ဗြိတိန်သယ်ယူပို့ဆောင်ရေးဝန်ကြီး Grant Shapps ရဲ့ပြောစကားအရ United Kingdom အနေနဲ့ လာမယ့် ၁၂ နှစ်အတွင်းမှာ ရုပ်ကြွင်းလောင်စာသုံးစွဲမှုကိုစွန့်ပယ်လိုက်ဖို့ တကယ်ပဲအသင့်ဖြစ်နေပြီလား ဆိုတာ စိတ်ဝင်စားစရာကောင်းလာပါပြီ။
ရုပ်ကြွင်းလောင်စာသုံးကားထုတ်လုပ်ရောင်းချမှုကို ၂၀၃၅ အရောက်မှာ အပြီးသတ်ပိတ်ပင်သွားနိုင်ဖို့ UK ကရည်မှန်းထားပြီး ဒီရည်မှန်းချက်အတွက် ၂၀၃၂ လောက်ကစလို့ အရှိန်အဟုန်ပိုမြှင့်ပြီးဆောင်ရွက်သွားမယ်လို့ Grant Shapps က ပြောခဲ့တာဖြစ်ပါတယ်။ ဒီပိတ်ပင်မှုကို ၂၀၄၀ မှာအကောင်အထည်ဖော်မယ်လို့ ကနဦးသတ်မှတ်ထားခဲ့ပေမဲ့ စတင်မယ့်ကာလကို ၂၀၃၅ လို့ပြန်ပြင်ဆင်သတ်မှတ်လိုက်ပြီး တရားဝင်ကြေညာချက်လညိးထုတ်ပြန်လိုက်ပါတယ်။
၂၀၃၅ အပြင် တခြားဘယ်ကာလကို Final Date အဖြစ်သတ်မှတ်နိုင်လို့ရမလဲ ဆိုတာ ထပ်ပြီးညှိနှိုင်းဆွေးနွေးခဲ့ကြသေးပေမဲ့ အပြောင်းအလဲတော့ရှိမလာခဲ့ပါဘူး။ တကယ်တော့ ၁၅ နှစ်ဆိုတဲ့အချိန်ကာလဟာ UK ကားဈေးကွက်တစ်ခုလုံးကို ထူးထူးခြားခြားပြောင်းလဲသွားစေဖို့အတွက် တိုတောင်းလွန်းတဲ့အချိန်ပမာဏလို့ ဆိုနိုင်ပါတယ်။
လျှပ်စစ်စွမ်းအင်နဲ့ Fuel Cell စွမ်းအင်သုံးကားတွေကို ကမ္ဘာ့နေရာဒေသတိုင်းလိုလိုမှာ (Norway မှလွဲ၍) ပေါပေါများများဝယ်ယူအသုံးပြုမရနိုင်သေးတာကြောင့် ပြောင်းလဲမှုအစပျိုးကာလ ၃ နှစ်တာအတွင်းရလဒ်ကတော့ အားရစရာဖြစ်မလာသေးပါဘူး။
နာမည်ကြီးကားထုတ်လုပ်ရေးကုမ္ပဏီတိုင်းလိုလိုက Zero Emission Vehicle တွေကို ဦးစားပေးထုတ်လုပ်ပြီးမိတ်ဆက်လာကြတဲ့အလျောက် လျှပ်စစ်ကားတွေက လက်ရှိဆယ်စုနှစ်ရဲ့ကမ္ဘာ့ကားဈေးကွက်ထဲမှာ တဖြည်းဖြည်း ပိုလို့နေရာယူလာနေလာပါပြီ။ UK ကရည်မှန်းထားတဲ့ပြောင်းလဲမှုအတွက်တော့ ဒီအခြေအနေက အရေးပါလှပါတယ်။
ရုပ်ကြွင်းလောင်စာသုံးကားတွေထုတ်လုပ်ရောင်းချမှုကိုပိတ်ပင်မယ့် UK ရဲ့ အစီအစဉ်အပေါ် စောဒကတက်စရာဖြစ်နေတာတစ်ခုက ထုတ်လုပ်ရောင်းချမှုပိတ်ပင်မယ့်အထဲမှာ Hybrid ကားတွေလည်း ပါနေတဲ့အချက်ပါပဲ။ Used cars ဈေးကွက်ကတော့ UK ရဲ့ ပြောင်းလဲမှုအစီအစဉ်မှာအကျုံးမဝင်တဲ့အတွက် ဆက်ရှိနေဦးမှာပါ။ ဒါကြောင့် ဝယ်သူတွေက Internal Combustion Engine ပါတဲ့ကားတွေကိုဝယ်ယူလို့ရနေဦးမှာဖြစ်ပေမဲ့ ကားအသစ်ရောင်းချသူတွေအနေနဲ့ကတော့ Tailpipe ပါတဲ့ကားမှန်သမျှကို လက်ရှောင်ရတော့မှာဖြစ်ပါတယ်။
(Zawgyi)
ၿဗိတိန္သယ္ယူပို႔ေဆာင္ေရးဝန္ႀကီး Grant Shapps ရဲ႕ေျပာစကားအရ United Kingdom အေနနဲ႔ လာမယ့္ ၁၂ ႏွစ္အတြင္းမွာ ႐ုပ္ႂကြင္းေလာင္စာသုံးစြဲမႈကိုစြန႔္ပယ္လိုက္ဖို႔ တကယ္ပဲအသင့္ျဖစ္ေနၿပီလား ဆိုတာ စိတ္ဝင္စားစရာေကာင္းလာပါျပီ။
႐ုပ္ႂကြင္းေလာင္စာသုံးကားထုတ္လုပ္ေရာင္းခ်မႈကို ၂၀၃၅ အေရာက္မွာ အၿပီးသတ္ပိတ္ပင္သြားႏိုင္ဖို႔ UK ကရည္မွန္းထားၿပီး ဒီရည္မွန္းခ်က္အတြက္ ၂၀၃၂ ေလာက္ကစလို႔ အရွိန္အဟုန္ပိုျမႇင့္ၿပီးေဆာင္႐ြက္သြားမယ္လို႔ Grant Shapps က ေျပာခဲ့တာျဖစ္ပါတယ္။ ဒီပိတ္ပင္မႈကို ၂၀၄၀ မွာအေကာင္အထည္ေဖာ္မယ္လို႔ ကနဦးသတ္မွတ္ထားခဲ့ေပမဲ့ စတင္မယ့္ကာလကို ၂၀၃၅ လို႔ျပန္ျပင္ဆင္သတ္မွတ္လိုက္ၿပီး တရားဝင္ေၾကညာခ်က္လညိးထုတ္ျပန္လိုက္ပါတယ္။
၂၀၃၅ အျပင္ တျခားဘယ္ကာလကို Final Date အျဖစ္သတ္မွတ္ႏိုင္လို့ရမလဲ ဆိုတာ ထပ္ၿပီးညႇိႏႈိင္းေဆြးေႏြးခဲ့ၾကေသးေပမဲ့ အေျပာင္းအလဲေတာ့ရွိမလာခဲ့ပါဘူး။ တကယ္ေတာ့ ၁၅ ႏွစ္ဆိုတဲ့အခ်ိန္ကာလဟာ UK ကားေဈးကြက္တစ္ခုလုံးကို ထူးထူးျခားျခားေျပာင္းလဲသြားေစဖို႔အတြက္ တိုေတာင္းလြန္းတဲ့အခ်ိန္ပမာဏလို႔ ဆိုႏိုင္ပါတယ္။
လွ်ပ္စစ္စြမ္းအင္နဲ႔ Fuel Cell စြမ္းအင္သုံးကားေတြကို ကမာၻ႔ေနရာေဒသတိုင္းလိုလိုမွာ (Norway မွလြဲ၍) ေပါေပါမ်ားမ်ားဝယ္ယူအသုံးျပဳမရႏိုင္ေသးတာေၾကာင့္ ေျပာင္းလဲမွုအစပ်ိဳးကာလ ၃ ႏွစ္တာအတြင္းရလဒ္ကေတာ့ အားရစရာျဖစ္မလာေသးပါဘူး။
နာမည္ႀကီးကားထုတ္လုပ္ေရးကုမၸဏီတိုင္းလိုလိုက Zero Emission Vehicle ေတြကို ဦးစားေပးထုတ္လုပ္ျပီးမိတ္ဆက္လာၾကတဲ့အေလ်ာက္ လွ်ပ္စစ္ကားေတြက လက္ရွိဆယ္စုႏွစ္ရဲ႕ကမၻာ့ကားေဈးကြက္ထဲမွာ တျဖည္းျဖည္း ပိုလို႔ေနရာယူလာေနလာပါၿပီ။ UK ကရည္မွန္းထားတဲ့ေျပာင္းလဲမႈအတြက္ေတာ့ ဒီအေျခအေနက အေရးပါလွပါတယ္။
႐ုပ္ႂကြင္းေလာင္စာသုံးကားေတြထုတ္လုပ္ေရာင္းခ်မႈကိုပိတ္ပင္မယ့္ UK ရဲ႕ အစီအစဥ္အေပၚ ေစာဒကတက္စရာျဖစ္ေနတာတစ္ခုက ထုတ္လုပ္ေရာင္းခ်မႈပိတ္ပင္မယ့္အထဲမွာ Hybrid ကားေတြလည္း ပါေနတဲ့အခ်က္ပါပဲ။ Used cars ေဈးကြက္ကေတာ့ UK ရဲ့ ေျပာင္းလဲမွုအစီအစဥ္မွာအက်ဳံးမဝင္တဲ့အတြက္ ဆက္ရွိေနဦးမွာပါ။ ဒါေၾကာင့္ ဝယ္သူေတြက Internal Combustion Engine ပါတဲ့ကားေတြကိုဝယ္ယူလို့ရေနဦးမွာျဖစ္ေပမဲ့ ကားအသစ္ေရာင္းခ်သူေတြအေနနဲ့ကေတာ့ Tailpipe ပါတဲ့ကားမွန္သမ်ွကို လက္ေရွာင္ရေတာ့မွာျဖစ္ပါတယ္။