Uber Elevate ရဲ့ air taxi ဝန်ဆောင်မှုအတွက်ထုတ်လုပ်ပေးသွားမယ့် Personal Aerial Vehicle (PAV) ယာဉ် S-A1 ကို CES 2020 ပွဲမှာ Hyundai က မိတ်ဆက်ပြသလိုက်ပါပြီ။
ခရီးသည်တင်ကားတွေကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ထုတ်လုပ်ရောင်းချမှုအတွေ့အကြုံ ရှိထားတဲ့ Hyundai ဟာ Uber ရဲ့ ပထမဆုံးသော vehicle partner ဖြစ်လာခဲ့ပြီး အရည်အေသွေးမြင့်၊ လုံခြုံစိတ်ချရမှုအပြည့်ရှိတဲ့ယာဉ်တွေကို ထုတ်လုပ်ပေးနိုင်မယ်လို့ Uber ဘက်က ယုံကြည်ထားပါတယ်။
Uber Elevate ရဲ့အကြီးအကဲဖြစ်သူ Eric Allison ကလည်း Hyundai ရဲ့ ထုတ်လုပ်ရေးပိုင်းနဲ့ Uber ရဲ့နည်းပညာ platform တို့ရဲ့ပေါင်းစည်းမှုဟာ လာမယ့်နှစ်တွေအတွင်း air taxi ဝန်ဆောင်မှုအကောင်အထည်ပေါ်လာနိုင်ရေးအတွက် ကြီးမားတဲ့ခြေလှမ်းအစဖြစ်တယ်လိ ပြောဆိုထားပါတယ်။
S-A1 ဟာ လျှပ်စစ်စွမ်းအင်သုံးယာဉ်အမျိုးအစားဖြစ်ပြီး ထောင်(ဒေါင်)လိုက် အနေအထားနဲ့ အတက် အဆင်း ပြုလုပ်နိုင်စွမ်းရှိပါတယ်။ မြေပြင်ရဲ့အထက် ပေ (၁၀၀၀) ကနေ (၂၀၀၀) ကြားအမြင့်မှာ တစ်နာရီကို မိုင် (၁၈၀) နှုန်းနဲ့မောင်းနှင်နိုင်ပြီး မိုင် (၆၀) ဝန်းကျင် အကွာအဝေးရှိတဲ့ ခရီးလမ်းကြောင်းတွေအတွက် ဒီဇိုင်းထုတ်ဖန်တီးထားတာပါ။
အတွင်းခန်းက လူ (၄) ဦးထိစီးနင်းနိုင်တဲ့အကျယ်အဝန်းရှိနေပြီး တစ်ကိုယ်ရည်သုံးပစ္စည်း ထည့်သယ်ဖို့အတွက်လည်း နေရာအလုံအလောက်ပါရှိတဲ့အတွက် အလယ်ခုံတောင်မလိုအပ်ပါဘူး။
CES 2020 မှာ မိတ်ဆက်ပြသခဲ့တာက scale model သာဖြစ်aeတာကြောင့် S-A1 ရဲ့တကယ့်အရွယ်အစားက ဘယ်လောက်ကြီးမားနိုင်မလဲဆိုတာကိုတော့ မှန်းဆရခက်ပါတယ်။
Uber က သူတို့ရဲ့ air taxi ဝန်ဆောင်မှုအကြောင်းကို အခု ၂၀၂၀ ခုနှစ်ထဲမှာ ထုတ်ဖော်ကြေညာထားပြီဖြစ်တဲ့အတွက် ၂၀၂၃ ခုနှစ်လောက်မှာ တရားဝင် စတင်ဝန်ဆောင်မှုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
Zawgyi Version…..
Uber အတြက္ Air Taxi ေတြထုတ္လုပ္ေပးသြားမယ့္ Hyundai
Uber Elevate ရဲ႕ air taxi ဝန္ေဆာင္မႈအတြက္ထုတ္လုပ္ေပးသြားမယ့္ Personal Aerial Vehicle (PAV) ယာဥ္ S-A1 ကို CES 2020 ပြဲမွာ Hyundai က မိတ္ဆက္ျပသလိုက္ပါၿပီ။
ခရီးသည္တင္ကားေတြကို တစ္ကမာၻလုံးအတိုင္းအတာနဲ႔ ထုတ္လုပ္ေရာင္းခ်မႈအေတြ႕အႀကဳံ ရွိထားတဲ့ Hyundai ဟာ Uber ရဲ႕ ပထမဆုံးေသာ vehicle partner ျဖစ္လာခဲ့ၿပီး အရည္ေအေသြးျမင့္၊ လုံၿခဳံစိတ္ခ်ရမႈအျပည့္ရွိတဲ့ယာဥ္ေတြကို ထုတ္လုပ္ေပးႏိုင္မယ္လို႔ Uber ဘက္က ယုံၾကည္ထားပါတယ္။
Uber Elevate ရဲ႕အႀကီးအကဲျဖစ္သူ Eric Allison ကလည္း Hyundai ရဲ႕ ထုတ္လုပ္ေရးပိုင္းနဲ႔ Uber ရဲ႕နည္းပညာ platform တို႔ရဲ႕ေပါင္းစည္းမႈဟာ လာမယ့္ႏွစ္ေတြအတြင္း air taxi ဝန္ေဆာင္မႈအေကာင္အထည္ေပၚလာႏိုင္ေရးအတြက္ ႀကီးမားတဲ့ေျခလွမ္းအစျဖစ္တယ္လိ ေျပာဆိုထားပါတယ္။
S-A1 ဟာ လွ်ပ္စစ္စြမ္းအင္သုံးယာဥ္အမ်ိဳးအစားျဖစ္ၿပီး ေထာင္(ေဒါင္)လိုက္ အေနအထားနဲ႔ အတက္ အဆင္း ျပဳလုပ္ႏိုင္စြမ္းရွိပါတယ္။ ေျမျပင္ရဲ႕အထက္ ေပ (၁၀၀၀) ကေန (၂၀၀၀) ၾကားအျမင့္မွာ တစ္နာရီကို မိုင္ (၁၈၀) ႏႈန္းနဲ႔ေမာင္းႏွင္ႏိုင္ၿပီး မိုင္ (၆၀) ဝန္းက်င္ အကြာအေဝးရွိတဲ့ ခရီးလမ္းေၾကာင္းေတြအတြက္ ဒီဇိုင္းထုတ္ဖန္တီးထားတာပါ။
အတြင္းခန္းက လူ (၄) ဦးထိစီးနင္းႏိုင္တဲ့အက်ယ္အဝန္းရွိေနၿပီး တစ္ကိုယ္ရည္သုံးပစၥည္း ထည့္သယ္ဖို႔အတြက္လည္း ေနရာအလုံအေလာက္ပါရွိတဲ့အတြက္ အလယ္ခုံေတာင္မလိုအပ္ပါဘူး။
CES 2020 မွာ မိတ္ဆက္ျပသခဲ့တာက scale model သာျဖစ္aeတာေၾကာင့္ S-A1 ရဲ႕တကယ့္အ႐ြယ္အစားက ဘယ္ေလာက္ႀကီးမားႏိုင္မလဲဆိုတာကိုေတာ့ မွန္းဆရခက္ပါတယ္။
Uber က သူတို႔ရဲ႕ air taxi ဝန္ေဆာင္မႈအေၾကာင္းကို အခု ၂၀၂၀ ခုႏွစ္ထဲမွာ ထုတ္ေဖာ္ေၾကညာထားၿပီျဖစ္တဲ့အတြက္ ၂၀၂၃ ခုႏွစ္ေလာက္မွာ တရားဝင္ စတင္ဝန္ေဆာင္မႈေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။