန်စီစဉ် ထားပါသည်။ မျိုုးဆက်သစ် 3 – Series ၏ PHEV Model များတွင် နောက်ဘီးယက် Model သည် EV ဖြင့် ၂၂ မိုင်သီးသန့်၎င်း ၊ X Driver Model သည် EV ဖြင့် မိုင် ၂၀ သီးသန့်၎င်း ၊ အသုံးပြုနိုင်ပါသည်။ 2021 330 e တွင် ( 9.09 – kWh Battery Pack ) ကို ကားနောက်ခုံအောက်တွင် ထည့်သွင်း ထားမည်ဖြစ်ပြီး ( 87 mph Speed ) အထိ မြန်သည့် EV Mode ဖြင့် အသုံးပြုနိုင်ပါမည်။ BMW သည် 330 e အား U.S ဈေးကွက်သို့ May တွင် ဖြန်ချီရန် စီစဉ်ထားပါသည်။
Zawgyi Version…..
U.S.A တွင် မိတ်ဆက်လိုက်သည့် 2021 BMW 330 e PHEV သည် လျှပ်စစ်ဖြင့် ၂၂ မိုင် အထိ အသုံးပြုနိုင်