Renault သည် U.K တွင်ရောင်းချမည့် 2022 Megane E – Tech ၏ဈေးနှုန်းများကိုကြေငြာလိုက်ပါသည်။ Family Hatchback နှင့် Sporting Crossover တို့ပေါင်းစပ်ထားသည့် Style နှင့်အတူ Pure EV Powertrain ပါဝင်သည့် 2022 Renault Megane E – Tech တွင် Trim Level ( ၃ ) မျိုးပါဝင်မည်ဖြစ်ပြီး ( စတာလင်ပေါင်း ၃၅၉၉၅ ) မှစတင်ရောင်းချပါမည်။ Equiliber ၊ Techno ၊ Launch Edition ၊ ဟူ၍ Trim Level ( ၃ ) မျိုးပါဝင်သည့် Megane E – Tech တွင် ( 60 kWh EV Powertrain ) ပါဝင်ပါမည်။ 2022 Rear Parking Camera ၊ 12.3 inch Digital Instrument Panel ၊ 9.0  – inch Infotainment System ၊ Adaptive LED Headlights ၊ 3D Parking Camera System ၊ Harman Kardon Stereo ၊ Recycle Fabric ၊ Customizable Driving Model ၊ Automatic Wipers ၊ Wireless Smartphone Charger ၊ စသည့် Features များစွာလည်းပါဝင်ပါမည်။

 

Megane E – Tech သည် Renault မှပထမဆုံးဖန်တီးသည့် – Generation 2.0 EV Model ဖြစ်ပြီး Renault – Nissan Alliance မှထုတ်လုပ်ထားသည့် – CMF – EV Platform တွင်အခြေခံကာဖန်တီးသည့် Model ဖြစ်သည်။ ၎င်းတွင်ပါဝင်သည့် – ( 60 kWh Battery ) သည်လျှပ်စစ်သီးသန့်ဖြင့် မိုင် ၂၈၀ ၊ အသုံးပြုနိုင်ပြီး မိနစ် ( ၃၀ ) ခန့်အားသွင်းရုံးဖြင့် 80 % of charging ပြည့်နိုင်သည့် Rapid Charging System လည်းပါဝင်ပါသည်။ Megane E – Tech သည်ရှေ့ဘီးယက်စနစ်ဖြစ်ပါသည်။ Renault Megane E – Tech တွင် Retro – Inspired Logo ကိုတပ်ဆင်ထားမည့်အပြင် Advanced Driver Assistance System ၊ Semi – Autonomous Cruise Control ၊ Lane Keeping Assist ၊ စသည့် Safety System များစွာလည်းပါဝင်ပါသည်။

#DriveMediaMyanmar